အခန်း (၆)

44 7 0
                                    

အခန်း (၆)အခုလိုမျိုး သိုင်းကျမ်းပေါင်း များစွာကို ရရှိခဲ့တဲ့အတွက် ဇောင်ဖန်တစ်ယောက် အလွန် ပျော်ရွှင်နေပါတယ်။ သူ့ခေါင်း ကိုမော့ပြီး ရယ်မော နေပြီးတော့ သူ့ပျော်ရွှင်မှုတွေရော ရယ်မောသံကိုရော သူ မရပ်တန့်နိုင်ပါဘူး။ အချိန်တစ်ခုကြာတဲ့ အထိ သူရယ်မောပြီးတော့ ငြိမ်သက် သွားပါတယ်။တိမ်ခိုးနိုင်ငံထဲမှာတော့ အလယ်အလတ်အဆင့် သိုင်းကျမ်းတစ်ခုရဲ့ တန်းဖိုးဟာ ငွေပြား ရာချီတန်ပြီးတော့ ဇောင်ဖန်ဟာ တစ်လမှ ၁၀ ငွေပြားပဲ ရရှိပါတယ်။သူက ကလန်သိုင်းကျမ်းတွေ ယူပြီး အပြင်မှာ သွားရောင်းလို့ မဖြစ်ပါဘူး။ တကယ်လို့ သူ ရောင်းမိရင်တော့ သူအပြစ်ပေး ခံရနိုင်ပါတယ်။ သူတို့ဟာ သူ့သိုင်းပညာ ဖျက်ဆီးခံရပြီးတော့ ကလန်ကနေ နှင်ထုတ်ခံရမှာပါ။သိုင်းကျမ်းဆောင်ထဲက ဇောင်ဖန် ရယူခဲ့တဲ့ ရာနဲ့ချီတဲ့ သိုင်းကျမ်း အများစုဟာ အဆင့်မြင့် အမျိုးအစား ဖြစ်ပြီးတော့ စာအုပ်တိုင်းဟာ လေ့ကျင့်ခဲ့ကြတဲ့ လူတစ်ယောက်စီ ရှိပြီးတော့ သူဟာ သူတို့ အတွေ့အကြုံတွေကို အသုံးချလို့ ရပါတယ်။ဒါပေမဲ့ ဒီသိုင်းကျမ်းတွေကထဲမှ သိုင်းကျမ်းတချို့ကို ရွေးချယ်ရတာက မလွယ်ပါဘူး။ဒီစာအုပ်တွေ အားလုံးကို သူ့စိတ်ထဲမှာ လုံးဝ မှတ်မိနေတဲ့ အတွက်ကြောင့် သူ တစ်အုပ်နဲ့ တစ်အုပ် နှိုင်းယှဉ်ပြီးတော့ ဘယ်ဟာက သူ့အတွက် ပိုသင့်တော်လဲ ရွေးချယ်ဖို့ တစ်ခုတည်းပဲ လိုအပ်ပါတယ်။သိုင်းကျမ်း တစ်ခုတည်းကိုပဲ လေ့ကျင့်တာက သူ့အစွမ်းတွေ တိုးပွားစေပြီးတော့ တခြား သိုင်းကျမ်းတွေနဲ့ ပေါင်းစပ် လိုက်တဲ့အခါမှာ သူ့သိုင်းပညာကို တိုးတက်စေပါတယ်။ဇောင်ဖန်က နာရီဝက်လောက် အချိန်ယူ စဉ်းစားပြီးတဲ့ နောက်မှာ စာအုပ်ပေါင်း ရာချီထဲကမှ သိုင်းကျမ်း ၄ခု ကို ရွေးချယ် လိုက်ပါတယ်။အဲဒါတွေကတော့ အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့ပညာ၊ ဒေါသနဂါး လက်သီးသိုင်း၊ အသက်ရှူ လေ့ကျင်ခန်းနဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း