Chapter 18

9.3K 1.2K 29
                                    

Chapter 18 : အုန်းမုတ်ခွက်ကိုကို

ရွာချောင်း၏ ရေလှိုင်းကြက်ခွက်သံသည်
ညိမ့်ညောလျှက်ပင် အေးချမ်းကာ
တသွင်သွင် စီးဆင်းလိုက်ရှိ၏။

ထိုချောင်းစပ်ရှိ နေရာတစ်ခု....
သာမာန်လူတို့ လျပ်တစ်ပြတ်
သိပ်မမြင်နိုင်သည့်နေရာတွင် ကလေးသုံးယောက်သား ခေါင်းချင်းဆိုင်နေကြသည်။

သွေးစ၊ သွေးနတို့သည် ကလေးငယ်တစ်ယောက်၏ လက်ခုံပေါ်၌ ရုပ်ဆိုးအကျည်းတန်စွာ ရှိနေခဲ့၏။

မိုးမှောင် သက်ပြင်းချလိုက်မိသည်ပင်။
ဒီသတင်းစာက တစ်ခါတစ်လေ တော်တော့်ကို
မဆင်မခြင် လုပ်တတ်လွန်းသည်။
ထိုကလေး၏ အမှောင်ဘက်ခြမ်းသည် မိမိကို
ထိမှသာ ပေါ်လာတတ်ခြင်း။ ငယ်စဥ်ထဲက အတူတူ ရှိခဲ့ကြပါသည့် သံယောဇဥ်က ဤမျှလောက်ပင် နက်ရှိုင်းကြချေသည်။

ပေသီး၏ လက်ခုံသေးသေးကို ဖြေးညှင်းစွာ ဆုပ်ကိုင်လိုက်ကာ၊ ဒဏ်ရာတွေကို ချောင်းရေဖြင့် ဆေးပေးလိုက်၏။

" ငါ မင်းကို အရင်ထဲ ပြောသားပဲ။
လွတ်တဇောက်ကန်း မလုပ်ပါနဲ့လို့။ အခုတော့ မင်းလက်တွေ စုတ်ပြီ။ "

မိုးမှောင် သူ့ဒီဒီဆီ သွားပြီး ဆေးထည့်ခိုင်းရအောင်ကလည်း၊ ဒီဒီက တကယ့်ကို
ဆူပူတတ်လွန်းလှသဖြင့် သူ နားမခံသာပေ။ ဒီဒီ
မေးသည့် မေးခွန်း​ဖြေရတာနှင့်ပင် သူ့အတွက် တော်တော်လေး
အဆင်မပြေဖြစ်နိုင်သည်။

" အကိုမိုးမှောင်ကို သူက မတရားပြောတာကိုးဗျ"

" ဟောဗျ...။ ငါ့ကိုပြောတာ မင်းကို
ပြောတာမှမဟုတ်တာ။ ငါတောင် မနာသပ...။
ပြောချင်ရာပြောပါစေပေါ့။ အာပဲရှိတဲ့ ကျီးအာသီးလေးတွေနဲ့ ရန်ဖက်မဖြစ်စမ်းပါနဲ့"

မိုးမှောင် ရန်ဖြစ်လေ့ရှိသဖြင့် ဒဏ်ရာရတတ်သည်မို့  သူ အမြဲဆောင်ထားလေ့ရှိသော
အနာလိမ်းဆေးကို ထုတ်ယူကာ ပေသီးလက်ကို လိမ်းပေးရင်း လေသံအေးဖြင့် ဆိုလာ၏။

" အဲ့ဒီကျီးအာသီးကောင် ပြောတာ ခံနိုင်ရင်
အကိုပဲ ခံနေလိုက်။  ကျုပ်တော့ မခံနိုင်ပေါင်။ "

 မိုးမှောင် ( Complete )Where stories live. Discover now