အခန်း (၁၀)

39 7 0
                                    

အခန်း (၁၀)ညအချိန် ဇောင်ကလန်ရဲ့ အိမ်ကြီး တစ်ခုတည်း တွင်တော့..."အစ်ကိုကြီး... ကျွန်တော့်ကို ကူညီပါဦး... ဇောင်ဖန်ဆိုတဲ့ ကလန်ခွဲလေးက တပည့်က ကျွန်တော့်ကို လူကြားထဲ အရှက်ခွဲ သွားတယ်..." ဇောင်ခန်းဟာ အံကိုကြိတ်ပြီးတော့ သတ်ဖြတ်လိုစိတ် ကြီးစွာနဲ့ ပြောလိုက်ပါတယ်။ ကလန်ခွဲက တပည့်လေး တစ်ယောက်ကို သူနှစ်ကြိမ် ဆက်တိုက် ရှုံးနိမ့် ထားတဲ့အတွက် သူ ဘယ်မျက်နှာနဲ့ အပြင်ထွက်ရမှန်း မသိ ဖြစ်နေပါတယ်။"အမှိုက်"အခန်းထဲမှာတော့ ကျားသစ် တစ်ကောင်ကဲ့သို့ ပိန်ပိန်ပါးပါး ဆံပင်တိုတိုနဲ့ လူငယ်လေး တစ်ယောက် ထိုင်နေပါတယ်။ သူဟာ ဇောင်ခန်းရဲ့ အစ်ကိုကြီး ဇောင်ဂန်ပဲ ဖြစ်ပါတယ်။"အစ်ကိုကြီး ကျွန်တော် တောင်းပန် ပါတယ်။ ကျွန်တော့်ကို ကူညီပါဦး"ဇောင်ခန်းဟာ ကြောက်ရွံ့မှုနဲ့ ဒေါသထွက်မှုတွေ ပြည့်နေပါတယ်။သူဟာ သူ့အစ်ကိုကို အလွန် ကြောက်ရပါတယ်။ သူငယ်ငယ်လေး ထဲက ဇောင်ဂန်ဟာ သူ့ကို အနိုင်ကျင့် လာတာပါ။ သူဟာ ဇောင်ဂန်နဲ့ ယှဉ်ကြည့်မိလိုက်တိုင်း သူဟာ အရာရာ နိမ့်ကျနေတယ်လို့ အမြဲတမ်း ခံစားနေရပါတယ်။ဇောင်ဂန်က အခုဆိုရင် သိုင်းအဆင့်၃ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီးတော့ အဆိပ်မြွေသိုင်း ၁၃ ကွက် မှာလည်း သူဟာ ၆ ကွက်ထိ လေ့ကျင့်ပြီး သွားကာ အပြင် တပည့်တွေထဲမှာ ထိပ်ဆုံး ၅ယောက်ထဲ ပါဝင်ပါတယ်။ဇောင်ခန်း ၅ယောက် ဆိုရင်တောင်မှ သူ့အစ်ကိုရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး။နောက်တစ်နေ့ရဲ့ မနက်ခင်းမှာတော့...ဇောင်ဖန်ဟာ မနက် အစောကြီး ထပြီးတော့ ဒေါသနဂါး လက်သီးသိုင်းနဲ့ အသက်ရှူ လေ့ကျင့်ခန်းတို့ကို လေ့ကျင့် နေပါတယ်။ ဒီသိုင်းကျမ်း ၂ ခုကို ဇောင်ဖန် အဓိကထား လေ့ကျင့်နေတာ ဖြစ်ပါတယ်။"ငါ သိုင်းအဆင့် ၃ ကို ရောက်ဖို့အတွက် တချို့နည်းလမ်းတွေ သုံးရဦးမှာပဲ"ဇောင်ဖန်ဟာ နာရီဝက်လောက် လေ့ကျင့်ပြီးတာနဲ့ မနက်က အစီအစဉ်ကို အကောင်အထည် ဖော်ဖို့အတွက် ငွေတိုက်ကို သူဟာ ထွက်ခွာ သွားပါတယ်။စည်းကမ်းအရ ဇောင်ဖန်ဟာ ၁လကို ငွေစ ၁၀ စ ရရှိရမှာ ဖြစ်ပါတယ်။ငါ ဒီလအတွက် ငွေစတွေ မထုတ်ရသေးဘူး။ ဇောင်ဖန်ဟာ သိပ်မကြာခင်မှာပဲ ငွေတိုက်ကို ရောက်ရှိ သွားပါတယ်။"ဇောင်ဖန် သိုင်းအဆင့်၂ ကလန်ခွဲ တပည့် လစဉ်ကြေး ငွေစ ၂၀" ငွေစာရင်းကိုင်ဟာ ခံစားချက်မဲ့စွာ ပြောလိုက်ပါတယ်။ငွေစ ၂၀လား ဇောင်ဖန်ဟာ ငွေစတွေကို ယူလိုက်ပြီးတော့ ကျေးဇူးတင်စကား ပြောလိုက်ပါတယ်။ သိုင်းအဆင့် ၂ ကို ရောက်သွားတဲ့အခါမှာ သူ့ရဲ့ လစဉ်ကြေးဟာ ၂ဆဖြစ် သွားပါတော့တယ်။ဇောင်ကလန်ကပေးတဲ့ ဆုရငွေ ငွေစ၂၀ ဟာ သာမန်မိသားစုအဖို့ တစ်မိသားစုလုံး မပူမပင် စားနိုင်တဲ့ အတိုင်းအတာပါ။ ဒါပေမဲ့ သိုင်းသမားတွေ အတွက်တော့ ဘာမှ တန်ဖိုးမရှိပါဘူး။ တချို့ဈေးကြီးတဲ့ သိုင်းပညာ တိုးတက်စေတဲ့ဆေးဝါး အရင်းအမြစ်တွေ ဆိုရင် သိုင်းပညာကို အလျင်အမြန် တိုးတက် စေပြီးတော့ အဆင့်တစ်ခုကို ရောက်ရှိနိုင်တဲ့ အတွက် ငွေစ ထောင်ချီ အဖိုးတန်ပါတယ်။ တချို့ချမ်းသာတဲ့ တပည့်တွေ အသုံးစရိတ်ဟာ သာမန် တပည့်တွေရဲ့နှစ် ၃၀စာ အသုံးစရိတ်ထက် ပိုများပါတယ်။"ငွေစ ၂၀..."ဇောင်ဖန်ဟာ သူ့ငွေစတွေကို ကိုင်ထားရင်းနဲ့ သက်ပြင်း ချလိုက်ပြီးတော့ ဇောင်ကလန် နယ်မြေကနေ ဆန်ဖယ်သာမြို့က ဈေးဆိုင်ကို ဦးတည် ထွက်ခွာ သွားပါတယ်။သူဟာ သူမိဘတွေကို သူရတဲ့ ပိုက်ဆံတွေကို ပေးနေကြ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သူမပေးမိပါဘူး။ သူပေးရမဲ့ အစား ငွေစတွေ ယူပြီးတော့ ထွက်လာ ခဲ့ပါတယ်။သိပ်မကြာခင်မှာပဲ ဇောင်ဖန်ဟာ ဆန်ဖယ်သာမြို့က အကြီးဆုံး ဈေးဆိုင်ထဲ ဝင်သွား ပါတော့တယ်။မြိုထဲရှိ လက်နက်ဆိုင် တစ်ဆိုင်တွင်..."ဆိုင်ရှင် ဒီသံမဏိလေးကြီးဟာ ဘယ်လောက်လဲ" ဇောင်ဖန်ဟာ အကြာကြီး ရွေးပြီးတဲ့နောက်မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။"ဒီသံမဏိလေးကြီးဟာ အလွန် အစွမ်းထက်ပြီးတော့ မီတာ ၁၅၀ ထိ ပစ်နိုင်ပြီးတော့ ငွေစ ၂၀ကျပါတယ် ဈေးဆစ်ခြင်း သည်းခံပါ" ဆိုင်ရှင်ဟာ ပြုံးပြီး ပြောလိုက်ပါတယ်။ ဇောင်ဖန် အင်္ကျီပေါ်မှာ ဇောင်ကလန်ရဲ့ အမှတ်အသားကို သူ မြင်နေရပါတယ်။ဇောင်ကလန်၊ ကျင်းလန်နဲ့ ရှင်းကလန် တို့ဟာ ဆန်ဖယ်သာ မြို့မှာ အကြီးဆုံးကလန်တွေ ဖြစ်ပြီးတော့ မြို့ထဲမှာ သြဇာညောင်း ပါတယ်။"ငွေစ ၂၀ ဟုတ်လား"ဇောင်ဖန်ဟာ မျက်ခုံးကို ပင့်လိုက်ပြီးတော့ လေးလေးနက်နက် ပြောလိုက်ပါတယ်။ "ဈေးနည်းနည်း လျှော့ပေးလို့ မရဘူးလား"ဆိုင်ရှင်ဟာ ရေးရေးလေး ပြုံးလိုက်ပါတယ်။ "ကောင်းပြီလေ ငါမင်းကို ဈေးအသက်သာဆုံး ပေးလိုက်မယ် ငွေစ ၁၈ စပဲပေး""၁၅စ... ငါအခုငွေက နည်းနေတယ် ဒါပေမဲ့ ငါငွေစတွေထပ် ရလာတဲ့အခါ ငါမင်းကို ၂ဆပဲပြန်ပေးမယ်" ဇောင်ဖန်ဟာ ပွင့်လင်းစွာ ပြောလိုက်ပါတယ်။"၁၅စ ဟုတ်လား ဒါတော့ သိပ်မဖြစ်နိုင်ဘူး ဒါဟာအမြတ် လုံးဝ မရှိသလောက်ပဲ" ဆိုင်ရှင်ကြည့်ရတာ နည်းနည်း ခက်ခဲနေသလိုပါပဲ ဒါပေမဲ့ ဇောင်ဖန်ရဲ့ ရိုးသားတဲ့ မျက်လုံး တွေကို မြင်လိုက်ရတဲ့အခါမှာ သူ့နှုတ်ခမ်းကို ကိုက်လိုက် ပြီးတော့ "ကောင်းပြီ မင်းကတိကို မင်း တည်မယ်လို့ မျှော်လင့်ပါတယ်။ ဘာလို့ဆို ဒီဆိုင်ဟာ ဇောင်ကလန် နယ်မြေရဲ့ လက်အောက်ရှိနေတဲ့ အတွက်ကြောင့်ပဲ""ကျေးဇူးပါပဲ" ဇောင်ဖန်ဟာ ကျေးဇူးတင်စွာနဲ့ ပြောလိုက် ပါတယ်။ ဒီဆိုင်ဟာ ဇောင်ကလန် လက်အောက်က ဆိုတာကို ဘယ်တော့မှ သူလုံးဝ သဘောမပေါက်ခဲ့ပါဘူး။ဇောင်ဖန်ဟာ ခပ်မြန်မြန်ပဲ ငွေစ ၁၅စနဲ့ လေးကို ဝယ်လိုက် ပြီးတော့ ကျန်တဲ့ ငွေစတွေကို မြားနဲ့ အစားအစာတွေဝယ် လိုက်ပါတယ်။ သူ့မှာငွေစတွေ လုံးဝ မရှိတော့ပါဘူး။"ငါ မရှုံးနိမ့်ဖို့ မျှော်လင့်တယ်..." ဇောင်ဖန်ဟာ သူဟာနဲ့သူ တိုးတိုးလေး ပြောလိုက်ပြီးတော့ ဆန်ဖယ်သာမြို့ကနေ သိပ်မကြာခင်မှာပဲ ထွက်ခွာ သွားပါတော့တယ်။ဆန်ဖယ်သာမြို့ကနေ ထွက်ထွက်ချင်း ဇောင်ဖန်ဟာ အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်ပါတယ်။ သူ့ရဲ့ လျင်မြန်နှုန်းဟာ တချို့ မြင်းတွေထက်တောင် မြန်နေပါတယ်။၂ နာရီကြာပြီးတဲ့ နောက်မှာတော့ ဇောင်ဖန်ဟာ သူ့ပန်းတိုင် ဖြစ်တဲ့ တိမ်ကောင်းကင် သစ်တောကို ရောက်ရှိ သွားပါ တယ်။တိမ်ကောင်းကင် သစ်တောဟာ တိမ်နိုင်ငံထဲမှာရှိတဲ့ အကြီးဆုံးတောတစ်ခု ဖြစ်ပါတယ်။ အဲဒီ ဧရိယာဟာ တခြား တိုင်းပြည် ဆယ်ခုထက်တောင် ကြီးပါသေးတယ်။တိမ်ကောင်းကင် တောဟာ တခြား