Chapter 40

9.6K 1.2K 90
                                    

Chapter 40: ဥာဏ်ရည်တူတွေ
တွေ့ရတာ မဆိုးပါဘူး။

အိပ်ခန်းထဲ ချောင်းကြည့်နေသည့်
ကောင်ငယ်လေးဟာ ခိုးကြောင်ခိုးဝှက်....။
ကုတင်ပေါ်ကလူသားကလည်း ဝမ်းပန်းတနည်းဖြင့် အိပ်ပျော်သွားပုံရသည်။

မိုးမှောင် မိမိလက်ထဲမှာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် ဘူးလေးကို
ကြည့်လိုက်ပြီးနောက်
လင်းဒီပါ့အခန်းထဲသို့ ခြေသံမကြားအောင်
ဝင်လိုက်ချေ၏။

လင်းဒီပါ အိပ်စက်နေရာ
ကုတင်အောက်မှာ ထိုင်ချရင်း...
မိုးမှောင်ဟာ လင်းဒီပါကို
တစ်ချက်စိုက်ကြည့်လိုက်လေသည်။

လပြည့်ညဖြစ်သည့်အလျောက်...
လရောင်က ထွန်းလင်းနေသည်မို့...
အခန်းငယ်လေးထဲ ယောကျာ်းပျိုကို ထင်ရှားစွာ မြင်နိုင်သလို...ဘူးလေးထဲက ပစ္စည်းလေးတွေကိုလည်း ထင်ထင်ရှားရှား တွေ့မြင်နိုင်လေသည်။

မိုးမှောင် ခန္ဓာကိုယ်ကို သက်တောင့်သက်သာဖြစ်စွာ မှီလျော့လိုက်ပြီး ဘူးလေးကို ဖွင့်လိုက်၏။
ဘူးလေးထဲ၌
စာအိတ်လေးတွေဟာ...အစီအရီ။

တိတိကျကျ ပြောရမည်ဆိုလျှင် သူတို့တွေ ဝေးကွာခဲ့ကြသည့် လစဥ်တိုင်းမှာ လင်းဒီပါ သူ့ထံ ပေးပို့ခဲ့သည့် စာအိတ်လေးတွေပင်....။ ဖြေးညှင်းစွာ စိတ်ထဲကနေ ရေတွက်ကြည့်ပြန်တော့ စာအိတ်ပေါင်း ၃၀...။
ဒါဟာ လပေါင်း ၃၀ တိတိ သူတို့တွေ ဝေးကွာခဲ့ကြသည်ကို ပြသနေပါသော အမှတ်တရတွေ...။

သူ ဖွင့်မဖတ်ချင်ခဲ့ပါသော စာတွေ...။
အခုအချိန်မှာတော့ ဖွင့်ဖတ်လို့ရပြီ မဟုတ်ပါလား။

ကုတင် ဘေးဘက်သို့ အမှတ်တမဲ့ကျရောက်နေသည့် လင်းဒီပါ၏ လက်ချောင်းသွယ်သွယ်နှင့်လက်တစ်စုံ ဘေးနားမှာ မိုးမှောင် မေး'တင်ရင်း...
ပထမဆုံး စာအိတ်လေးတစ်ခုကို
ဖောက်ဖတ်ကြည့်လိုက်သည်။

စီရီသွယ်တန်းနေသည့် လက်ရေးစာမူလေးက
လရောင်အောက်မှာ အထင်အရှား။

[ စိတ်မဆိုးပါနဲ့နော် ကလေးလေး။ ကိုယ် မင်းကို သေချာပေါက် ပြန်လာခေါ်ပါ့မယ်။ လိမ်လိမ်မာမာ စောင့်နေနော်။  ]

 မိုးမှောင် ( Complete )Where stories live. Discover now