Chapter 3

14.3K 1.7K 199
                                    

Chapter 3 : အညာသားလေးကို မွေးစားပြီး သားအဖ ဇာတ်သွင်းချင်နေသည့် ရန်ကုန်သားလေး

မိုးမှောင်၏ 'သောက်ဂွ'ဟု
ဆဲရေးသမှုကြောင့် အဘစိန်၏
ဆိုဆုံးမမှုကို နားပူအောင် ခံယူလိုက်ရတော့သည်။

လင်းဒီပါကတော့ ပြုံးရုံပြုံးပြီး
ထို​မြေးအဘိုးနှစ်ဦးကို ကြည့်နေခဲ့သည်။
ဤလိုမေတ္တာတရားမျိုးကို သူ
အမြဲလိုချင်ခဲ့ရသည်လေ။ သို့ပေမဲ့
သူ ဘယ်လောက်ကြိုးစားခဲ့ပါစေ၊
လက်လှမ်းမမှီနိုင်တော့သည့် မေတ္တာမျိုးပင်။

ကလေးငယ်သည် စူပုပ်နေပြီး သူ့ကိုပါ
ဘုကြည့်ကြည့်နေသည်ကို လင်းဒီပါ မသိကျေးကျွန် ပြုလိုက်သည်။ ဒါက သူ့အပြစ်မှမဟုတ်သည်ပဲ။

" တော်ပြီ အဘရာ...
အဘက ကျူပ်ဆို ဆူဖို့ချည်းပဲ!
ကျုပ် စိတ်ဆိုးတယ်...
ဟိုအကိုကြီး ပြန်ဖို့ လုပ်တော့!
ကျူပ်လိုက်ပို့ပေးမယ်"

မိုးမှောင် လင်းဒီပါ လက်ကို ဆွဲခေါ်လိုက်ချိန် မြင်လိုက်ရသည့်လက်ကောက်ဝတ်က အရာကြောင့် မျက်မှောင်ကြုတ်သွား၏။

ဖြူနုနေသည့် နို့နှစ်ရောင်ဖျော့ဖျော့အသားအရည်ပေါ်က နီရဲနေသည့် လက်ချောင်းရာသည်
ထင်းလင်းနေခဲ့သည်။ မိုးမှောင် အမှတ်မထင်
ဆွဲမိလိုက်တာက ဒီလောက်တောင် ဖြစ်သွားသည်တဲ့လား။ မိုးမှောင် မိမိ၏ လက်ကြမ်းကြမ်းကို
ပြန်ငုံ့ကြည့်လိုက်ကာ
ထိုသူ့ကို အားနာသွား၏။

လင်းဒီပါ ထိုကောင်လေး၏ အားနာနေသည့်ဟန်ကြောင့် ပြုံးပြလိုက်တော့ မေးစေ့ဖျားက
အချိုင့်သေးသေးလေးက ပေါ်လာသည်။

" ဘာမှမဖြစ်ပါဘူးကွာ...
အသားဖြူတော့ ဒီလိုပုံစံပေါက်သွားတာပါ...
မနာပါဘူး"

" ခင်ဗျားက
ဝါဂွမ်းမို့လား?
ဒီရွာကမိန်းကလေးတွေတောင်
ခင်ဗျားလောက် နုရွမနေဘူး..."

မိုးမှောင်က ဆောင့်ကြီးအောင့်ကြီးဖြင့် အိမ်ထဲဝင်ကာ လိမ်းဆေးတစ်ချို့ကို ထုတ်လာသည်။
လင်းဒီပါ လှမ်းကြည့်လိုက်ပေမဲ့ English လိမ်းဆေးမဟုတ်။ မြန်မာလိမ်းဆေးပုံစံမို့ သူလည်း
ဘာမှမသိပေ။

 မိုးမှောင် ( Complete )Where stories live. Discover now