အခန်း ၁၅

104 3 0
                                    

အခန်း ၁၅"အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာရဲ့ နောက်ဆုံး စာမျက်နှာမှာ ပြောထားတာကတော့ လေပြေ သိုင်းကျမ်းကို လေ့ကျင့်နိုင်မှသာ အပြည့်အစုံ အသုံးချနိုင်မှာပါ။ အဲဒီအဆင့်ထိ လေ့ကျင့် နိုင်ရင်တော့ သိုင်းအဆင့် ၇ အောက်က ဘယ်သူမှ သူ့ကိုမီအောင် လိုက်နိုင်မှာ မဟုတ်ပါဘူး။ပြီးတော့ သိုင်းအဆင့် ၉ ရဲ့ အထွတ်အထိပ် အဆင့်ကိုတောင် ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ လေပြေသိုင်းကျမ်းမှာ ပြောထားတာကတော့ သိုင်းအဆင့် ၃ ရဲ့ အထွတ်အထိပ် အဆင့်အပြင် အတွင်းအား ပါရှိနေမှ စတင် လေ့ကျင့်လို့ရမှာ ဖြစ်ပါတယ်။သိုင်းကျမ်းကို နောက်ဆုံး ၁၀ ပုံ ၁ ပုံထိ ဖော်ထုတ်ပြီးတဲ့ အခါမှာ ဇောင်ဖန်ရဲ့ စိတ်တွေ လှုပ်ရှားလာပါတယ်။ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ ကျမ်းလိုမျိုး ပေါင်းစပ်ထားတဲ့ သိုင်းမျိုးရှိမယ်လို့ သူတစ်ခါမှ မတွေးဖူးပါဘူး။ ဒါဟာ လေ့ကျင့်မှုပိုင်းမှာ အဆင့်မြင့်ပြီးတော့ အဆင့်မြင့် အဆင့်ထက်ကို ပိုမြင့်ပါတယ်။ နောက်ဆုံးမှာတော့ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့သိုင်းဟာ အထွတ်အထိပ်အဆင့် သိုင်းကျမ်း ဖြစ်တယ်ဆိုတာ ဇောင်ဖန် သိလိုက်ပါပြီ။ သိုင်းကျမ်းတွေကို အခြေခံအဆင့်၊ အဆင့်နိမ့်အဆင့်၊ အလယ်အလတ်အဆင့်၊ အဆင့်မြင့်အဆင့်နဲ့ အထွတ်အထိပ် အဆင့်ဆိုပြီး အဆင့်တွေ ခွဲခြားထားတာကို လူတိုင်းနီးနီး သိကြပါတယ်။ ဒါပေမဲ့ အထွတ်အထိပ် သိုင်းကျမ်းတွေဟာ ထိပ်ဆုံးအဆင့် သိုင်းကျမ်းတွေ မဟုတ်ပါဘူး။ နတ်ဘုရား သိုင်းကျမ်းတွေဟာ အထွတ်အထိပ် အဆင့်ထက် ပိုမြင့်ပြီးတော့ အဲဒီဒါနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ် နေပါတယ်။အဲဒီလိုပဲ သိုင်းနတ်ဘုရား အဆင့်က သိုင်းအဆင့်၉ ထက် ပိုမြင့်ပါတယ်။သိုင်းနတ်ဘုရား အဆင့်ကို ရောက်ဖို့ နတ်ဘုရား သိုင်းတစ်ခုခု လေ့ကျင့်ထားဖို့ လိုအပ်တယ်လို့ ဇောင်ဖန် ကြားထားပါတယ်။ဇောင်ဖန်ရဲ့ အခု အခြေအနေကတော့ နတ်ဘုရားသိုင်းကို စဉ်းစားဖို့ မဖြစ်နိုင်သေးပါဘူး။ ဆန်ဖယ်သာမြို့မှာ ရှိတဲ့ အစစ်အမှန် သိုင်းပညာရှင်တောင်မှ သိုင်းနတ်ဘုရား အဆင့်ကို စိတ်ကူးယဉ် နေရတုန်းပါ။*** ညဘက် အချိန်လေးမှာတော့ ...