အခန်း (၇)

39 9 0
                                    

အခန်း (၇)ဇောင်ဖန်က လေးကို နောက်တစ်ကြိမ် ကောက်ကိုင် လိုက်ပြီးတော့ ကြိုးကို ဖြည်းညင်းစွာ ဆွဲလိုက်ပါတယ်။"ဒီကောင်လေးရဲ့ နေရာယူပုံကို ကြည့်ကြစမ်း သူဟာ အခုမှ စလေ့လာတဲ့သူမှန်း သိသာလွန်းတယ်""ဟွန့် ... သူသာ နောက်တစ်ခေါက် အလယ်တည့်တည့်ကို ထိကြည့်လိုက် ငါ့နာမည်ကို နောက်မှာရေးပေးလိုက်မယ်"မြားသမားတွေရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ ပေါ်လွင် နေပြီးတော့ ဇောင်ဖန်ကို အထင်သေးတဲ့ အကြည့်တွေနဲ့ ကြည့်နေ ကြပါတယ်။အဲဒီလူတွေထဲမှာ ဇောင်ရီဆိုတဲ့ တစ်ယောက်ပဲ အတော်ဆုံး ဖြစ် ပြီးတော့ သူ့မျက်နှာမှာ ယုံကြည်မှုတွေနဲ့ ပြည့်နေပါတယ်။ "မြားပစ်ပညာ ဆိုတာဟာ ပစ်လိုက်တဲ့ အချိန်တိုင်းမှာ တိုးတက် လာပြီးတော့ အထွတ်အထိပ် မြားသမားဖြစ်ဖို့ ဒီတစ်နည်းပဲ ရှိပါတယ်"ဘေးမှာ ရှိနေတဲ့ မြားသမားတွေ အကုန်လုံး သူ့စကားကို ခေါင်းညတ် ထောက်ခံ လိုက်ကြပါတယ်။ဇောင်ဖန်က မျက်လုံးကို မှေးထားပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ သူ့ဘယ်ဘက် မျက်စိကို မသုံးထားပါဘူး။တကယ်လို့ သူသာ သူ့ဘယ်ဘက်မျက်စိကို အသုံးပြုလိုက်ရင် သေချာပေါက် အလယ် တည့်တည့်ကို ထိမှာပါ။ဇောင်ဖန်က သူ့အစွမ်းတွေ ဖုံးကွယ်ထားဖို့ ဆုံးဖြတ်လိုက် ပြီးတော့ သူ့ဘယ်ဘက် မျက်စိကို သုံးတယ် ဆိုရုံလောက်သာ အသုံးပြု လိုက်ပါတယ်။အဲဒီအချိန်မှာပဲ သူ့စိတ်ထဲမှာ ရှိနေတဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း မြားပစ်ပညာဟာ သူ့နှလုံးသားနဲ့ ပေါင်းစပ်သွား ပြီးတော့ သူ့ရဲ့ အစိတ်အပိုင်း တစ်ခုလို ဖြစ်နေပါပြီ။ဇောင်ဖန်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေထဲမှာ အသက်ရှူသံတွေက အစ အနည်းငယ် စတင် ပြောင်းလဲ သွားပါတယ်။ဒီပြောင်းလဲ သွားမှုတွေကို အနီးနားမှာရှိတဲ့ သူတွေတောင် မမြင်လိုက်ကြပါဘူး။ဒါပေမဲ့ အလွန်တော်တဲ့ မြားပစ်သမား ဇောင်ရီရဲ့ မျက်စိတွေဟာ တောက်ပ သွားပါတယ်။ရွှပ်...