အပိုင်း ၁၀၇ (စုံစမ်းမေးမြန်းခြင်း)

2.9K 421 7
                                    

ရှောင်ချောင်းက အနောက်အရပ်ကနေ လာနေတဲ့ ခဲသားရောင် တိမ်တိုက်တွေကို မော့ကြည့်လိုက်တယ်။ ဒေါသကိုမြိုသိပ်ရင်း မျက်မှောင်ကျုံ့ကာ အံ့ဖွယ်ကျောက်တုံးကို ခပ်တိုးတိုး ဆိုလိုက်တယ်။

"ဒါဆို လေးငါးနာရီပေါ့! ကောက်ညှင်းဖက်ထုပ်လေး မင်းငါ့ကို ထပ်ကူညီချင်သေးလား? ငါတို့ လက်စားချေလိုက်ကြစို့!"

နေဝင်ချိန်မှာတော့ နက်မှောင်ထူထဲနေတဲ့ တိမ်စိုင်တွေက အနောက်အရပ်က နီမြန်းမြန်း ကောင်းကင်ကို ပုန်းကွယ်ပြီး မိုးပေါ်ကနေ ညွတ်ကျနေသည့်အလား။ ကောင်းကင်ကြီးက အောက်ကို ပြိုကျလုမတက် လေးလံနေပုံပင်။ ဖိနှိပ်ခံထားရတဲ့ကောင်းကင်ဘုံကြီးက ကြီးမားတဲ့ ဝန်စည်စလည်တွေကို သယ်ပိုးရပုံနဲ့တောင် တူနေလေတယ်။ လမ်းကိုဖြတ်ပြီး တိုက်နေတဲ့ လေစိမ်းတွေကလည်း သစ်ရွက်ကြွေတွေကို မြေကနေ မိုးပေါ်ကို မ တင်ပေးနေကြတယ်။

လမ်းတစ်ဖက်တစ်ချက်မှာရှိတဲ့ ဆိုင်တွေက ပိတ်ဖို့ပြင်နေကြလေပြီ။ လမ်းသွားလမ်းလာတွေကလည်း အေးစက်နေတဲ့ လေပြင်းကို အံတုကာ မုန်တိုင်းမလာခင်အိမ်ကို ရောက်အောင် ခပ်သုတ်သုတ် လျှောက်နေကြလေတယ်။

ကျန်းကျီ လက်သမားဆိုင် အပြင်မှာတော့ လာရောက်စူးစမ်းတဲ့သူတွေကို အပြည့်ပင်။ လူအုပ်ကြီးအလယ် မြည်းလှည်းတစ်ခုရဲ့ အပေါ်မှာတော့ မျက်နှာမှာ သွေးမရှိသလို ဖြူစုပ်နေတဲ့ ကောင်လေးက အသက်မဲ့နေသလို လဲလျောင်းနေပြီး လှည်းရဲ့ ဘေးမှာရှိတဲ့ ကောင်လေးရဲ့မိသားစုကတော့ ဆိုင်ရှေ့မှာ ရပ်နေတဲ့ ဆိုင်ရှင်ကို ဝမ်းနည်းနာကြည်းတဲ့ အကြည့်တွေနဲ့ ကြည့်နေကြတယ်။

အကျည်းတန်ပြီး ကြမ်းကြုတ်တဲ့ပုံစံနဲ့ ဆိုင်ရှင်ကျန်းက ဆိုင်ပေါက်ဝမှာ လက်ထဲမှာ တင်းပုတ်ကြီး ကိုင်ထားတဲ့ သူ့တပည့်နဲ့အတူ ရပ်နေတယ်။ ပြီးနောက် သူက မလျှော့စတမ်း အော်ဟစ်တော့တယ်

" ဒီ တောသားတွေက ဘယ်ကရောက်လာတာလဲ? သူတို့တကယ်ပဲ ငါ့လို ကျန်းလူကြီးမင်းကို စွပ်စွဲရဲတာပဲ! ငါဘာကောင်လဲဆိုတာ မင်းတို့မသိကြတာလား?! မြန်မြန် ထွက်သွားကြစမ်း... ပြဿနာရှာချင်နေတာဆိုရင်တော့ မင်းတို့ကို ရိုက်နှက်ပြီး အုပ်ချုပ်ရေးရုံးကို ခေါ်သွားမယ်!!"

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now