Chapter 41

10.1K 1.2K 111
                                    

Chapter 41: ပြန်မပေးဆပ်ချင်ဘူးလား?

မျှော်လင့်ချက်အပြည့်မျက်ဝန်းတွေဖြင့် တစ်စုံတစ်ယောက်အကြောင်း
ပြောနေသည့် ပေသီးကို ကြည့်ပြီး မိုးမှောင်
ခပ်ပြုံးပြုံးနှင့် ခေါင်းယမ်းနေမိသည်။

ဒီကောင်လေးက အနီးမှုန်လေးပဲဟု
မှတ်ချက်သာချလိုက်လေသည်။
လင်းဒီပါ့၏ သူငယ်ချင်းဖြစ်သူကို ချစ်ပါသည်ဟု ဝန်ခံပြောဆိုနေမှုလေးက အူတူတူလေးဖြင့် ချစ်စရာကောင်းနေပေမဲ့ သနားစရာလည်း ကောင်းနေရှာသည်။ ကျပ်မပြည့်ရှာသည့်
ကလေးငယ်လေးလို...။

" အကိုမိုးမှောင် ဘယ်လိုထင်လဲဟင်?"

" မင်းသဘောပဲလေ...။
ဘာကိုပဲရွေးချယ် ၊
ရွေးချယ် ၊ ငါ မင်းအနောက်မှာ
ရှိနေပေးမှာမို့ ရဲရဲသာ လုပ်..."

ခန့်ညားက အရင်ပြန်သွားပြီဖြစ်၍...
သူတို့နှစ်ဦး ရွာလမ်းလေးထက်မှာ ငြိမ်သက်အေးချမ်းစွာပင် လျှောက်လှမ်းနေကြသည်။

" ကျူပ်လည်း ပြန်ပြီနော်။
အကိုကြီးလင်းကိုလည်း ဂရုစိုက်အုံးဗျ"

" အင်းပါ..."

မိုးမှောင် မြှောက်ကြွ၊ မြှောက်ကြွဖြင့်
လျှောက်လှမ်းသွားသည့် ပေသီးကို လှမ်းကြည့်နေပြီးနောက်မှာ...သူ့ခြေလှမ်းတို့ထံ အမြဲရည်ရွယ်ဦးတည်နေခဲ့ပါသော တစ်စုံတစ်ယောက်၏ အိမ်လေးထံ...။

ခြံဝန်းထဲရှိ ထနောင်းပင်အရိပ်အောက်၊
ခုံတန်းလျားလေးမှာ ထိုင်နေသည့်
အဖြူရောင်ကျောပြင်လေးက
အထီးကျန်နေသယောင်...။

မြင်လိုက်ရသည့် မြင်ကွင်းကြောင့် မိုးမှောင် မျက်ခုံးတို့ တွန့်ကွေးသွားပြီး...ခြံဝန်းတံခါးကို ဝုန်းခနဲ
ဆောင့်ကန်ကာ မြန်ဆန်စွာပင် ဝင်လာ၏။

" လင်း ဒီ ပါ!  "

" ဘာလဲ?"

လင်းဒီပါက မိုးမှောင်ကို တစ်ချက်စောင်းငဲ့ကြည့်ကာ၊ ပြန်လှည့်သွားပြီး နေမြဲအတိုင်း ဆက်နေနေ၏။
လက်ဖြူဖြူသွယ်သွယ်တို့၌ မီးစတို့တောက်လောင်နေဆဲဖြစ်ပါသည့် စီးကရက်တစ်လိပ်။

 မိုးမှောင် ( Complete )Where stories live. Discover now