Chapter 26

9.5K 1.3K 163
                                    

Chapter 26 : မတော်တဆ

မိုးမှောင် ညနေအမှီ ကျောင်းပေါက်ဝလေးမှာ
ရပ်ကာ ဒီဒီကို လှမ်းမျှော်နေခဲ့၏။ ကျောပိုးလွယ်အိတ်လေးကို ရင်ခွင်သေးသေးထဲ
ထည့်ထားလျှက်....။

အတွေးတို့သည်ကား ရောက်တတ်ရာရာဆီ
မျောလွင့်နေခဲ့၏။ သူခိုးတစ်သိုက်၏ အလင်းဖွင့်ပေးမှုကို ပြန်ကြားယောင်ကာ မိုးမှောင်လေး၏
မျက်နှာသည် အနီရောင် လှိုင်ငယ်လေး
ဖြတ်ပြေးခဲ့သည်....။

သူ့လက်သေးသေးတို့ကို ဆုပ်လိုက်၊ ဖြန့်လိုက် လုပ်ကာ လာမည့်သူကို မျှော်နေခဲ့လေသည်။
သူ အခု အရမ်းကြီး
ညစ်ပတ်မနေလောက်ပါဘူးနော်!
ဒီဒီ သူ့ကို ဖက်ရင် ချွေးနံ့တော့ မရလောက်ဘူး မှတ်လား။ သူ့မျက်နှာကရော အဆင်ပြေရဲ့လား။

ထို အတွေးလေးနဲ့အတူ မိုးမှောင်သည် လက်ကလေးကို မြှောက်ကာ၊ နှာခေါင်းတရှုံ့ရှုံ့ဖြင့်
အနံ့ခံလိုက်ရ၏။ အရမ်းကြီးတော့
အနံ့မဆိုးလောက်ပါဘူး။

မျက်စိလျင်သော မိုးမှောင်သည်
လင်းဒီပါ ၏ အရိပ်လေးကို
ခပ်လှမ်းလှမ်းက မြင်လိုက်တော့၊ သူ့ကိုယ်သူ
ခပ်မတ်မတ်ရပ်ကာ ဟိုကြည့်၊ဒီကြည့်
လုပ်နေလိုက်ချေတော့သည်။
သူ လင်းဒီပါကို မမြင်သေးပါ' ဆိုသည့်
ဟန်လေးဖြင့်။

သူ့ဆီ လှမ်းလာသည့် ယောကျာ်းပျို....။
အမြဲ သူ့ဆီကိုပင် ဦးတည်တတ်သည့် လူသား...။
သူ အမြဲလိုလို ရင်းနှီးနေခဲ့ပါသော ကိုယ်သင်းရနံ့သည် သူ့ထံသို့ လေပြေအဝှေ့ဖြင့် ရိုက်ခတ်
ဆော်သွေးလာချေသည်။

သူ့၏ ဘယ်ဘက်နေရာတစ်နေရာက ခုန်ပေါက် လှုပ်ရှားနေမှုကို မိုးမှောင်
အမည်မဖော်တတ်ခဲ့....။

ဒါ ဟိုသူခိုးအဖွဲ့ မကောင်းလို့!
သူ့ကို မဟုတ်တာတွေ ပြောလိုက်လို့ ဖြစ်ရတာ!

ထိုသို့တွေးရင်း ပူနွေးသယောင် ဖြစ်လာသည့် ပါးပြင်နှစ်ဖက်ကြောင့် မိုးမှောင် ခေါင်းငုံ့ထားလိုက်မိသည်။
လုံးဝ ရှက်မနေပါဘူးနော်!
မိုးမှောင် သမိုင်းက ရှက်တယ်ဆိုတာ မရှိ!

လင်းဒီပါ့၏ ဖြူဖွေးဖွေး ခပ်ရဲရဲ
ခြေဖျားလေးတွေကို သူ လှမ်းမြင်နေရ၏။
မိုးမှောင် တံတွေးမြိုချလိုက်ချေ၏။

 မိုးမှောင် ( Complete )Where stories live. Discover now