အခန်း ၁၂

43 2 1
                                    


အခန်း ၁၂

"ကြည်စမ်း ... ဒီလူဟာ ဇောင်ကလန်ရဲ့ တပည့်တစ်ယောက် ထင်တယ်"

ရှင်း ကလန်က တခြား တပည့်တွေဟာ ကျားဘုရင်ကို ဖမ်းနေတဲ့ ဇောင်ဖန်ကို သတိထားမိ လိုက်ကြပါတယ်။ ရှင်းဖေ ကဇောင်ဖန်ရဲ့ နောက်ကျောကို ကြည့်လိုက်ပြီးတော့ တိုးတိုးလေး ညည်းလိုက်ပါတယ်။

"ဘယ်လောက်တောင် အဆင့်မြင့်တဲ့ ကိုယ်ဖော့သိုင်းလဲ ... ငါအစွမ်းကုန် ထုတ်သုံးတာတောင် သူ့လျင်မြန်မှုက ငါ့နဲယှဉ်နိုင်ပြီးတော့ သူ့မြားပစ် အစွမ်းက မဆိုးဘူးပဲ...."

"ဟွန့် ... သူကမြားတွေပဲ ပစ်နေပြီးတော့ ငါတို့လိုသေချာ ဖမ်းတာလဲ မဟုတ်ဘူး ... "

သိုင်းအဆင့် ၃ ကို ရောက်နေတဲ့ လူငယ်လေး တစ်ယောက်က အေးစက်စက် ပြောလိုက် ပါတယ်။ ဒီလူငယ်လေးဟာ ရှင်းဖေလောက် အစွမ်းမရှိပါဘူး။

သူ့စကားကို တခြား တစ်ယောက်က ချက်ချင်း ထောက်ခံ လိုက်ပြီးတော့ "မင်းပြောတာ မှန်တယ် ... သူဟာငါတို့ကို တည်ကြက်အနေနဲ့ ထားပြီးတော့ သူ့မြားတွေနဲ့ ချောင်းပစ် နေတာ ... "

"ဒီလူဟာ ငါတို့အသက်ကို ကယ်ထားတာနော်" ရှင်းဖေဟာ သူ့ခေါင်းကို ခါလိုက်ပြီးတော့ ငြင်းလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ကီလိုမီတာ အနည်းငယ် အကွာက ခေါင်းစိမ်းနဲ့ ကျားဘုရင်ရဲ့ နောက်ဆုံး ဟိန်းသံကို ကြားလိုက်ပါတယ်။ ရှင်းကလန်က တပည့်တွေရဲ့ မျက်နှာအမူအရာ ပြောင်းလဲ သွားပြီးတော့ ကျားဘုရင် သေသွားပြီ ဆိုတာကို သူတို့ သိနေ ပါတယ်။

"မြန်မြန် ... "

ရှင်းဂန် ဆိုတဲ့ လူငယ်လေးက အသံထွက် ပေါ်လာတဲ့ ဘက်ကို လှည့်လိုက်ပါတယ်။

ဟူး...

ဇောင်ဖန်ဟာ သစ်ပင်ကို မှီလိုက်ပြီးတော့ အသက်ပြင်းပြင်း ရှူလိုက်ပါတယ်။ အောက်မှာတော့ ၅မီတာ ရှည်တဲ့ ကျားကြီးရဲ့ နဖူးမှာ မြားချောင်းတွေ စိုက်နေပါတယ်။ မကြာသေးခင်က ကျားဘုရင်ဟာ အလွန် ကြောက်စရာ ကောင်းပေမဲ့ အခုအခါမှာတော့ အသက်မရှိတော့ပါဘူး။

ဇောင်ဖန်ဟာ မြားနောက် တစ်စင်းပစ်ဖို့ လုပ်လိုက်ပေမဲ့ သူ့မှာ ဘာမြားမှ ကျန်မနေတော့ပါဘူး။

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Wo Geschichten leben. Entdecke jetzt