Chapter 29

8.6K 1.2K 65
                                    

Chapter 29 : ဒီ​နေရာက
လင်းဒီပါနဲ့ သက်ဆိုင်တဲ့အိမ်!

အခန်းထဲ၌ အိပ်ပျော်နေသည့် ကလေးငယ်
တစ်ယောက်နှင့်...၊ ထိုကလေးငယ်ကို မေတ္တာအပြည့်နှင့် ကြည့်နေသည့် ယောကျာ်းပျိုတစ်ဦး...။

လှပခန့်ညားသည့် နူတ်ခမ်းဒေါင့်ဖျားတို့သည်
ပျော်ရွှင်မှုဖြင့် ကွေးညွှတ်နေရင်း... ထိုယောကျာ်းဟာ ကလေးငယ်၏ ဆံပင်တို့ ခပ်ဖွဖွ သပ်ပေးနေ၏။ 

မှောင်ရီ ဝိုးတဝါး၌ ဖြစ်တည်နေပါသော ညမြင်ကွင်းဟာ မေတ္တာဓာတ်ကြောင့် နွေးထွေးလင်းလက်စေသယောင်...။

ရေနံဆီ၊  ဆီမီးခွက်၏ အလင်းသဲ့သဲ့ဟာ
မိုးမှောင်၏ နုငယ်လှသည့် မျက်နှာတစ်စိတ်တစ်ပိုင်းသို့ အလင်းသဲ့သဲ့ ရိုက်ခတ်ပေးနေဆဲ...။ 

မိုးမှောင်လေး ဖျားကာ၊
ခပ်နွေးနွေး ဖြစ်နေသည့် အသားအရည်ကြောင့် စိုးရိမ်ပူပန်နေ၍ ညမအိပ်ဘဲ
ထိုင်စောင့်ပေးနေသည်က လင်းဒီပါပင်...။

လင်းဒီပါ အသံမမြည်အောင် ခပ်တိုးတိုး ထကာ မိုးမှောင်အတွက် ဆေးတိုက်ဖို့ရန် တစ်ခုခု လုပ်ပေးဖို့ တွေးလိုက်ချေ၏။ သို့ပေမဲ့...သူက မီးဖိုချောင်ထဲ
ဝင်လေ့မရှိသည့် ယောကျာ်းတစ်ဦးသာ...။
ဒီရွာမှာလည်း ထမင်းဟင်းဝယ်စားနေတတ်သူမို့
သူ ချက်တတ်တာ ဘာမှ မရှိ။

ကြက်သားဆန်ပြုတ် ပြုတ်ဖို့တွေးရင်း
မီးဖိုချောင်သို့ ဦးတည်လိုက်၏။

ဖြေးညှင်းစွာ အဝေးသို့ လျှောက်လှမ်းသွားသည့်
ခြေသံကြောင့် တစ်စုံတစ်ယောက်၏
မျက်ဝန်းတို့သည် ကြည်လင်စွာ ဖွင့်လာ၏။
မိုးမှောင် ကိုက်ခဲနေသည့်မျက်ရိုးနှင့် ခေါင်းကို
အမှုမထား။ နွေးထွေးနေဆဲဖြစ်သည့်
ထိုသူ ပွတ်သပ်သွားရာ ဆံပင်ကို ထိကိုင်ရင်း...
အမှောင်ထဲ ငေးကြည့်နေခဲ့သည်။

ဒီ နွေးထွေးမှုသည် တစ်ချိန်က သူ
ရရှိခဲ့ဖူးပါသည့် တစ်စုံတစ်ယောက်၏
နွေးထွေးမှုလို....။

သူ ဒီလို ဖျားလာလျှင် သူ့စိတ်ခွန်အားတို့သည်
လျှော့ကျသွားမြဲ။ သူ ငိုချင်နေသည်။
အိပ်မပျော်၍ တစ်ယောက်ယောက်၏ ချော့သိပ်ခြင်းကို ခံယူချင်သည်။ နွေးထွေးမှုကို
သူ နာဖျားနေလျှင် မွတ်သပ်လာတတ်သည်ပင်။

 မိုးမှောင် ( Complete )Where stories live. Discover now