Chapter 42

10.4K 1.2K 146
                                    

Chapter 42: လူပျိုသိုးကြီး...

သွယ်လျလျ ၊ ကျောပြင်နုနုသည်
တစ်စုံတစ်ယောက်သောသူအတွက်
တံတိုင်းကဲ့သို့ ခိုင်ခံ့မြဲမြံနေသယောင်...။

ဧည့်ခန်းမှာ မျက်မှန်လေးတပ်လျှက်...၊
စာရင်းစာရွက်တွေကို သဲကြီးမဲကြီး ထိုင်စစ်နေသူက စောနကဖြစ်ရပ်နှင့်၊ လားလားမျှ၊
မသက်ဆိုင်သယောင် ပြုမူ ဟန်ဆောင်နေသည်ကို မိုးမှောင် ကြည့်လျှက် ပြုံးလိုက်မိ၏။
ဒီလူကြီး ရှက်နေတာကို သူ မသိဘူးများ ထင်နေသလား။

မိုးမှောင် လင်းဒီပါရှိရာ ထိုင်ခုံနားဆီသို့
တိုးကပ်သွားချိန်...လင်းဒီပါ၏
နောက်ကျောလေးသည် တွန့်ခနဲ ဖြစ်သွားတာကို
မြင်ကို မြင်လိုက်ရပါ၏...။

" အကိုလင်းဒီပါ..."

စိတ်ဆိုးမပြေသေးသဖြင့်၊ သူ စိတ်ဆိုးနေပါသေးကြောင်းကို သိသာစေရန်၊ အကိုလင်းဒီပါဟု
ခေါ်တော့၊ လင်းဒီပါက မျက်မှန်လေးကို ချွတ်လျှက် မော့ကြည့်လာ၏။

ဘာလို့ စိတ်ဆိုးနေပြန်သေးတာလဲဆိုသည့်
အကြည့်လေး....။

ကပ်ချွဲချင်နေသည့် စိတ်လေးကို ထိန်းကာ၊
မျက်နှာသေလေးဖြင့် လင်းဒီပါဘေးကပ်၍
ထိုင်လိုက်ပြီး...ငွေအိုရောင်မျက်မှန်ကိုင်းလေးကို ​မ'ကြည့်ကာ မေးလိုက်မိလိုက်ချေသည်။

" ခင်ဗျားက မျက်မှန်တပ်နေရတာလား?"

" မဟုတ်ဘူး။ စာကြည့်မျက်မှန်..."

မိုးမှောင် မျက်မှန်လေးကို ပြန်ချကာ၊
စားပွဲခုံပေါ် မေးစေ့လေး တင်ပြီး...လင်းဒီပါ့ကို စောင့်ငဲ့ကြည့်လိုက်၏။

" ခင်ဗျား သေမလို စီးပွားရေးတွေ
ဘာလို့ ဒီလောက်လုပ်နေတာလဲ?
မပင်ပန်းဘူးလား?
သက်သက်သာသာ နားအုံးမှပေါ့...
လူကဖြင့် အိုနေပြီ..."

ဒဲ့စကားပြောတတ်တာလေးကို အခုထိ မပြင်တတ်သေးသည့် ကလေး၏ ဆံပင်အုပ်အုပ်လေးကို ဆွဲဖွကာ၊ လင်းဒီပါ သွားစွယ်တွေပေါ်အောင် ရယ်မောရင်း....မျက်မှန်ကို ပြန် ကောက်တပ်ကာ၊
စာရင်းစာရွက်တွေဆီ အကြည့်ပို့လိုက်တော့.....

 မိုးမှောင် ( Complete )Where stories live. Discover now