မြား ပစ်လွှတ်လိုက်တာနဲ့ မြားဟာ လေးကနေပြီးတော့ လေကိုခွင်းပြီး ထွက်ခွာ သွားပြီးတော့ ကြယ်ကြွေ လာသလိုမျိုး ပစ်မှတ်ကို ထိသွား ပါတော့တယ်။အလယ်တည့်တည့်ပဲ..."နောက်တစ်ခေါက် ၁၀ ဝိုင်းပဲလား" ဇောင်ဖန် မျက်နှာပျက် သွားပါတယ်။အခုချိန်မှာ သူ့ဘယ်ဘက် မျက်စိကို သူ အပြည့်အဝတောင် မသုံးပါဘူး။ ဒါပေမဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း သိုင်းကျမ်းကြောင့် ဒီလို ရလဒ်ကောင်းတွေ ရနေတယ်လို့ သူ တွေးလိုက်မိပါတယ်။ ဒါပေမဲ့ အလယ် တည့်တည့်ကိုပဲ ထိဦးမလား ဆိုတာကိုတော့ သူမသိပါဘူး။အယ် ...ဇောင်ဖန်က ခေါင်းကို ခါယမ်းလိုက်ပြီးတော့ ညည်းတွား လိုက်ပါတယ် သူ့လုပ်ရပ်ဟာ တပည့်တွေရဲ့ မျက်နှာကို တင်းမာ သွားစေပါတယ်။"နောက်တစ်ခေါက် အလယ် တည့်တည့်ပဲလား သူက ဘယ်လို ကောင်မျိုးလဲ""အလယ်တည့်တည့်ကို သူ ၂ကြိမ် ပစ်လိုက်နိုင်တယ်။ ဘယ်လိုလူက ဒီလောက်ထိ ကံကောင်း နေရတာလဲ"မြားသမားတွေရဲ့ မျက်နှာမှာ စိတ်ရှုပ်ထွေးမှုတွေနဲ့ မယုံကြည်နိုင်မှုတွေ ဖြစ်ပေါ်နေပါတယ်။"ကောင်းပြီ ငါမြားပစ်လို့ ပြီးပြီပဲ ငါအခု သွားရတော့မယ်"ဇောင်ဖန်က သူ့အဝတ်အစားတွေကို ပုတ်လိုက်ပြီးတော့ ပုံစံတကျ ထားလိုက်ပြီးတော့ သူ့လေးကို ချလိုက်တဲ့ အချိန်မှာပဲ သူထွက်ခွာဖို့ အဆင်သင့် ဖြစ်နေပါပြီ။သူ့ရဲ့နောက်ကို ကြည့်လိုက်မယ်ဆိုရင် မြားသမားတွေ အကုန်လုံး ဒေါသထွက် နေကြပါတယ်။"ကောင်လေး အခုချက်ချင်း ရပ်လိုက်စမ်း"အေးစက်နေတဲ့ အသံတစ်ခု နောက်က ထွက်ပေါ် လာပါတယ်။ဇောင်ဖန်က သူ့ခြေလှမ်းတွေကို ရပ်လိုက်ပြီးတော့ နောက်ကို လှည့်လိုက်ပါတယ်။သူ့ကို လှမ်းခေါ်လိုက်တဲ့ သူကတော့ ဇောင်ရီပဲ ဖြစ်ပါတယ်။ဇောင်ရီရဲ့ မျက်နှာက ဒေါသတွေနဲ့ ပြည့်နှက်နေပြီးတော့ သူ့သိုင်းပညာဟာ သိုင်းအဆင့် ၃ ဖြစ်ပြီး ဘေးနားက လူတွေကို ဖိအားတွေ ပေးနေပါတယ်။ဇောင်ရီဟာ အသက် ၁၇-၁၈ ပဲရှိပါတယ်။ သူ့ရဲ့အကြောင်း အရာတွေ ကတော့ သူ့ရဲ့သိုင်းပညာက မြင့်မားပြီး ဇောင်ဖန်ထက်လည်း အရွယ်အစား ပိုကြီးပြီးတော့ တစ်ခါတလေ ရက်စက် တတ်ပါတယ်။"ငါ မြားကိုလည်း ပစ်ပြီးသွားပြီ။ ဒါ့အပြင် ငါ့ကိုဘာတွေ ထပ်လုပ်စေချင်လို့လဲ""မင်းဟာ ဟန်ဆောင်နေတာပဲ" ဇောင်ဖန်ဟာ "မင်းဟာ အခုမှ စတင် လေ့ကျင့်တာ မဖြစ်နိုင်ဘူး။ မင်းဟာ ငါတို့ကိုလာ ကစားနေတာပဲ"အဲဒီလိုလည်း ပြောပြီး သွားတဲ့အချိန်မှာ အနားမှာရှိနေတဲ့ မြားသမားတွေ သူ့အနားကို ရောက်လာပြီးတော့ ခေါင်းညိတ် ထောက်ခံ လိုက်ကြပါတယ်။"ဒီကောင်လေး ဒီလောက် ကံကောင်းနေတာ အံ့သြစရာ မကောင်းတော့ပါဘူး။ သူဟာ ဝက်ယောင်ဆောင်ထားတဲ့ ကျားတစ်ကောင်ပဲ""ဟွန့် ဒီကောင်က ငါတို့ကို လှည့်စားရဲတယ်ပေါ့"အနားမှာရှိနေတဲ့ တပည့်တွေက ဇောင်ရီရဲ့စကားကို ယုံကြည်နေပြီးတော့ ဒေါသထွက်နေတဲ့ မျက်နှာတွေနဲ့ ဇောင်ဖန်ကို စတင်ပြီး အော်ဟစ် နေပါတယ်။"အားလုံးစိတ်လျှော့ကြပါ။ ဒါဟာတကယ်ပဲ ငါ့ရဲ့ပထမဆုံး မြားပစ်ခြင်းပါ"ဇောင်ဖန်ခေါင်းကို စိတ်ပျက်လက်ပျက် ခါယမ်း လိုက်ပါတယ်။ သူက အမှန်တော့ ဝက်ယောင်ဆောင်တဲ့ကျား မဟုတ်ပါဘူး။ဒီလိုမျိုး ရလဒ်ကောင်းကောင်း ရဖို့လည်း သူမ မျှော်လင့်ထားပါဘူး။ဇောင်ရီက သူ့ရဲ့ တောက်ပနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေပြီးတော့ "ပထမမြား ၂ ချက်တောင်မှ ငါလှည့်စား ခံလိုက်ရတယ်။ ဒါပေမဲ့ တတိယမြောက် မြားချက်ကတော့ ... မင်းရဲ့ လက်ထားပုံဟာ အဆင့်မြင့်နေပြီဆိုတာ ထင်ရှား လွန်းပြီးတော့ ၅၀ မီတာ အကွာမှာရှိတဲ့ ပစ်မှတ်ကို ၂ ကြိမ် ဆက်တိုက် ပစ်နိုင်တယ်။ ဘယ်လို လူသစ်က ဒီလောက် ကံကောင်းနိုင်မှာလဲ"သူ့စကားအတွက် သူ့မှာ အကြောင်းပြချက်တွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒါက အရေးမပါဘူး။ ဘာလို့လဲ ဆိုတော့ ဇောင်ဖန်မှာ ပါးစပ်ပေါင်း ၁၀၀ ရှိရင်တောင် သူ ဘယ်လိုမှ ရှင်းပြလို့ရမှာ မဟုတ်ပါဘူး။"အဲဒီတော့ မင်းတို့က ဘာလုပ်စေချင်တာလဲ"ဇောင်ဖန်မျက်နှာဟာ အေးစက်သွားပြီးတော့ သူဟာဘာမှ ရှင်းပြမနေချင်တော့ပါဘူး။ "ဟဲဟဲ ကောင်လေး မင်းက ငါတို့ကို ကစားရဲလောက်အောင် သတ္တိတွေ ရှိနေတယ်ပေါ့။ ဒါကြောင့် မင်းကို ငါတို့ လွယ်လွယ်နဲ့တော့ မလွှတ်ပေးနိုင်ဘူး"***"အစ်မယုဖေး ... ဟိုနေရာ ကြည့်လိုက်ပါဦး။ လူတွေအများကြီးပဲ။ ငါတို့ သွားပြီး ကြည့်ရအောင်"ဇောင်ကလန်က မိန်းကလေးတချို့ အတွက်ကတော့ လူတွေအများကြီး ရှိတဲ့နေရာက သူတို့ကို စိတ်ဝင်စားစေပြီးတော့ သူတို့ကို လူတွေအများကြီးက စိတ်ဝင်စားတာကို ကြိုက်ကြပါတယ်။ဤမိန်းကလေးတွေဟာ အသက် ၁၂ ကနေ ၁၆ ဝန်းကျင်ပဲ ရှိပါသေးတယ်။သူတို့ထဲက တစ်ယောက်တော့ ခရမ်းရောင်ကို ဝတ်ဆင်ထားပါတယ်။ သူ့ရဲ့မျက်နှာလေးဟာ နှင်းစက်လေးတွေလိုမျိုး ဖြူဖွေးနေပြီးတော့ နုနယ်လွန်းပါတယ်။ ဒါပေမဲ့ သူမရဲ့ အလှကို ဘယ်အရာမှ နှိုင်းယှဉ်လို့ မရပါဘူး။"အရမ်းလှတာပဲ ... ဘယ်သူလဲ မသိဘူး "ဇောင်ဖန်နဲ့ အသက်တူလောက်ပဲရှိတဲ့လူငယ်လေးဟာ ပြုစားခံလိုက် ရသလိုပဲ မလှုပ်မယှက် မတ်တတ်ရပ်နေပြီးတော့ သူ့မျက်လုံးတွေဟာ ကောင်မလေးဆီကနေ မခွာနိုင် ဖြစ်နေပါတယ်။အဲဒါဟာ ဇောင်ကလန်ရဲ့ ပါရမီရှင် အသစ်ပေါ့ "ဇောင် ယုဖေး"လို့ခေါ်တယ်။ဇောင်ကလန်ရဲ့ တပည့် တော်တော်များများက မိန်းကလေးရဲ့ အကြောင်းတွေကို သိနေပါတယ်။"သူမဟာ အသက်၁၄-၁၅ နှစ်ပဲရှိပြီးတော့ သူမရဲ့သိုင်းပညာဟာ သိုင်းအဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ရောက်ရှိနေပြီပဲ။ သိပ်မကြာခင်မှာ သူမဟာ သိုင်းအဆင့် ၄ ကို ရောက်ရှိနေ ပြီးတော့ တကယ် သိုင်းပညာရှင် ဖြစ်တော့မှာလေ"ဒီဇောင်ယုဖေး အလှတစ်ခုတည်း ရှိတာ မဟုတ်ပါဘူး။ သူမမှာ အလွန်ထူးခြားတဲ့ ပါရမီလည်း ရှိပါတယ်။ဇောင်ရီတောင်မှ ဇောင်ယုဖေးကို မြင်လိုက်တဲ့ အချိန်မှာ သူ့မျက်လုံးတွေ တောက်ပ သွားပါတယ်။"သူမ..."