Chapter 48

9.8K 1K 117
                                    

Chapter 48: ပေးအပ်လာသည့်ချစ်ခြင်းကို
မဆုပ်ကိုင်ရဲတာက ရူးသွပ်ခြင်း(သို့) မိုက်မဲခြင်း...။

ထက်မြက် သူ့အရှေ့က ကောင်ငယ်လေးကို ကြည့်ရင်း၊ မွန်းကြပ်လာမှုတစ်ခုကြောင့်၊
အော်ပြေးပစ်ချင်လာမိသည်။ ဒီကောင်လေးက လက်မလျော့ပါဘဲ၊ အဘယ်ကြောင့် အတင်းတွေ လိုက်ကပ်နေရပါသနည်း။

သူက သူ့ဘဝထဲ လူတွေကို ခေါ်သွင်းဖို့ရာ၊ ကြောက်တတ်သူမို့ ဒီကောင်ငယ်လေး၏ခံစားချက်တို့ကို ဘယ်တော့မှ တုန့်ပြန်မည်မဟုတ်ပေ။ ဒီခံစားချက်သည်ကား ထာဝရတည်၏။ တစ်သက်စာအတွက် ပြန်မချစ်နိုင်တာမို့ အားနာစိတ်သာရှိမိသည်။

ထက်မြက် မိမိအရှေ့က ပေသီးထံကနေ မျက်နှာလွှဲကာ၊ လင်းဒီပါတို့ရှိရာကြည့်လိုက်ပြန်တော့ ၊ ပို၍ပင် စိတ်ကုန်သွားမိတော့သည်။ လင်းက မိုးမှောင်မွေးနေ့အတွက် လွန်ခဲ့သည့်တစ်လလောက်ထဲက သူ့ကို အပူကပ်ပြီး ၊ ပြင်ဆင်နေခဲ့တာဖြစ်သည်။

လင်းဒီပါ့၏ သဲသဲလှုပ်နေမှုသည် ပို၍ ဆိုးဆိုးဝါးဝါးသိသာလာတာကို ထက်မြက် အမြင်ကပ်စွာ ကြည့်ပြီးနောက်၊ အညိုလုံးလေးကို ကြည့်လိုက်တော့၊ အညိုလုံးက တစ်လောကလုံးအပိုင်စားရထားသည့်အလား၊ ဆိုဖာထက်ထိုင်နေရင်း၊ လက်ညိုးတထိုးထိုးဖြင့်၊ လင်းဒီပါ့ကို ခိုင်းစားနေပြန်သည်။ သူနှင့်ပေသီးကို အဖက်တောင်မလုပ်။ တော်တော်လေး တရားကျဖို့ကောင်းလွန်းသည်။

" အကိုမိုးမှောင် နေမကောင်းဘူးလားဗျ?"

" မင်း ဘယ်သောက်လုံးနဲ့ကြည့်ပြီး ငါ့ကို နေမကောင်းဘူးပြောတာလဲ?"

မိုးမှောင်က လင်းဒီပါ ကြိုတိုက်သည့် နွားနို့ခွက်ကို
ငုံသောက်နေရင်း၊ မျက်ခုံးတွေ ပင့်မော့ကာ မေးလာချေသည်။

" လင်း...ငါ ရန်ကုန်ပြန်တော့မယ်"

လင်းဒီပါက မိုးမှောင် မနက်စာ စားဖို့အတွက်  ပြင်ဆင်နေရင်း၊ ထက်မြက်ကို တစ်ချက်ကြည့်လိုက်ချေသည်။ ထက်မြက်ဆိုသည့်လူက ဆက်နွယ်မှုတွေကို ကြောက်တတ်လွန်း၍ ထွက်ပြေးတတ်သည့်လူစားမျိုးသာ။  သူသည် လူတိုင်း၏ဆက်နွယ်မှုတို့ကနေ အစဥ်အမြဲ ပြေးထွက်နေတတ်သည်။ ပေသီးနှင့် ကိစ္စတစ်ခုခုရှိမည်ဆိုတာ သိသော်လည်း၊ လင်းဒီပါ ဘာစကားမျှ ဆိုမနေတော့ပေ။

 မိုးမှောင် ( Complete )Where stories live. Discover now