မြားပစ်နည်းတို့ ဖြစ်ပါတယ်။အတိအကျ ပြောရရင်တော့ အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့သိုင်းဟာ အားလုံးထဲမှာ အဆင့်မြင့်အဆင့် သိုင်းကျမ်းဖြစ်ပြီးတော့ ဇောင်ဖန်မှာ မှုန်ဝါး ပျောက်ကွယ်နေတဲ့ စာတွေကို ဖြေရှင်းဖို့ အတွက် အခွင့်အရေး ကောင်းကောင်း ရှိပါတယ်။အဲဒါပြီးတော့ ဒေါသနဂါး လက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်း တို့ဟာ တစ်ခုနဲ့တစ်ခု ပေါင်းစပ် အသုံးပြုလို့ရပြီးတော့ အစားထိုး တိုက်ခိုက်နိုင်ပါတယ်။ဒေါသနဂါး လက်သီးသိုင်းဟာ အလယ်အလတ်အဆင့် သိုင်းကျမ်းတအုပ် ဖြစ်ပြီးတော့ တိုက်ခိုက်စွမ်းက အလွန် ကြီးမားပါတယ်။ ရှိသမျှအစွမ်းတွေ အကုန်လုံးကို စုစည်း လိုက်တဲ့အချိန်မှာ အစွမ်းတွေဟာ လုံးဝ မယုံကြည်နိုင်စရာ ကောင်းပြီးတော့ တချို့ အဆင့်မြင့် သိုင်းကျမ်းတွေနဲ့တောင် ယှဉ်နိုင်ပါတယ်။ဇောင်ဖန်က ဒေါသနဂါးလက်သီးသိုင်းပေါ်မှာ အလွန်မျှော် လင့်ထားပါတယ်။ အကြောင်းပြချက်ကတော့ အဲဒါဟာ သူ့ခန္ဓာကိုယ်ကြံ့ခိုင်အားကို တိုးစေပါတယ်။ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ဆိုတာက "သိုင်းပညာလမ်းစဉ်ရဲ့ အတွင်းအား"ကိုရရှိဖို့အတွက် အခြေခံကျတဲ့အချက် ဖြစ်ပြီးတော့ အနိမ့်ဆုံးလိုအပ်ချက်လည်း ဖြစ်ပါတယ်။သိုင်းပညာလမ်းစဉ်မှာ အတွင်းအားဟာ တကယ်သိုင်း ပညာရှင်ဖြစ်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။အသက်ရှူ လေ့ကျင့်ခန်းဟာလည်း အလယ် အလတ်အဆင့် သိုင်းကျမ်းတွေရဲ့ ထိပ်တန်းမှာ ရှိပါတယ်။ ခန္ဓာကိုယ်နဲ့ သွေးကြောတွေရဲ့ အစွမ်းတွေကို တိုးစေပါတယ်။ အဆင့်မြင့် လေ့ကျင့် အောင်မြင်သွားရင်တော့ "အတွင်းအား"ကို နားလည်ဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။"ဒေါသနဂါး လက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်နည်းနဲ့ အတူတွဲသုံးလို့ အလွန် ကောင်းပြီးတော့ အဲဒီလို တွဲသုံးလိုက်တဲ့ အချိန်မှာ အစွမ်း အလွန် ထက်လာပြီးတော့ အနည်းဆုံး