Chapter 19

9.2K 1.2K 33
                                    

Chapter 19 : အလှဆုံးသော အမျိုးသမီး

မိုးမှောင် ပေသီးတို့ကို ထားခဲ့ကာ၊
လင်းဒီပါအိမ်ရှိရာ ခပ်သွက်သွက် ဦးတည်လိုက်၏။
လင်းဒီပါ၏မျက်နှာလေးကို ဒီနေ့ အကြာကြီး
မတွေ့ရသေးဘူး မဟုတ်ပါလား။

ဒီဒီပေးထားသည့် လွယ်အိတ်လေးကို
ပိုက်ကာ၊ လူရှိပုံမရသည့်လင်းဒီပါ၏အိမ်ထဲကို လှမ်းမျှော်ကြည့်လိုက်သည်။ ညနေစောင်းဖြစ်နေပြီမို့ ဒီအချိန်မှာ လင်းဒီပါ ပြန်ရောက်ရမည်သာ။
ဘာကြောင့် ပြန်ရောက်မလာသေးသည်လဲ။

လင်းဒီပါ အိမ်မှာ မရှိဘူးဆိုတော့လည်း မရှိဘူးပေါ့။
သူ အဘဆီပဲ ပြန်လိုက်တော့မည်ဟု တွေးလိုက်တော့၏။

မိုးမှောင် အဘစိန်အိမ်ရှိရာဆီပြန်ဖို့ ခြေလှမ်းကို
ဦးတည်လိုက်တော့သည်။ သူ့အိမ်ပြန်လမ်းတစ်လျှောက်တွင် အဘကို ဘယ်လို ချော့ရမလဲ တွေးနေလိုက်တော့သည်။

ဟိုကျီးအာသီးကောင် အခုဆို ရွာဆေးရုံ
ရောက်နေလောက်ပြီထင်။
သူ့အဖေဆီ သွားပြီး ပိုက်ဆံသွားတောင်းရင်
ကောင်းမလား။ ဒါလည်း မဖြစ်သေး။
အဘသာသိရင် ကျီးအာသီးကို လုပ်လွှတ်လိုက်လို့ စိတ်ဆိုးတာထက် အဆပေါင်းများစွာ
စိတ်ဆိုးမည်ထင်ပ။
အဘက သူ့သားသူ တော်တော် မုန်းနေပုံရသည်။
မိုးမှောင် အမေဆုံးသွားရသည်မှာ သူ့သားဖြစ်သူ
လှမြင့်ကြောင့်ဟု စိတ်စွဲကာ သားအရင်းကိုပင် မုန်းတီးသွားတာ ဖြစ်သည်ပင်။

မိုးမှောင်က သူ့အဖေကို မုန်းလည်း မမုန်းသလို၊ မည်သို့မျှပင် စိတ်ထဲ မရှိပါချေ။ လူသားပဲလေ။ အမှားတော့ ရှိမည်ပဲ။ သူ့အမေ သူ့လက်ထဲ
မသေဆုံးခင်က ပြောထားခဲ့သည့် ဆုံးမစကားကို
သူ အမြဲ နားထောင်မည်သာ။

သူ အဲ့ဒီနေ့ကို ပြန်လည်တွေးမိသွားခဲ့၏။

ထိုနေ့က သူ့ကမ္ဘာရှိ အလှဆုံးသော အမျိုးသမီးသည် သူ့ရင်ခွင်သေးသေးထဲ၌ လှဲမှီလျှက်၊
​အလှဆုံးပြုံးကာ
သူ့ပါးပြင်အား ခပ်ဖွဖွ ပွတ်ပေးနေခဲ့သည်။

" မိုးမြင့်လေး...မင်း အဖေကို ဘယ်တော့မှ
အပြစ်မတင်ရဘူးနော်... ကြားလား သားလေး။ ဒါက သူ့ရွေးချယ်ပိုင်ခွင့်မို့ သူ
စိတ်ကြိုက်လုပ်နိုင်တယ်လေ...။ အဘက
မင်းကို မင်းအဖေနဲ့ခွဲထားရင်တောင် သူက
အမြဲမင်းအဖေပဲ။ တစ်ခါတစ်လေတော့ သူ့ကို သွားကြည့်နော်။ သူ မင်းကို လိုအပ်ပါတယ်။ "

 မိုးမှောင် ( Complete )Where stories live. Discover now