Chapter (162)_ရွှီထုံ

Start from the beginning
                                    

" သူမ ဘာမြင်လိုက်လို့ ခုလို လုပ်နေရတာလဲ"

သူ့မျက်လုံးတွေက လှောင်အိမ်သုံးခုကို စစ် ဆေးလိုက်သည်။ အဘိုးအိုသည် လှောင်အိမ်အတွင်း၌ ခွေခွေလေး လှဲနေကာ သူ့ခေါင်းကို လက်နှင့်ကာထားပြီး အပြင်က မြင်ကွင်းကို မကြည့်ရဲပေ။ အဲဒီသုံးယောက်ထဲမှာ အဘိုးအိုဟာ အကြာဆုံး အဲဒီနေရာမှာ ပိတ်မိနေခဲ့တာဖြစ်တယ်။

အဖိုးကြီးက မျက်လုံးမှိတ် ထားလိုက်ကာ သူက ရှောင်သင့်သော အရာတစ်ခုကို မတော်တဆ တွေ့မိမည်ကို ကြောက်နေပုံပေါ်နေသည်။

အလယ်မှ အမျိုးသမီးငယ်သည်သာ အရမ်းကို တုန်လှုပ်ချောက်ချားကာ တုံ့ပြန်ခဲ့သည်။ သူမ ခေါင်းကို လှောင်အိမ်နဲ့ အကြိမ်ကြိမ် တိုက်လိုက်ပြီး ကြောက်ရွံ့မှုတွေက သူမမျက်လုံးထဲက အတိုင်းသား ပေါ်ထွက်လာတယ်။ ဒီလူနှစ်ယောက်ရဲ့ တုံ့ပြန်မှုက နားလည်နိုင်လောက်တယ်။

ချန်ကောသည် လူလတ်ပိုင်းအရွယ် အမျိုးသားကို အထူးသတိထားကာ ကြည့်လိုက်သည်။ သူလည်း ကြောက်ရွံ့တဲ့ လက္ခဏာတွေ ပြနေတယ်။ သူ့တစ်ကိုယ်လုံး တုန်ခါနေပြီး သူ့လက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။ သူ၏ တုံ့ပြန်မှုနှင့် အမူအရာတို့မှာ အပြစ်ကင်းစင်သည်။

တကယ်လို့ သူ့နေရာမှာ အခြားသူဖြစ်ခဲ့ရင် ဒီမြင်ကွင်းကြောင့် ရူးချင်သွားမှာ သေချာသည်။

ဒါပေမယ့် ချန်ကောက ဒီကို မလာခင် တတိယ ခန်းမထဲက အထူးလူနာများရဲ့ ရာဇဝင်ကို အကုန် ကြားသိခဲ့ရသည်။ ဒါကြောင့် ထိုလူလတ်ပိုင်းအရွယ် မှာ လူနာနံပါတ် 5 - ရွှီထုံ ဖြစ်နိုင်တယ်ဆိုတာ သိနေသည်။

တရားခံတွေက တတိယ ခန်းမထဲကို လာခဲ့ပြီး ဘာကြောင့် သားကောင်အဖြစ်နဲ့ အဆုံးသတ် သွားတာလဲ။

ဒီအချက်စပြီး ဒီ သက်လတ်ပိုင်းအမျိုးသားနှင့် ပတ်သက်သောအချက်များက ကွဲလွဲနေတယ်ဆိုတာကို ချန်ကောက ဖြည်းဖြည်းချင်းရှာဖွေတွေ့ရှိခဲ့သည်။ ဥပမာအားဖြင့်၊ ထိုသူ၏အတော်လေး သန့်ရှင်းသောအသွင်အပြင်။ သူ့မုတ်ဆိတ်တွေကို ရိတ်ပြီး သူ့လက်တွေကို သူ့အဝတ်အောက်မှာ ဝှက်ထားခဲ့တယ်။ ချန်ကောသည် လက်နက်ကိုင် ထားသော လူတွေနဲ့ တစ်ဖွဲ့တည်းဖြစ်သည့် လက်တဖက်ပြတ်နှင့်လူကို အခန်းထဲသို့ ဆွဲယူလိုက်သောအခါမှ သက်လတ်ပိုင်းအမျိုးသားက သူ့လက်ကို အပြင်ထုတ်လိုက်မိသည်။

သရဲအိမ္ထဲမွ ဖူးစာရွင္Where stories live. Discover now