အဆင့်မြင့်အဆင့် သိုင်းကျမ်းကိုတောင် ယှဉ်နိုင်ပြီးတော့ "အတွင်းအား"ကို နားလည် နိုင်စွမ်းတွေလည်း တိုးတက် လာပါတယ်။ဇောင်ဖန့် နှလုံးသားထဲမှာတော့ အလွန် ဝမ်းသာပီတိ ဖြစ်နေပါတယ်။နောက်ဆုံး တစ်ခုကတော့ အဆင့်မြင့်အဆင့် သိုင်းကျမ်း နီးပါး အစွမ်းထက်တဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း မြားပစ်နည်းပဲ ဖြစ်ပါတယ်။သူ ဘာလို့ မြားပစ်နည်းကို ရွေးချယ်ရတာလဲ။ဘာလို့လဲ ဆိုတော့ အဲဒါဟာ သူ့ဘယ်ဘက် မျက်စိကို ကောင်းကောင်း အသုံးပြုလို့ ရလို့ပါပဲ။"ငါသာ မြားပစ်နည်းကို မသင်မိခဲ့လို့ရှိရင် ငါ့ဘယ်ဘက် မျက်စိအတွက် ငါ ဝမ်းနည်းမိမှာပဲ..."ဇောင်ဖန်ဟာ မဲ့ပြုံး ပြုံးလိုက်ပါတယ်။သူ့ဘယ်ဘက် မျက်စိ အစွမ်းနဲ့ဆိုရင် သူဟာ နဂိုထဲက "မြားပစ်နတ်ဘုရား" ဖြစ်နေပြီးတော့ သူသာ မြားပစ်နည်းကို ကျွမ်းကျင်သွားခဲ့ရင်... ဆိုပြီးတော့ သူတွေးနေပါတယ်။သိုင်းကျမ်း ရွေးချယ်ပြီးတဲ့ နောက်မှာတော့ ဇောင်ဖန်က စတင် လေ့ကျင့်ပါတော့တယ်။ပထမဆုံး အသက်ရှူ လေ့ကျင့်ခန်းကို သူစတင် လေ့ကျင့်ပါတယ်။ အစွမ်းထက်တဲ့ ခန္ဓာကိုယ်နဲ့ သွေးကြောတွေဟာ သူ့သိုင်းပညာကို အခြေခိုင်စေပါတယ်။ သွေးကြောတွေ အစွမ်းထက် လာတာဟာ ဒေါသနဂါး လက်သီးသိုင်းကို အစွမ်းထက်စေပြီးတော့ အနီးကပ် တိုက်ပွဲမှာ ပိုကြမ်းစေပါတယ်။သူ့မျက်လုံးတွေကို မှိတ်ထားပြီးတော့ ဇောင်ဖန် စိတ်ထဲမှာ အသက်ရှူ လေ့ကျင့်ခန်းမှာ ပါတဲ့ အကြောင်းအရာတွေကို စဉ်းစားနေပါတယ်။အဲဒီလို စဉ်းစားနေချိန်မှာပဲ သူ့ခန္ဓာကိုယ်က သွေးကြောတွေဟာ ဖြည်းဖြည်း စတင် ရွေ့လျား လာပါတယ်။"ဒါဟာ လွယ်လွယ်လေးပဲ "ဇောင်ဖန်က အံ့သြသင့် နေပါတယ်။အသက်ရှူ လေ့ကျင့်ခန်းထဲမှာ ရေးထားတာကတော့ လူတော်တော် များများဟာ သူတို့် သွေးကြောတွေကို ရွေ့လျားစေဖို့်အတွက် အနည်းဆုံး ၄ ရက် ၅ ရက် ကနေ ၁၀ ရက် ၁၅ ရက်အထိတောင် လေ့ကျင့် ရပါတယ်။ဒီလိုဆိုရင် ငါဟာ ပါရမီရှင် တစ်ယောက်များလား။ဇောင်ဖန် နည်းနည်း စဉ်းစား လိုက်ပြီးတော့ သူအဲဒါကို လက်မခံ နိုင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူသာ ပါရမီရှင် တစ်ယောက်ဆိုရင် သူ သိုင်းအဆင့် ၂ကို ရောက်ရှိဖို့်အတွက် ဒီလောက် ခက်ခဲစရာ အကြောင်း မရှိပါဘူး။အခုတော့ သူ သဘောပေါက် သွားပါတော့တယ်။ ထူးဆန်းတဲ့ သူ့ဘယ်ဘက်မျက်စိနဲ့ ပေါင်းစီးသွားတဲ့အခါမှာ သူ့စိတ်စွမ်းအားတွေ တိုးတက်လာမှုနဲ့ သူ့ရဲ့ လျင်မြန်တဲ့တုံ့ပြန်ချက်တွေရယ် ..ပြီးတော့ သူ့ နားလည်မှုနဲ့ မှတ်သားမှု တွေရဲ့ အမြန်နှုန်းဟာ သာမန်လူတစ်ယောက် ပိုလွန်းနေပါတယ်။သူ အသက်ရှူ လေ့ကျင့်နေတဲ့ အချိန်မှာ ဇောင်ဖန် မျက်လုံးတွေကနေ "ဖတ် ဖတ်" ဆိုတဲ့ အသံထွက်ပေါ် လာပါတယ်။တစ်ချိန်တည်းမှာပဲ အမည်းရောင် ကမ္ဘာထဲမှာတော့ အချင်းဝက် ၆၇စင်တီမီတာ ရှိတဲ့ အစိမ်းရောင် မှုန်ပျပျ အလင်းလေးဟာ လည်နေတဲ့နေရာက ကြီးထွား လာခဲ့ပါတယ်။နေ့တစ်ဝက်လောက် ကုန်သွားပြီးတဲ့ နောက်မှာတော့ ... ဇောင်ဖန်ဟာ အသက်ရှူ လေ့ကျင့်နည်းကို ပထမ အဆင့်ထိ အောင်မြင် သွားပြီးတော့ သူ့ခန္ဓာကိုယ်ကနေ ပြီးတော့ ချွေးနံ့တွေ ထွက်လာပါတယ်။သူ့ခန္ဓာကိုယ်ဟာ အရင်ကထက် ၃၀ရာခိုင်နှုန်း ပိုစွမ်းလာတယ်လို့ သူ ခံစားနေရပါတယ်။ငါ လုပ်နိုင်ခဲ့တာလား ...ဇောင်ဖန်ကတစ်ခုခု ထူးခြားနေပြီလို့ ခံစားနေရပါတယ်။အသက်ရှူ လေ့ကျင့်နည်းကို အဆင့် ၃ ဆင့် ခွဲခြားထား ပါတယ်။ အဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားရင်တော့ "အတွင်းအား"ကို နားလည်ဖို့ အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။နောက်ထပ်နေ့ တစ်ဝက်လောက် ကုန်ဆုံးသွားတဲ့ အချိန်မှာ ဇောင်ဖန် ဟကအသက်ရှူလေ့ကျင့်ခန်း ရဲ့ ပထမအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်ရှိသွားပြီးတော့ သွေးကြောတွေ လည်ပတ်နှုန်းဟာ တဖြည်းဖြည်းအရှိန်လျော့လာပါတယ်။သူ့စိတ်ကို ပြောင်းလိုက်ပြီးတော့ ဒေါသနဂါး လက်သီးသိုင်းကို အသက်ရှူ လေ့ကျင့်ခန်းနဲ့ တွဲပြီး လေ့ကျင့် ပါတော့တယ်။အသက်ရှူ လေ့ကျင့်ခန်းရဲ့ အခြေခံကြောင့် ဒေါသနဂါး လက်သီးသိုင်းကို လေ့ကျင့်ရာမှာ အလွန် မြန်ပါတယ်။နေ့တစ်ဝက်တည်းနဲ့ ဇောင်ဖန်ဟာ အခြေခံအဆင့်ရဲ့ သိုင်းကွက်ပေါင်း ၈၁ ကွက်လုံးကို လေ့ကျင့် နိုင်ခဲ့ပါတယ်။ဒေါသနဂါး လက်သီးသိုင်းမှာ ပြင်းထန်တဲ့ အစွမ်းသတ္တိတွေ ပါရှိပြီးတော့ အသက်ရှူ လေ့ကျင့်ခန်းနဲ့ ပေါင်းစပ် အသုံးပြု လိုက်တဲ့အချိန်မှာ ထွက်ပေါ်လာတဲ့ အစွမ်းတွေဟာ လုံးဝ မယုံကြည်နိုင်စရာ ကောင်းပါတယ်။အရမ်း အံ့သြသင့်စရာ ကောင်းတဲ့ အစိတ်အပိုင်းကတော့ ဒေါသ နဂါးလက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းကို လေ့ကျင့်ပြီးတဲ့ နောက်မှာ အဆင့် ၂ ကို ရောက်ရှိ သွားပြီးတော့ အဲဒီ ထက်တောင် ပိုရင် ပိုနိုင်ပါတယ်...။သိုင်းနှစ်ခုကို ပေါင်းစပ်လေ့ကျင့် အသုံးပြုလိုက်တဲ့ အချိန်မှာ သိုင်းတစ်ခုစီမှာ မယုံကြည်နိုင်စရာ ကောင်းတဲ့ အကျိုး သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။သိပ်တော့လည်း အံ့သြစရာ မလိုပါဘူး သူတို့ဟာ အလွန် လိုက်ဖက်တဲ့ သိုင်းကျမ်းတွေ ဖြစ်နေလို့ပါပဲ။ဇောင်ဖန် နှလုံးသားထဲမှာ အလွန် ပျော်ရွှင် နေမိပါတယ်။နောက် ၄ ရက် ၅ ရက် လောက်ကျရင် ဇောင်ဖန် လေ့ကျင့် နေတဲ့ ဒေါသ နဂါးလက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်း တို့ဟာ အလွန် အံ့သြစရာ ကောင်းလောက်အောင် အစွမ်းထက် လာမှာပါ။ဒီအချိန်မှာ ဇောင်ဖန်ရဲ့ သိုင်းပညာဟာ သိုင်းအဆင့်၂ ရဲ့ အထွတ်အထိပ်နား ရောက်နေပါပြီ။"သိပ်မကြာခင်မှာပဲ ငါဟာ သိုင်းအဆင့်၂ ရဲ့ အထွတ်အထိပ်ကို ရောက်တော့မှာပဲ... ပြီးတော့ သိုင်းအဆင့် ၃ ကို ရောက်ဖို့ သိပ်မလိုတော့ဘူးပဲ"ဇောင်ဖန်ကတော့ မျှော်လင့်ချက်တွေ ပြည့်နေပါတယ်။နောက်တစ်ရက် ဇောင်ဖန် အိမ်ကနေပြီးတော့ သိုင်းကျမ်းဆောင်ကို ထွက်ခွာသွားပါတယ်။ ဘာလို့လဲဆိုတော့ အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့သိုင်းနဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း မြားပစ်နည်း လေ့ကျင့်ဖို့ အတွက် ဟင်းလင်းပြင် လိုအပ်လို့ပဲ ဖြစ်ပါတယ်။***သိပ်မကြာခင်မှာပဲ ဇောင်ဖန်က သိုင်း လေ့ကျင့်ကွင်းရဲ့ အစွန်နားကို ရောက်ရှိ လာပါတယ်။ဒီနေရာဟာ သူတို့ရဲ့ လေးနဲ့မြား လေ့ကျင့်တဲ့နေရာပဲ ဖြစ်ပါ တယ်။ရွှပ်...