ဇောင်ဖန်က နောက်ဆုံးမှာတော့ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့သိုင်း တစ်အုပ်လုံးကို ပြန်လည် ဖော်ထုတ်လို့ ပြီးသွားပါပြီ။"အခုနေ ငါသာ ချီကို နားလည်ခွင့် ရမယ်ဆိုရင် သိုင်းအဆင့် ၄ အောက်က လူတွေ အကုန်လုံး ငါ့ပြိုင်ဖက် မဟုတ်တော့ဘူး" ဇောင်ဖန်ဟာ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့သိုင်းထဲက အတိုင်းစတင် လေ့ကျင့်ပါတော့တယ်။ ဇောင်ဖန်ဟာ ချက်ချင်းပဲချီ (အတွင်းအား)ကို အသုံးပြုပြီးတော့ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့သိုင်းရဲ့ အခြေခံ အဆင့်ကို စတင် လေ့ကျင့်ပါတော့တယ်။နာရီဝက် ကြာသွားပြီးတဲ့ နောက်မှာတော့ ဇောင်ဖန်က အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာရဲ့ တချို့အပိုင်းတွေကို နားလည်သွားပေမဲ့ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ ပညာကနေ တစ်ဆင့် ချီကို နားလည်အောင် ကြိုးစားနေတဲ့ နေရာလေး တစ်ခုပဲ ခက်ခဲနေတာပါ။ဆန်ဖယ်သာမြို့မှာ သိုင်းအဆင့်၃ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ သိုင်းသမား ထောင်ပေါင်းများစွာ ရှိပေမဲ့ တော်တော်များများဟာ အတွင်းအားကို လုံးဝ နားမလည်သလို သိုင်းအဆင့် ၄ ကိုလည်း မရောက်ရှိကြပါဘူး။ ဇောင်ကလန်က ပါရမီရှင် လူငယ်တွေ ဖြစ်ကြတဲ့ ဇောင်ရိဂျန်တို့ ဇောင်ယုဖေတို့တောင် မအောင်မြင်ကြသေးပါဘူး။ဇောင်ဖန်ဟာ အဲဒီတစ်ညလုံး အရှုံးတွေနဲ့ပဲ ရင်ဆိုင် နေရပါတယ်။"အလောမကြီးသင့်ဘူး ... ငါကအခုမှ သိုင်းအဆင့် ၃ ထဲ ရောက်ခါစပဲ ရှိသေးတယ်။ တကယ်လို့ငါသာ အသက်ရှူ လေ့ကျင့်ခန်းကို အဆင့် ၃ ရဲ့အထွတ်အထိပ် အဆင့်ထိ ရောက်ရင်တော့ ငါနားလည်ဖို့ အခွင့်အရေး ပိုရမယ်လို့ ယုံကြည်တယ် "ဒုတိယရက်မှာတော့ ဇောင်ဖန်ကအသက်ရှူ လေ့ကျင့်ခန်းနဲ့ ဒေါသနဂါး လက်သီးသိုင်းကို နောက်တစ်ခါက် ထပ်လေ့ကျင့်နေပါတယ်။ တတိယနေ့မှာတော့ အသက်ရှူ လေ့ကျင့်ခန်းကို