ဇောင်ဖန်လည်း ဇောင်ယုဖေးကို သိနေပါတယ်။ဇောင်ယုဖေးဟာ ကလန်ခွဲက တပည့်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့ နှစ်ဝက်ကျော်လောက် ထဲက ရောက်နေခဲ့တာပါ။သူမရဲ့ သိုင်းပညာဟာ ဇောင်ရိဂျန်နဲ့ အဆင့်တူပါတယ်။ ဒါပေမဲ့ သူမဟာ အသက် ပိုငယ်ပါတယ်။ကလန်ခွဲကလာတဲ့ လူတစ်ယောက် အတွက် ဒီအခြေအနေတွေ အောက်မှာ သူမ ဒီအဆင့် ရောက်လာတယ် ဆိုတာဟာ ယုံကြည်ဖို့ ခက်ခဲပါတယ်။သူမဟာ ပါရမီရှင် ဖြစ်နိုင်ပါတယ်။တချို့သော အရာတွေဟာ သာမန်လူတွေ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ပါရမီရှင်တွေ အတွက်ကတော့ လွယ်လွယ် ကလေးပါ။ဇောင်ဖန်က အရင်တုန်းက ဇောင်ယုဖေးကို မြင်ဖူးပြီးတော့ သူမ အရမ်းလှတယ်လို့ သူတွေးမိပါတယ်။ ဒါဟာ သက်တူရွယ်တူ လူငယ်တွေ ဖြစ်နေကျ ဖြစ်ပြီးတော့ သေချာပေါက် စိတ်ဝင်စား စေပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ဇောင်ဖန် သူ့သိုင်းပညာ လမ်းစဉ်နဲ့ အခြေတွေကို သိလိုက်ပါတယ်။ သူနဲ့ ဇောင်ယုဖေးတို့ဟာ မတူညီတဲ့ ကမ္ဘာကလူ နှစ်ယောက် ဆိုတာကိုပါ သိလိုက်ပါတယ်။ဇောင်ယုဖေး လာနေတာလည်း မြင်လိုက်တယ် ဆိုရင်ပဲ ဇောင်ရီက သူမကို နွေးထွေးစွာ သွားရောက် နှုတ်ဆက် လိုက်ပါတယ်။ဇောင်ဖန်က စိတ်ကို ထိန်းချုပ်ထားပြီးတော့ ဇောင်ယုဖေးကို တည့်တည့် လှမ်းကြည့် လိုက်ပါတယ်။သူမကို ကြည့်လိုက်ချိန်မှာပဲ ဇောင်ဖန်ရဲ့ဘယ်ဘက် မျက်စိဟာ သူ့ဘာသာ လှုပ်ရှား သွားပါတယ်။သူ့ဘယ်ဘက် မျက်စိရဲ့ မြင်ကွင်းထဲမှာ ဇောင်ယုဖေးဟာ ရင်သပ် ရှုမောဖွယ်ရာ ပုံသဏ္ဌာန် ပေါ်နေပြီးတော့ အရင်ကထက် ရှင်းလင်းစွာ မြင်နေရပါတယ်။အာ့...ဒီဖြစ်ရပ်ကို ဖြတ်ကျော်ရခြင်းက ဇောင်ဖန်အတွက် အံ့သြ ထိတ်လန့် နေစေပါတယ်။တဖြည်းဖြည်းနဲ့ ဇောင်ယုဖေးရဲ့ အဝတ်အစားတွေ အရောင် မှိန်သွားပြီးတော့ သူ့အတွင်းမှာ ရှိနေတဲ့ နှင်းလိုဖြူဖွေးတဲ့ အသားအရေတွေ ကိုတောင် မြင်နေရပါတယ်။သူ့ရဲ့ဘယ်ဘက် မျက်စိမှာ သာမန်မျက်စိနဲ့ မြင်နိုင်စွမ်းတွေ သိသိသာသာ အားနည်း ပျောက်ကွယ် သွားပါတယ်။အဲဒါက တစ်ခုပဲ ဖြစ်နိုင်ပါတယ်။ သူမှာ အလွန် အစွမ်းထက်တဲ့ မြင်နိုင်စွမ်း ရှိနေပါတယ်။ ဒါကြောင့် သူ အရာဝတ္ထုတွေကို ပိုပြီး ပြတ်သားစွာ မြင်နေရတာပါ။မတူတဲ့ အချက်ကတော့ သာမန်လူတွေရဲ့ မြင်နိုင်စွမ်း ကတော့ အဝေးက အရာတွေပဲ မြင်နိုင်ပြီးတော့ ဇောင်ဖန်ရဲ့ မြင်နိုင်စွမ်းမှာတော့ အဝေးက အရာတွေ အနီးကို တိုးပြီး ကြည့်နိုင်ပြီးတော့ ဖုံးကွယ်ထားတဲ့ အရာတွေကိုလည်း မူရင်းအတိုင်း မြင်နိုင်ပါတယ်။ အဲဒါဟာ ဘာကြောင့်လဲ ဆိုတော့ သူ့မှာ အရာအားလုံးကို ထုတ်ချင်းပေါက် မြင်နိုင်စွမ်း ရှိနေတာ သေချာလို့ နေပါတယ်။အဲဒီအချိန်မှာပဲ ဇောင်ဖန်ရဲ့ ဘယ်ဘက်မျက်စိဟာ ရှိသမျှ အစွမ်းတွေ တွန်းထုတ် လိုက်ပြီးတော့ အမည်းရောင် ကမ္ဘာထဲမှာတော့ အစိမ်းရောင် မှိန်မှိန်လေး လင်းနေတဲ့ အဝိုင်းလေးဟာ တောက်ပ လာပြီးတော့ အမြန် လည်ပတ်နေပါတယ်။ရုတ်တရက် ဇောင်ယုဖေးရဲ့ အဝတ်အစားတွေ အကုန် ပျောက်ကွယ် သွားပြီးတော့ သူမ ခန္ဓာကိုယ်ကို အကုန်လုံး နီးပါးတောင် မြင်နေရပါတယ်။ဇောင်ဖန်ရဲ့ ဘယ်ဘက်မျက်စိထဲမှာ သူမရဲ့ သွေးကြော"ဇောင်ယုဖေးရဲ့ ပါရမီက အရမ်းကောင်းတာပဲ သူမ "အတွင်းအား" ကို သိပ်မကြာခင်မှာပဲ ရတော့မှာပဲ"ဇောင်ဖန်က အလွန် အံ့သြနေပြီးတော့ သက်ပြင်း အရှည်ကြီး ချလိုက်ပါတယ်။အသက်အရွယ်အရ သူမဟာ သူ့ထက် တစ်နှစ်ပဲ ကြီးပါတယ်ဘ။ ဒါပေမဲ့ သူမဟာ တချို့ အဆင့်မြင့်တွေကို အောင်မြင် နေပါတယ်။ အဇူရာပန်ပေါင်းစံ ဒေသမှာ သိုင်းလေ့ကျင့်သူတွေဟာ သိုင်းအဆင့် ၃ မှာပဲ ရှိနေကြပြီးတော့ သူတို့ဟာ အတွင်းအားကို နားမလည်ပဲနဲ့ သိုင်းအဆင့် ၄ ကို ရောက်ရှိသွားကြ ပါတယ်။ဒါပေမဲ့ ဇောင်ယုဖေးဟာ အသက် ၁၄-၁၅ နှစ်ထဲနဲ့ "အတွင်းအား" ရဲ့ သဘောတရားကို အကုန်လုံး နီးပါး နားလည် နေပါပြီ။ သူမဟာ သိပ်မကြာခင်မှာပဲ တကယ် သိုင်းပညာရှင် ဖြစ်တော့မှာ ဖြစ်ပြီးတော့ သိပ်မလိုတော့ပါဘူး။"ငါ့ရဲ့ ဘယ်ဘက်မျက်လုံးက စွမ်းအားတွေကို အပြည့်အဝ မမြင်နိုင်ဘူးပဲ ဒါပေမဲ့ ငါကြည့်ပြီးတော့ သွေးကြောတွေနဲ့ အတွင်းအား အကြောင်းကိုတော့ ငါ ခံစားလို့ ရနေတာပဲ"အဲဒီအချိန်မှာပဲ အဓိက အချက်ကတော့ ဇောင်ယုဖေးဟာ တစ်ခုခုကို ခံစားမိလိုက်ပြီးတော့ ဇောင်ဖန်ကို လှမ်းကြည့် လိုက်ပါတယ်။ ဇောင်ဖန်ဟာ ဘာမှ မဖုံးကွယ်ထားပါဘူး။ ဒါပေမဲ့ သူ့ဘယ်ဘက်မျက်စိရဲ့ အစွမ်းတွေကိုတော့ ပိတ်ထားလိုက်ပါတယ်။ဇောင်ယုဖေးက ဘာမှန်းမသိတဲ့ ခံစားချက် တစ်ခုကို ခံစား နေရပြီးတော့ သူမမှာရှိတဲ့ လျှို့ဝှက်ချက်တွေ အကုန်လုံးကို တစ်ယောက်ယောက်က အကုန် သိရှိသွားပြီလို့လည်း ခံစားနေရပါတယ်။"ဒီမှာ ဘာတွေ ဖြစ်နေကြတာလဲ"ဇောင်ယုဖေးဟာ ကြောင်ငေး နေရာကနေ ပြန်လှည့်ပြီး မေးမြန်းလိုက်ပါတယ်။"ညီမလေးယုဖေး ဒါ ဘာဖြစ်တာလဲ ဆိုတော့"ဇောင်ရီနဲ့ တခြားလူတွေဟာ ဖြစ်ရပ်ကို ပုံကြီးချဲ့ပြီး လုပ်ကြံ ပြောကြ ပါတော့တယ်။"ငါ သိပြီ"ဇောင်ယုဖေးဟာ ဇောင်ဖန်ကို ကြည့်လိုက်ပါတယ်။ဇောင်ဖန်ဟာ ဒီအခြေအနေမှာ သူ ဘယ်လိုမှ ရှင်းပြလို့ မရတော့ဘူး ဆိုတာကို သိလိုက်ပါတယ်။"ကောင်လေး... မင်းလုပ်ခဲ့တဲ့ ကိစ္စဟာ ... မင်းက ဒီလူတွေကို ဒေါသထွက် စေခဲ့တယ်။ ငါမင်းကို ဒီလူတွေကို တောင်းပန်ဖို့ အခွင့်အရေး တစ်ခုပေးမယ်"ဇောင်ရီဟာ မောက်မာစွာ ပြောလိုက်ပါတယ်။တောင်းပန်ရမယ် ဟုတ်လား။"ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဘာကြောင့် ငါကတောင်းပန် ရမှာလဲ"ဇောင်ဖန်ဟာ လျှာကို သပ်လိုက်ပါတယ်။"မင်းငါတို့ကို တောင်းပန်လိုက်ရင် ဒီကိစ္စကို ငါတို့ ခွင့်လွှတ် လိုက်မယ်"ဇောင်ရီဟာ လူကြီးလူကောင်း ပုံစံနဲ့ပြောလိုက်ပါတယ်။သူဟာ ဒီလှဧကရီလေးရှေ့မှာ အကောင်းဆုံး သရုပ်ဆောင် ပါတော့တယ်။"တောင်းပန်ရမယ် ဟုတ်လား မဖြစ်နိုင်ဘူး" ဇောင်ဖန် ပြောလိုက်ပါတယ် "အရာအားလုံးဟာ မင်းတို့ထင်တာတွေ လျှောက်ပြီး ပြောနေတာတွေပဲ"သူအဲဒီလို ပြောလိုက်တဲ့ အထဲမှာ လူတွေထဲမှာ ဇောင်ယုဖေးလည်း ပါတဲ့အတွက် သူတို့တွေဟာ မျက်မှောင်ကြုတ်လိုက် ကြပါတယ်။"ဒီဇောင်ဖန်ဆိုတဲ့ကောင်က အကောင် သေးငယ်သလောက် မာနအလွန် ထောင်လွှားပါလား"ဇောင်ယုဖေးဟာ အခုဆိုရင် ဇောင်ဖန်ကို အထင်သေး သွားပါတယ်။"မင်း