မြားတစ်စင်းဟာ မီတာ ၅၀ အကွာမှာရှိတဲ့ ပစ်မှတ်ရဲ့အလယ် တည့်တည့်ကို တစ်ဖြောင့်တည်း အရိပ်ကိုပဲ မြင်ရတဲ့နှုန်းနဲ့ ပစ်ခတ် လိုက်ပါတယ်။"ကောင်းလိုက်တဲ့ မြားပစ်နည်း... ဒါဟာ အံ့သြဖို့မကောင်းပါဘူး အကိုဇောင်ရီဟာ ဂိုဏ်တစ်ခုလုံးရဲ့ ၃ ယောက်မြောက် အတော်ဆုံး မြားပစ်နတ်ဘုရားပဲ""ဒီမြားချက်ဟာ သိုင်းအဆင့် ၃ ရောက်နေတဲ့ သူတွေပဲ ကာကွယ်နိုင်ပြီးတော့ အလွန်ကြမ်းတဲ့ သားရဲတွေ ကိုတောင် သတ်နိုင်တာပဲ"စိတ်လှုပ်ရှားနေတဲ့ အော်ဟစ်သံတွေဘေးက ထွက်ပေါ်လာ ပါတယ်။"ကြမ်းလှချည်လား..."ဇောင်ဖန်ဟာ ရောက်ရောက်ချင်းပဲ အံ့သြသွားပါတယ်။အဲဒီ လူငယ်လေးကို သူသိပါတယ်။ ဇောင်ရီးဟာ ကလန်ထဲမှာ မြားပစ်နတ်ဘုရားလို့ ကျော်ကြား ပါတယ်။ရွှပ် ရွှပ် ရွှပ်....ဇောင်ရီးဟာ လေးကြိုးကို ဆွဲပြီးတော့ မြား ၅-၆ စင်းကို လျှပ်စီးလို လျင်မြန်နှုန်းနဲ့ အဝိုင်းတွေရဲ့ အလယ်မှာရှိတဲ့ အနီရောင်နဲ့ ပစ်မှတ်ကို ပစ်လိုက်ပါတယ်။"ကောင်းတယ် ... ကောင်းလွန်းတယ်..."ဘေးနားရှိနေတဲ့ တခြား တပည့်တွေက ဝိုင်းပြီး ချီးကျူး လိုက်ပါတယ်။ဇောင်ဖန်ဟာ နည်းနည်းလေးမှ ဂရုမစိုက်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူသာ လေ့ကျင့်လိုက်ရင် သူလည်း မြားပစ်နတ်ဘုရား ဖြစ်နိုင်တယ်လို့ သူ ခံစားနေရပါတယ်။သူနေရာလွတ် တစ်ခုကို သွားပြီးတော့ လေးတစ်ခုကို ကောက်ကိုင် လိုက်ပါတယ်။ သူ့မျက်စိကို မှေးထားလိုက်ပြီးတော့ ချိန်ရွယ် နေလိုက်ပါတယ်။သူလေးကို ကောက်ကိုင်လိုက်တယ် ဆိုရင်ပဲ ကွင်းထဲမှာ ရှိနေတဲ့ တပည့်တွေက သူ့ကို ဝိုင်းကြည့် လိုက်ကြပါတယ်။"ဟိုမှာကြည့်... သူက ဘယ်သူလဲ။ သူ့ကြည့်ရတာ အသစ် ထင်တယ်"တပည့်တစ်ယောက်က သူ့ကိုကြည့်လိုက်ပြီးတော့ သူမျက် လုံး တွေတောက်ပလာပါတယ်။"ဟဟ ဒီကောင်လေးက ဇောင်ဖန်လို့ ခေါ်ပြီးတော့ သူဟာ ကလန်ခွဲကနေ ရောက်နေတာ နှစ်ဝက်လောက် ရှိနေပြီ။ သိပ်မကြာခင်က သူဟာ အပြင်တပည့်တွေ သိုင်းအဆင့် ၃ ကိုရောက်နေတဲ့ ဇောင်ရိဂျန်ကို မကျေမနပ်ဖြစ်စေလို့ ငါကြားထားတယ်။ ပြီးတော့ သူ့ရဲ့ကောင်မလေးကတောင် သူ့ကို ထားသွားခဲ့တယ်လို့လဲ ကြားထားသေးတယ်"သူတို့ထဲမှာ ဇောင်ဖန် အကြောင်းကို သိသူ အနည်းငယ်သာ ရှိပါတယ်။"ကလန်ခွဲက တပည့်လား။ သူဘယ်နှစ်ဝိုင်းထိမလဲဆိုတာကို ငါတို့ လောင်းကြရအောင်"တချို့တပည့်တွေက ဇောင်ဖန်ကို ကြည့်ပြီးလှောင်ပြောင် နေကြပါတယ်။မြားပစ်နတ်ဘုရား ဇောင်ရီ တောင်မှစိတ်ပျက်နေပါတယ်။"မြားပစ်နည်း ဆိုတာဟာ ပါရမီနဲ့ တည်ငြိမ်မှုတို့ လိုအပ်ပါတယ် အဲဒါတွေမရှိဘဲ ဘယ်သူမှ သင်ချင်တယ် ဆိုတာတောင် သင်လို့မရဘူး"ဇောင်ရီဟာ မာန ထောင်လွှားပြီးတော့ စိတ်မပါစွာနဲ့ ဇောင်ဖန်ကို ကြည့်နေပါတယ်။ဇောင်ဖန်ကတော့ ဒီလူတွေကို ဂရုမစိုက်ပါဘူး။သူ့ ဘယ်ဘက်မျက်စိကို သုံးရုံပဲ ရှိသေးတယ် မီတာ ၅၀ အကွာမှာ ရှိတဲ့ ပစ်မှတ်က သူမြင်ကွင်းထဲမှာ တစ်စထက်တစ်စ ကြီးမား လာပါတယ်...။ရွှပ်...လေးကြိုးဟာ တုန်ခါသွားပြီးတော့ မြားဟာ လေကို ခွင်းသွား ပြီးတော့ ပစ်မှတ်နား ရောက်ခါနီးမှာပဲ မြေပြင်ပေါ် သက်ဆင်း သွားပါတယ်။ဒါ ပြုတ်ကျသွားတယ်....ဇောင်ဖန်ချွေးတွေ ထွက်လာပါတယ်။ ဒါဟာ သူ့ရဲ့ပထမဆုံး အချိန် မြားပစ်ဖူးခြင်းပါ။"ဟားဟားဟား..."ကွင်းထဲမှာ ရှိနေတဲ့ တပည့်တွေဟာ သူတို့ခေါင်းတွေ လှုပ်ရှား ပြီးတော့ ရယ်မော နေပါတယ်။နောက်တစ်ကြိမ်။ဇောင်ဖန်က တည်ငြိမ်နေပါတယ်။ ပထမဆုံး မြားချက် လွဲတာဟာ ပုံမှန်ပါပဲ။နောက်တစ်ခေါက် သူ့အစွမ်းတွေကို ပို့ထည့်လိုက်ပြီးတော့ သူ့နှလုံးသားထဲက အဆက်မပြတ် မြားပစ်နည်း အတိုင်း ပစ်ခတ် လိုက်ပါတယ်။ရွှပ်...ဒုတိယမြောက်ဟာ ပစ်မှတ်ကို တစ်ဖြောင့်ထဲ ခွင်းသွားပြီးတော့ အလယ်မှတ်နဲ့ အဝိုင်းတစ်ဝိုင်းပဲ ခြားပါတယ်။၉ ဝိုင်းကွင်း တစ်ခုလုံး တိတ်တဆိတ် သွားပါတယ်။ခုနက လှောင်ပြောင် နေတဲ့လူတွေ အကုန်လုံး အံ့သြမှင်တက် နေမိပါတယ်။ဇောင်ရီတောင် မျက်မှောင်ကြုတ် လိုက်ပါတယ်။၉ ဝိုင်း ဒါဟာ အလယ်တည့်တည့်နဲ့ သိပ်ကို နီးကပ်နေပါပြီ။မီတာ ၅၀ အကွာအဝေးက ပစ်မှတ်ကို ပစ်ချလိုက်တာဟာ တချို့ ဝါရင့်သမားတွေ ထက်တောင် ကောင်းပါတယ်။"ကံကောင်းတာပါ... ဒါကံကောင်းတာပဲ ဖြစ်လိမ့်မယ်...""