Chapter 49 ( Ending)

20.7K 1.3K 320
                                    

Chapter 49: အဆုံးသတ်တစ်ခု၌
အစပျိုးခြင်းတစ်ခုအဖြစ် ( Ending)

အိမ်ပြန်နောက်ကျနေသည့် မိုးမှောင်ကို ဆူပူဖို့ရာ၊ အိမ်ရှေ့မှာ ထိုင်စောင့်နေသည့် လင်းဒီပါသည်
ညနက်လာလေ...၊ သူ့ကလေးငယ်ကို ဆူဖို့အတွေးက ကြက်ပျောက်ငှက်ပျောက်၊ ပျောက်သွားလေ...ဖြစ်ပြီး... စိတ်ပူပန်နေခဲ့သည်။

" အ_ကလေး ဘာလုပ်"

မိုးမှောင် ခြံထဲ ဝင်ဝင်လာခြင်း၊ လင်းဒီပါ့ကို ကြမ်းတမ်းစွာ အိမ်ထဲ ဆွဲထည့်ကာ၊ တံခါးကို ခြေထောက်ဖြင့် ကန်ပိတ်လိုက်ပြီးနောက်၊ သူ့လည်ပင်းသားတွေကို ကိုက်ခဲနေခဲ့ခြင်း။

နူးညံ့သည့်လည်ပင်းသားတို့အပေါ်
ကျရောက်လာသည့် သွားထက်ထက်တို့ကြောင့် လင်းဒီပါ နာနေသော်လည်း...မတွန်းဖယ်ရက်။

" မင်း အရက်တွေ သောက်လာပြန်ပြီလား?"

" ကျုပ်ဘာသာ ဘာလုပ်လုပ် ခင်ဗျားအပူပါလား?"

" မိုးမှောင်!"
လင်းဒီပါ အသံမာမာဖြင့်အော်ဟစ်လာတော့၊ မိုးမှောင်ကလည်း လေသံကို ထပ်တူ တင်းမာစွာ အော်ပြောလာ၏။

" ခင်ဗျားကြီးက ကျုပ်ကို အော်တာပေါ့။ ပြောပြော၊ ဘာဖြစ်ချင်လဲ?"

လင်းဒီပါ သက်ပြင်းချကာ၊ သူ့ကို
တံခါးတွေနှင့်ဖိကပ်ထားသည့် မိုးမှောင်အား ခပ်ဖွဖွ တွန်းဖယ်ရင်း..လေသံကို လျှော့ပြောလိုက်ချေသည်။
" မူးလာရင် ရေချိုးတော့... ကိုယ် မင်းအနံ့ မခံနိုင်ဘူး"

" ခင်ဗျားက အာ့ဒီမိန်းကလေးရဲ့ အနံ့ကျတော့ ခံနိုင်တယ်ပေါ့ "

လင်းဒီပါ မိုးမှောင်စကားကို သဘောမပေါက်သေး။
စွေ့ခနဲ ကောက်ပွေ့ခံလိုက်ရရှာပြီး၊ ရေချိုးခန်းအတွင်း ရောက်သွားလေတော့သည်။

မိုးမှောင်က လင်းဒီပါ့အဝတ်တွေကို ဆွဲချွတ်ရင်း၊ ရေပိုက်ကို ဖွင့်ကာ၊ လင်းဒီပါအပေါ် ရေတွေ လောင်းချရင်း၊ ဆပ်ပြာတွေ တိုက်ပေးနေတော့သည်။

လင်းဒီပါ ရေမွန်းနေလျှက်ကနေ၊ ကြောင်တောင်တောင်လေးဖြစ်ပြီး၊ မိုးမှောင်ကို လှမ်းမာန်မဲမိတော့သည်။
" ကိုယ်က ရေချိုးပြီးပြီ။ မင်းလိုအရက်သမားကပဲ ချိုးရ_အင့်"

 မိုးမှောင် ( Complete )Where stories live. Discover now