အဆင့်၃ ရဲ့ အထွတ်အထိပ် အဆင့်ထိ ဖြည်းဖြည်းချင်း လေ့ကျင့်နေပါတယ်။ ဇောင်ဖန်က အခုဆိုရင် သူ့ခန္ဓာကိုယ်ဟာ အတိုင်းအတာ တစ်ခုအထိ ရောက်နေပြီးလို့ ခံစားနေ ရပါတယ်။ သူအကြိမ်ကြိမ် လေ့ကျင့်လိုက်တိုင်း ဒီလိုခံစား လိုက်ရပြီးတော့ သူခန္ဓာကိုယ်က လက်ခံနိုင်တဲ့ အမြင့်ဆုံးထိ ရောက်သွားပါတယ်။ သူကချီကို နောက်တစ်ကြိမ် စုစည်းဖို့ ကြိုးစားပေမဲ့ ထပ်မံ ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ သူရှုံးနိမ့်သွားတိုင်းမှာ သူအားအင်တွေဟာ ကုန်ခန်း သွားပါတယ်။ ဇောင်ဖန်က လေပြေသိုင်းကျမ်းကို သိပေမဲ့လည်း အဲဒါကို သုံးပြီး ချီကို လေ့ကျင့်တာဟာ တော်တော်ကို ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ ဇောင်ဖန်က လုံးဝ အရှုံးမပေးပဲ သူအကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ အတွက် မသိမသာ တိုးတက် လာပါတယ်။အဲဒီနေ့မှာပဲ ဇောင်ဖန်ဟာ အကြောင်းကြားစာ တစ်စောင်ကို လက်ခံရရှိခဲ့ပါတယ်။ မနက်ဖြန် နေ့လယ်ခင်းမှာတော့ အလွန် အစွမ်းထက်တဲ့ သိုင်းပညာရှင် တစ်ဦးဟာ သိုင်းလေ့ကျင့်ရေး ကွင်းထဲမှာ ဟောပြောပို့ချ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။အပြင်တပည့်တွေ အကုန်လုံး ဒီအကြောင်းကို သိကြပါတယ်။"သိုင်းလေ့ကျင့်ရေး ကွင်းထဲမှာ လုပ်မှာလား ..." မိသားစု သိုင်းပြိုင်ပွဲက နောက်တစ်လလောက် လိုသေးတယ် ဆိုပေမဲ့ အပြင်တပည့်တွေ အကုန်လုံးဟာ သူတို့ ပိုကြမ်းလာအောင် စတင်ပြင်ဆင် နေကြပါပြီ။ဇောင်ဖန်က ဒီသင်ကြား ပို့ချချက်ကို တော်တော်ကြီး မျှော်လင့်ထားပါတယ်။ သူဇောင်ကလန်မှာ နေခဲ့တဲ့နှစ်ဝက် အတွင်းမှာ ဒီလိုအခွင့်အရေးမျိုး တစ်ခါမှ မရဖူးပါဘူး။နောက်တစ်နေ့ မနက်ခင်းမှာတော့...နေ့လယ်ခင်း မရောက်ခင်ထဲက ဇောင်ကလန်က တပည့် တော်တော်များများဟာ အဲဒီနေရာကို ရောက်ရှိနေပါပြီ။ ဇောင်ဖန်တောင် သူမမြင်ဖူးတဲ့ အပြင်တပည့် တော်တော် များများကို မြင်နေရပါတယ်။"ဟိုမှာ ကြည့်လိုက်စမ်း ... အပြင် တပည့်တွေထဲမှာ ထိပ်ဆုံး ၃ ယောက်ထဲ ရောက်နေတဲ့ ဇောင်ယုဖေးနဲ့ ဇောင်ရိဂျန် တို့နှစ်ယောက်မလား ... အဆင့် ၅ ရောက်နေတဲ့ ဇောင်ဂန် တို့တောင်မှ ဒီမှာ ရောက်နေတာပဲ..."ဒီလူတွေဟာ အပြင်တပည့်တွေထဲမှာ အဓိက အာရုံစိုက်ခံ နေရပါတယ်။ဇောင်ကလန်မှာ အသက် ၁၃ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်ပေါင်း ထောင်ကျော်ရှိပါတဲ့ အထဲမှာ တစ်ဝက်ကျော်ကျော်ဟာ သိုင်းအဆင့် ၂ မှာပဲ ရှိကြသေးပါတယ်။ ဇောင်ဖန် ရောက်စတုံးကဆိုရင် သူဟာ ဟိုအောက်ခြေမှာ ရောက်နေတာပါ။ကွင်းထဲမှာတော့ ထိပ်ဆုံး ၁၀ ယောက်ဟာ လူတော်တော် များများ သတိပြုမိ ကြပါတယ်။ အထူးသတိပြု ခံရတာကတော့ အသက် ၁၅ နှစ်ပဲ ရှိသေးတဲ့ ဇောင်ယုဖေး ဖြစ်ပါတယ်။ သူမဟာ ဒီလူတွေ ကြားထဲမှာ လှပစွာ မတ်တတ် ရပ်နေပါတယ်။ သူမဟာ လှပရုံပဲ မဟုတ်ပါဘူး ပါရမီလည်း အလွန် မြင့်ပြီးတော့ သိုင်းအဆင့် ၃ ကို ရောက်နေပါတယ်။ သူမဟာ ဇောင်ရိဂျိန်ကိုတောင် ယှဉ်ပြိုင်နိုင်ပါတယ်။"ဟိုမှာကြည့်စမ်း ... အဲဒီဒါက အတော်ဆုံးဆိုတဲ့ ဇောင်ယွီး မဟုတ်လား" ဇောင်ယွီးကို မြင်လိုက်ရတဲ့ အခါမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပါတယ်။လူငယ်တွေဟာ သူ့တို့ဟာသူတို့ လမ်းဖယ်ပေးတဲ့ အတွက် ဇောင်ဖန်တောင်မှ သူ့ကို ရှာစရာ မလိုပါဘူး။ အသက် ၁၆ နှစ် ၁၇နှစ်ပဲ ရှိသေးတဲ့ လူငယ်လေးဟာ လူငယ်တွေကြား ဖြတ်လျှောက် လာပါတယ်။ သူဟာ မိုးပြာရောင် အင်္ကျီဝတ်ထားပြီးတော့ ရိုးရှင်းတဲ့ မျက်နှာလေးနဲ့ ရှိနေပါတယ်။"သူက ဇောင်ယွီး လား" ဒါဟာ ဇောင်ယွီးကို ပထမဆုံးအကြိမ် ဇောင်ဖန် မြင်ဖူးတာ ဖြစ်ပြီးတော့ သူနဲ့ပတ်သက်ပြီး ကောလာဟလတွေပဲ အရင်က ကြားနေရတာပါ။ဇောင်ယွီးက တပည့် တော်တော်များများထက် အသက် ပိုကြီးပြီး အသက်၁၇ နှစ်ရှိပါပြီ။ ဒါဟာ ဘာလို့လဲဆိုတော့ လူတစ်ယောက်ဟာ အသက် ၁၈ နှစ် ပြည့်သွားတာနဲ့ လူကြီးလို့ သတ်မှတ် လိုက်ကြပြီးတော့ လူငယ် မျိုးဆက် စာရင်းကနေ သိပ်မကြာခင် ထုတ်ပယ်ခံ ရတော့မှာပါ။ ဇောင်ယွီးက အခန်းထဲမှာ အဆက်မပြတ် လေ့ကျင့်နေတဲ့ အတွက် တခြား လူတွေကသူ့ကို မြင်လေ့မရှိပါဘူး။အဲဒီအချိန်မှာ ဇောင်ဖန်က သူမကို မျက်ခြည်မပြတ် ကြည့်နေပြီးတော့ အလွန်ကြီးမားတဲ့ ဖိအား တစ်ခုကိုလည်း သူခံစားနေရပါတယ်။ သူတို့တွေဟာ အဆင့်တူကြပေမဲ့ ဇောင်ဖန်ဟာ ဇောင်ယွီး ဆီကနေ ထွက်ပေါ်လာတဲ့ ဖိအားတွေကို ခံစားနေရပါတယ်။ဇောင်ယွီးဟာ အသက်ပိုကြီးတဲ့ အတွက် သူဟာသိုင်း ပညာကို အချိန်ပိုကြာစွာ လေ့ကျင့်ထားသလို သူ့အခြေခံဟာ အလွန် ခိုင်ခံ့နေပါပြီ။ သူ့အစွမ်းအစမှာတော့ သူဟာ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို ပိုင်ဆိုင် ထားပါတယ်။သူဟာ အပြင်တပည့်တွေထဲမှာ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ် ... အံ့သြစရာ မရှိပါဘူး။ဇောင်ဖန်ဟာ သူရဲ့ အားနည်းချက်ကို လုံးဝမတွေ့ပါဘူး။ ဇောင်ယွီးက သူအစွမ်းအစကို ပြပြီးတဲ့ အခါမှာ အဆင့် ၃ ရောက်နေတဲ့ ဇောင်ရိဂျိန်နဲ့ အဆင့် ၅ မှာရှိတဲ့ ဇောင်ဂန်းတို့ဟာ သူတို့ တိုက်ခိုက်မှု အစွမ်းတွေကို ထုတ်ပြ ပါတော့တယ်။ အပြင်တပည့်တွေထဲက ထိပ်ဆုံး ၅ ယောက်ရဲ့ အစွမ်းတွေဟာ သိပ်မကွာကြပါဘူး။ဟောပြော သင်ကြားပွဲစဖို့ အချိန်နည်းနည်းပဲ ကျန်ပါတော့တယ်။ သိပ်မကြာခင်မှာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပါတယ်။"ဇောင်ဂန်းက ဒီမှာပဲ...""ဇောင်ဂန်းလား ထိပ်ဆုံး ၅ ယောက်ထဲမှာ ပါတဲ့ တစ်ယောက်လား"တပည့် တော်တော်များများဟာ နေရာ တစ်ခုတည်းကို လှည့်ကြည့် လိုက်ပါတယ်။ ဆံပင်တိုတိုနဲ့ ပိန်ပိန် ပါးပါး ခန္ဓာကိုယ်ရှိတဲ့ လူငယ်လေး တစ်ယောက် ရောက်ရှိလာ ပါတယ်။ဇောင်ဂန်းလား ...ဒီနာမည်ကို ရင်းနှီးနေတယ်လို့ ဇောင်ဖန် ခံစားနေရပါတယ်။ သိပ်မကြာခင်မှာပဲ ဒီလူဟာ ဇောင်ကွန်း အစ်ကိုဖြစ်တယ် ဆိုတာကို မှတ်မိသွားပါတယ်။ သေချာသွားပါပြီ ဇောင်ဂန်းရဲ့ နောက်ကနေ အလွန် ရင်းနှီးနေတဲ့ လူတစ်ယောက် ထွက်လာပါတယ်။ အဲဒါဟာ ဇောင်ကွန်း ...ဇောင်ကွန်းဟာလည်း ဇောင်ဖန်ကို မှတ်မိပါတယ်။ ဇောင်ဖန်ကို မြင်လိုက်တဲ့ အချိန်မှာ သူ့အစ်ကိုဆီကို လျှောက်သွားပြီး တော့ တစ်စုံတစ်ခုကို ပြောလိုက်ပါတော့တယ်။ အာဇောင်ဂန်းက သူ့ဘေးပတ်လည်ကို လှည့်ကြည့်ပြီးတော့ ဇောင်ဖန်ကို အေးစက်စွာ စိုက်ကြည့် နေပါတယ်။"မင်းကဇောင်ဖန်လား"ဇောင်ဂန်းဟာ ခံစားချက်မဲ့စွာ ပြောပြီးတော့ သူ့ဆီကို လျှောက်လာပါတယ်။ဟူး...