Chapter (163)_ ဝမ်ဟိုင်မင် ၏ လျှို့ဝှက်ချက်

Start from the beginning
                                    

"ဝမ်ဟိုင်မင်သည် ဆေးရုံက ပေးတဲ့ ကုသမှုကို ငြင်းဆိုရုံသာမက ဆရာဝန်တွေက သူ့ကို ကုသဖို့ ကြိုးစားတဲ့အခါ သူက သူနာပြုနဲ့ ဆရာဝန်တွေကိုပြန်လည် တိုက်ခိုက်ခဲ့တယ်။ ဆေးရုံဝန်ထမ်းတွေက ဒဏ်ရာရသွားပြီး ဒီဖြစ်ရပ်က ဆေးရုံမှာ အကြီးမားဆုံးအမှားတစ်ခုဖြစ်ခဲ့တယ်။ ဒါကြောင့် ဝမ်ဟိုင်မင်ကို ဆေးရုံက အပြစ်ပေးခဲ့တယ်။ အစကတော့ သူ့ကို သီးသန့်ခန်းထဲ ပို့ထားပေမယ့် ပိုဆိုး သွားခဲ့တယ်။ အဲဒီနေရာက ထွက်လာတော့ ဆေးသောက်ဖို့ ငြင်းဆန်တဲ့အတွက် သူနာပြုဆရာမနဲ့ ခိုက်ရန်ဖြစ်ပွား ပြန်တယ်။ သူက သန်းကြွယ် သူဌေးလေး လို့ ပြောခဲ့တယ်။ သူ လိုချင်ရင် ဒီဆေးရုံကိုတောင် ဝယ်နိုင်ပါတယ်တဲ့။ သူ့ကို လုပ်ခဲ့တဲ့ အတွက် ဆရာဝန် နဲ့ သူနာပြုတွေက ပြန်ပေးဆပ် ရမယ်လို့လည်း ကြိမ်းမောင်းခဲ့တယ်။ သူ အဲ့လို ကြိမ်းမောင်း ခဲ့လို့ ဆယ်မိနစ်အတွင်း သူ့ကို တတိယခန်းမ ရဲ့ သီးခြားလူနာဆောင်မှာ ထည့်ပိတ်ခံလိုက်ရပြန်တယ်။ ဒါက တတိယခန်းမရဲ့ သီးသန့်နေရာကို လာရတဲ့ သူ့ရဲ့ပထမဆုံးအကြိမ် ဖြစ်တယ်။ ငါတို့က သူငယ်ချင်းသစ်ရောက်လာလို့ အရမ်းပျော်နေကြပေမယ့် သူက တကယ့်ကို သီးသန့်ပဲ နေတတ်ပြီး မခင်မင်တတ်ဘူး။ သူက ငါ့ကို တံတွေးနဲ့တောင် ထွေးခဲ့သေးတယ်။ သူက စိတ်အားထက်သန်နေပုံရပြီး အစောင့်အကြပ် ခံရတော့ သူ့ပါးစပ်က ကျိန်ဆဲတာ မရပ်ဘူး။ဒီတတိယ ခန်းမရဲ့ သီးသန့်နေရာကို ပို့လိုက်တာက ဘာကိုဆိုလိုမှန်း မကြာခင် သူ သိလာခဲ့တယ်။ "

"ဒီတတိယ ခန်းမရဲ့သီးသန့်ခန်းတွေမှာ လျှပ်စစ်ရှော့တိုက်ပြီး ကုသရတဲ့ အခန်းတစ်ခု ရှိတယ်။ ဒါဟာ စိတ်ရောဂါကို ကုသဖို့ သာမာန်နည်းလမ်း တစ်ခုပါ။ အဲဒါကို သုံးဖူးတဲ့ ဆရာဝန်တွေက မယုံနိုင်လောက်အောင် ထိရောက်တယ်လို့ ဆိုကြ တယ်။။ ဟုတ်ပါတယ်၊ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိကဆေးရုံတစ်ခု အနေနဲ့ လူနာရဲ့ဘေးကင်းမှုနဲ့ သက်တောင့်သက်သာ ရှိစေဖို့၊ ကုသမှုမစခင်မှာ ပညာရှင်တွေနဲ့ တိုင်ပင်ပြီး ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ သီးသန့်ခန်းမှာ အသံလုံ စနစ်ကောင်းတွေ ပါ တယ်။ ဝမ်ဟိုင်မင်က အခန်းထဲက ထွက်လာတဲ့အခါ၊ သူက ပို အဆင်ပြေလာပုံရတယ်။ ကုသမှုက အရမ်းထိရောက်တယ်လို့ ကျွန်တော်တို့ ထင်ခဲ့တယ်။ ရက်အနည်းငယ် ငြိမ်သက်ပြီးတဲ့ နောက်မှာတော့ ဝမ်ဟိုင်မင်က ဆေးကို မသောက်ပဲ ဝှက်ထားတာနဲ့ ပတ်သတ်ပြီး အလုပ်သမားတွေနဲ့ အငြင်းအခုံ ဖြစ်ခဲ့ပါတယ်။ ဒီလူဟာ စွန့်စားမှု လုပ်ချင်တဲ့ စိတ်ရှိပုံရတယ်။ သူသာ ဆေးရုံမတက်ရရင် တကယ်ကို သန်းကြွယ်သူဌေးဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ သူက ဒုတိယ အကြိမ် သီးသန့် တိုက်ပိတ်တဲ့ အခန်းထဲက ထွက်သွားတော့ သူ့ကံကြမ္မာကို နောက်ဆုံးမှာ ဝန်ခံတော့မယ်လို့ ကျွန်တော်တို့ အားလုံး ထင်ခဲ့ကြပေမယ့် အဲဒီလူက သန်းခေါင်ယံမှာ ဒီဆေးရုံကနေ လွတ်မြောက်ဖို့ ကြံစည်နေခဲ့လို့ အားလုံး အံ့အားသင့်ခဲ့ရတယ်။ အဲ့ဒါက တကယ်လည်း အောင်မြင်ခဲ့ပါပေမယ့် နောက်နေ့ အဖမ်းခံရပေမယ့်၊ သူ့ဇနီးဟောင်းနဲ့ ဆက်သွယ်ဖို့ အဲဒီ့တစ်ညတာ လွတ်လပ်မှုကို အသုံးချ နိုင်ခဲ့တယ်။ သူဘာပြောခဲ့မှန်း ကျွန်တော်တို့ မသိပေမယ့် တ စ်လမပြည့်ခင်မှာပဲ ဆေးရုံကထွက်ဖို့ စီစဉ်ဖို့ သူ့မိန်းမ ရောက်လာခဲ့တယ်"

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now