ကန့်ကွက်နိုင်ပါတယ် ဟုတ်တယ်ဟုတ်"သူဟာ စိတ်ဆိုးရမဲ့ အစား ရယ်မော လိုက်ပါတယ်။"မင်း မတောင်းပန်ဘူးဆိုရင် မင်းထွက်သွား ရလိမ့်မယ်လို့ မထင်လိုက်နဲ့"အနားမှာရှိတဲ့ တပည့်တွေဟာ ဇောင်ဖန်နားကို ကပ်လာကြပါတယ်။"တိုက်ခိုက်တာထက် တခြားဟာတွေ ပိုမလုပ်တတ်ကြဖူးလား"ဇောင်ဖန်မျက်နှာမှာ လှောင်ပြောင်မှုတွေ ပါနေပြီးတော့ ဇောင်ယုဖေးကို ကြည့်လိုက်ပါတယ်။ဇောင်ရီနဲ့ သူ့အပေါင်းအဖော်တွေရဲ့ မျက်နှာဟာ ပြောင်းလဲ သွားပါတော့တယ်။ဒီလှပတဲ့ ပါရမီရှင်ကောင်မလေးရဲ့ ရှေ့မှာတော့ သူတို့ဟာ လုံးဝ လူကြီးလူကောင်းပုံစံ ဟန်ဆောင်နေပြီးတော့ ဝိုင်းရိုက် နေရာကနေပြီးတော့ မရိုက်တော့တဲ့အတွက် အလွန် ကြည့်ရဆိုးပါတယ်။"ကောင်းပြီလေ... ငါ"ဇောင်ရီရဲ့ မျက်လုံးတွေနဲ့ နှလုံးသားမှာ ကောက်ကျစ်မှုတွေနဲ့ လှည့်ဖြားမှုတွေ ပါဝင်နေပါတယ် "ငါတို့ ဒီထက်ပိုပြီး မတိုက်ခိုက်တော့ဘူး ... မင်းလည်း တောင်းပန်စရာ မလိုဘူး ဒါပေမဲ့ မင်းနဲ့ ငါ မြားပြိုင်ပစ်ရမယ်""အဲဒါ တရားတယ်... မင်းတို့ နှစ်ယောက်လုံး ဟာလည်း မြားသမားတွေပဲ မင်းတို့ အစွမ်းတွေက ပြောပါလိမ့်မယ်""ညီမလေးယုဖေး ဒိုင်လုပ်ပေးပါဦး"အကုန်လုံး ထောက်ခံပြီးတာနဲ့ စတင် ပစ်ခတ်ပါတော့တယ်။ဇောင်ရီ ရင်ထဲမှာ ရယ်မောနေပါတယ်။ ဒါဟာ ငှက်၂ကောင် ကို မြားတစ်ချောင်းတည်း ပစ်တာနဲ့ အတူတူပါပဲ။မြားပစ်ပြိုင်ပွဲပြီးတဲ့ အချိန်ကျရင် သူ ဇောင်ဖန်ကို တောင်းပန်ခိုင်းလို့ ရပြီးတော့ သူ့ပုံရိပ်လည်း မကျတော့ပါဘူး။ထို့်အပြင် သူ့ရဲ့အစွမ်းကို ဇောင်ယုဖေးရှေ့မှာ ပြသနိုင်ပြီးတော့ သူမ နှလုံးသားကိုတောင် အဆင်ပြေရင် သိမ်းပိုက် နိုင်သွားမှာပါ။"မြားပစ် ကျွမ်းကျင်မှု ပြိုင်ပွဲလား"ဇောင်ဖန်ဟာ အကူအညီ မဲ့နေတယ်လို့ ခံစားနေရပြီး ဘာမှ ထပ်မပြောတော့ပါဘူး "ကောင်းပြီလေ ငါတို့ ဘယ်သူ ပိုစွမ်းလဲ ကြည့်ကြတာပေါ့"***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)On viuen les histories. Descobreix ara