လူအုပ်ကြီးဟာ ထိတ်လန့် သွားပါတယ်။"ဘာတွေ ဖြစ်နေတာလဲ။ ဇောင်ဂန်းက ဒီအညတရလူ တစ်ယောက်ကို ဘာပြဿနာ ရှာနေရတာလဲ ..."အညတရ ဟုတ်လား"လူတစ်ယောက်က ရယ်မောပြီးတော့ သူ့ခေါင်းကို ခါလိုက်ပါတယ်။"ဇောင်ဖန်က အညတရ ကောင်ကလေး မဟုတ်ဘူးဟ။ လွန်ခဲ့တဲ့ ရက်တွေကပဲ ခေါင်းစိမ်း ကျားဘုရင်ကို သူသတ်သွားသေးတယ်လေ...""အိုး အဲဒါ သူလား ..""ဇောင်ဂန်းရဲ့ ညီလေးကို သူ နိုင်သွားသေးတယ်လို့ ငါကြားလိုက်တယ်။ ငါလောင်းရဲတယ် ဇေင်ဂန်းဟာ အခု လက်စားချေဖို့ ရောက်လာတာပဲ"လူအုပ်ကြီးဟာ အချင်းချင်း တိုးတိုး ပြောပြီးတဲ့အခါ ငြိမ်သက် သွားပါတယ်။ တပည့် တော်တော်များများဟာ သူတို့ မျက်နှာတွေကို တစ်လှည့်ပြီး တစ်လှည့် ကြည့်နေကြပါတယ်။ ဇောင်ဂန်းဟာ အပြင်တပည့်တွေ ကြားထဲမှာ အဆင့် ၅ နေရာမှာ ရောက်နေတဲ့ လူတစ်ယောက်ပါ။အဲဒီအချိန်မှာ အတော်ဆုံးဖြစ်တဲ့ ဇောင်းယွီး၊ အဆင့် ၂ နဲ့ ၃ ဖြစ်ကြတဲ့ ဇောင်ရိဂျိန်နဲ့ ဇောင်ယုဖေ တို့တောင် ကြည့်နေကြပါတယ်။ဇောင်ရိဂျိန်ရဲ့ မျက်နှာမှာတော့ ပီတိတွေ ဖြာနေပါတယ်။ ဇောင်ဂန်းရဲ့ အစွမ်းအစကို သူကောင်းကောင်း သိတာပေါ့။ ဇောင်ရိဂျိန် ဘေးနားမှာ ရှိနေတဲ့ ဇောင်ဇူးဟာ သက်ပြင်း ချလိုက်ပေမဲ့ ဆေးတဲမှာတုန်းက ဇောင်ဖန် ဆက်ဆံပုံကို သတိရသွားတဲ့ အခါမှာတော့ သူမရဲ့ စိုးရိမ်နေတဲ့ မျက်နှာပေါ်မှာ အေးစက်မှုတွေ အစားထိုး လာပါတော့တယ်။တခြားတစ်ဖက်မှာတော့ ဇောင်ယုဖေး မျက်နှာပေါ်မှာ စိတ်ဝင်စားမှုတွေ ဖြစ်ပေါ်နေပါတယ်။ မြားပစ်ကွင်းမှာတုန်းက ဇောင်ဖန်ရဲ့ အစွမ်းပြမှုမှာ သူမဟာ အံ့သြထိတ်လန့်ခဲ့ ရပါတယ်။ နောက်ဆုံးမှာတော့ ဇောင်ဖန်ကို လူတိုင်းဟာ အာရုံစိုက်ကြည့် နေပါတော့တယ်။"ကောင်လေး ဒီနေ့တော့ လူတွေရှေ့မှာ မင်း အရှက်ကွဲတော့မယ် ထင်တယ်"ဇောင်ကွန်း မဲ့ပြုံး ပြုံးလိုက်ပါတယ်။ ဇောင်ဂန်းက တစ်လှမ်းချင်း လျှောက်လာပြီးတော့ သူခြေလှမ်း တစ်လှမ်း လှမ်းလိုက်တိုင်း အခြေအနေဟာ ပိုပြီး ဆိုးလာသလိုပါပဲ။"ဟုတ်တယ် ငါက ဇောင်ဖန်ပဲ"ဇောင်ဖန်က ခပ်ရေးရေးလေး ပြုံးပြီး ဇောင်ဂန်းကို ပြောလိုက်ပါတော့တယ်။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now