Chapter 8

11.1K 1.5K 93
                                    

Chapter 8 : ဖင်ချွတ်ရိုက်ခံနေရသည့်အညိုလုံး

နေ့လည်နေ့ခင်း လင်းဒီပါ အနားယူနေချိန်မှာ
သူ့ခြံဝန်းရှေ့မှာ ပေသီး၏ အော်သံစူးစူးကို ကြားလိုက်ရတော့သည်။

ပေသီးက ခုနှစ်သံချီအော်ဟစ်ကာ
ပြေးသွားသည်လေ။ ဒါကြောင့် သတင်းတစ်ခုခု
ထူးလို့သာ ဖြစ်ရမည်။ တစ်ခါတလေ ပေသီးက သတင်းထူးလျှင် တစ်ရွာလုံးကို ထိုသို့ လိုက်အော်လေ့ရှိသည်။

သူ အာရုံစိုက်နားထောင်လိုက်သည်။

" ရွာဦးကျောင်းက ဘဘုန်းကြီး
အကိုမိုးမှောင်ကို မတရား ရိုက်နေပြီဗျ...
တားဖို့ ရွာဦးကျောင်းထဲ
လူစုကြပါအုံး..."

နေ့လည်နေ့ခင်းမို့ ရွာထဲတွင် လူ သိပ်မရှိပေ။
သူတို့တွေက လယ်တွေနှင့် ချောင်းတွေထဲ
ရောက်နေမည်သာ။

မိုးမှောင်ဆိုသည့် အသံကြောင့် လင်းဒီပါ မျက်လုံးပြူးသွားရတော့သည်။ သတင်းကို
တစ်ရွာလုံးထံ ပတ်အော်တော့မည့်
ပေသီးအား အလျင်အမြန်  ဂုတ်က ဆွဲကာ လင်းဒီပါ ရွာဦးကျောင်းထဲ ဦးတည်ရတော့သည်။

ဒီကလေး ဘာထပ်လုပ်ပြန်ပြီလဲ။
ခန့်ညား အမေကို သူ မနည်းတောင်းပန်လိုက်တာကဖြင့် မကြာသေး။ အခု ထပ်ပြဿနာရှာပြန်ပြီလား။

ဘုန်းကြီးကျောင်းထဲ သူ ရောက်ရောက်ခြင်းမှာပဲ
ရင်ထဲ ဆို့သွားရတော့သည်။
ဘဘုန်းကြီးက မိုးမှောင်ကို ဖင်ချွတ်၍
ကြိမ်တုတ်ဖြင့် ရိုက်နေခြင်းပင်။

လင်းဒီပါ သွားဆွဲမည် အပြု၊ ပေသီး၏ တားခြင်းကို ခံလိုက်ရတော့သည်။ ပေသီးက ခပ်တိုးတိုးဖြင့် ပြောပြရှာသည်။

" အကိုကြီးလင်း...သွားမတားနဲ့နော်...
ဘဘုန်းက တားရင် ပိုရိုက်သဗျ...
အကိုမိုးမှောင်ကို တစ်ရွာလုံးက အလိုလိုက်ထားတော့ ဘဘုန်းက အကို့ကိုဆို ပိုရိုက်တယ်ဗျ...
တားရင် ပိုဆိုးသွားလိမ့်မယ်"

သူ အရိုက်ခံနေရသည့် ကလေးကို ကြည့်ပြီး
သူပါ ငိုချင်လာ၏။
ဘုန်းကြီးဖြစ်ပြီး ကလေးကို ရိုက်နေတာ
ကောင်းသလား။

 မိုးမှောင် ( Complete )Where stories live. Discover now