မင်းပြောတာမှန်တယ် ဘယ်သူမှ စစပစ်ခြင်းဒီလောက် မတိကျဘူး။ သူ့ပထမဆုံး မြားတောင်မှ ပစ်မှတ်ကို မထိ တာ"တပည့်တွေ အကုန်လုံး ဇောင်ဖန်ကို ကြည့်ပြီးတော့ နောက်တစ်ကြိမ် ထပ်ပြီးတော့ လှောင်ပြောင် လိုက်ပါတယ်။သို့ပေမဲ့ သူတို့ စကားမဆုံးခင်မှာပဲ တတိယမြောက် မြားချက်ဟာ လေကို ခွင်းသွားပါတယ်။ရွှပ်...မြားချက်ဟာ လျှပ်လက်လိုက် အမြန်နှုန်း ပစ်မှတ်ကို ထိသွားပါတယ်။Ta...အလယ် တည့်တည့်လား... ကွင်းပြင်တစ်ခုလုံး နောက်တစ်ခေါက် တိတ်ဆိတ် သွားပြန်ပါတယ်။ဇောင်ရီတောင် အံ့သြ ထိတ်လန့် နေပါတယ်။ သူတို့အားလုံးရဲ့ မျက်နှာဟာ မရေရာမှုတွေ ဖြစ်ပေါ်နေပြီးတော့ အေးစက်စွာ ရပ်နေကြပါတယ်။"ငါ့ကံက သိပ်မဆိုးဘူးပဲ"ဇောင်ဖန်ဟာ အနည်းငယ် ပြုံးလိုက်ပါတယ်။သူ မဲ့ပြုံး ထပ်ပြုံး လိုက်ပြီးတော့ သူ့အပြုံးထဲမှာ သူဟာ မြားပစ်တာ ဘယ်လောက် တော်ပြီး ပါရမီရှိကြောင်း သက်သေပြ နေပါတယ်။"ကံကောင်းတာပဲလား။ သူဟာ ဘယ်လို ကောင်လဲ"မြားသမား တော်တော်များများရဲ့ မျက်နှာဟာ ထူးခြားနေပါတယ်။မြားပစ်သမားတိုင်းဟာ အခြေခံကနေပြီးတော့ စတင်ရပါတယ်။ ဒါပေမဲ့ သူတို့ ပထမဆုံး အကြိမ်တုန်းက တစ်ယောက်မှ ဒီလောက် ကံကောင်းတာ မမြင်ဖူးကြပါဘူး။"ကောင်လေး နောက်တစ်ခေါက်လောက် ပစ်ကြည့်ပါဦး"တချို့တပည့်တွေက စိတ်မပါစွာနဲ့ ပြောလိုက်ပါတယ်။"ဟုတ်တယ် နောက် တစ်ခေါက်လောက် ပစ်ကြည့်ပါဦး"တော်တော် များများဟာ စိတ်လှုပ်ရှားစွာနဲ့ ကြည့်နေပြီးတော့ စတင်ပစ်ခတ် လိုက်ကြပါတယ်။ဇောင်ဖန်ဟာ ထွက်ခွာချင် နေပါပြီ ဒါပေမဲ့ ဒီလူတွေက သူ့ကို မထွက်သွားစေချင် သေးပါဘူး။"ကောင်းပြီလေ"ဇောင်ဖန်ဟာ ပခုံးကို တွန့်လိုက်ပြီးတော့ လေးကိုနောက် တစ်ခေါက် ကောက်ကိုင်လိုက်ပါတယ်။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now