တိုင်းပြည်တွေကို လွှမ်းမိုးနိုင်လောက်တဲ့ အထိ ကျယ်ပြန့်ပြီးတော့ အဲဒီတောမှာ အလွန်ကြမ်းတဲ့ တောရိုင်းတွေရှိပြီး တောရဲ့ အလယ်ကောင် နားမှာတော့ အဆင့်မြင့်တဲ့ သားရဲဆိုးတွေ ရှိပါတယ်။သားရဲဆိုးတွေဟာ တောရိုင်းတွေထက် ပိုပြီးအစွမ်းထက် ပါတယ်။ သူတို့မှာ ဝိညာဉ် အစွမ်းတွေ ရှိပြီးတော့ သူတို့ဟာ တဖြည်းဖြည်း အစွမ်းပိုထက် လာကြပါတယ်။ တချို့ အစွမ်းထက်တဲ့ သားရဲဆိုးတွေဟာ ရွာတွေကို လွယ်လွယ်ကူကူ ဖျက်ဆီး နိုင်ပါတယ်။ တကယ် သိုင်းပညာရှင်တွေသာ သူတို့ကို တိုက်ခိုက်နိုင်တာပါ။ဇောင်ဖန်ဟာ တောထဲကို သွားလိုက်တာ.. ပြီးတော့ သူဟာ သားရဲဆိုးတွေကို ရှာဖို့မဟုတ်ပဲ တောထဲမှာ ရှင်သန်အောင် နေဖို့ပါပဲ။ သူ့ရဲ့ ရည်မှန်းချက်က ရှင်းရှင်းလေးပါ အမဲလိုက်ပြီး ငွေစတွေ ရှာဖွေဖို့ပါပဲ။တချို့ အလွန်ကြမ်းတဲ့ တောရိုင်းတွေဟာ တိမ်ကောင်းကင် တောထဲမှာ ရှိနေပါတယ်။ သူတို့ရဲ့ သားမွေးတွေဟာ အလွန် ဈေးကြီးပြီးတော့ တခြား ပစ္စည်းတွေလည်း ရှိနေပါတယ်။ အရွယ်ရောက်ပြီးသား ဝက်ဝံတစ်ကောင်ကို ငွေစ ၂၀၀၊ ၃၀၀ နဲ့ ရောင်းနိုင်ပါတယ်။ဒါပေမဲ့ အရွယ်ရောက်ပြီးသား ဝက်ဝံတစ်ကောင်ရဲ့ အစွမ်းဟာ သာမန် သိုင်းအဆင့်၂တွေထက် အများကြီး ပိုကြမ်း ပါတယ်။ သိုင်းအဆင့် ၃ တွေသာ နိုင်နိုင်တာပါ။ဇောင်ဖန်ရဲ့ သားကောင်တွေဟာ ဝက်ဝံတွေနဲ့ တောရိုင်း ကြီးတွေ မဟုတ်တာ သေချာပါတယ်။တောရိုင်းကြီးတွေက ငွေစတွေ အများကြီးရတယ် ဆိုပေမဲ့ သူတို့ရဲ ခန္ဓာကိုယ်ဟာ အလွန် ကြီးမားတဲ့အတွက် ဇောင်ဖန်ဟာ အများကြီး သယ်မလာနိုင်ပါဘူး။ သူဟာ အစီအစဉ် ဆွဲပြီးသား ရှိပါတယ်။ထန်းသူ့ခန္ဓာကိုယ်ဟာ ငှက်မွေးလေး တစ်ချောင်းလို ဖြစ်နေပြီးတော့ သစ်ချောင်းတွေပေါ်ကို လျင်မြန်စွာ ပျံသန်း ခုန်ကူးပြေးလွှား နေပါတယ်။ သိပ်မကြာခင်မှာပဲ ဇောင်ဖန်ဟာ မီတာ ၁၀၀ မြင့်တဲ့ သစ်ပင်ရဲ့ထိပ်ကို ရောက်သွား ပါတော့တယ်။ ဒီသစ်ပင်ဟာ ဘေးနားက အပင်တွေထက် ပိုမြင့်ပြီးတော့ ဇောင်ဖန် အတွက် အကောင်းဆုံးသော မြားပစ်စင် အတိုင်းပါပဲ။သူသာ အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့ပညာကို မသင်ထားဘူးဆိုရင် ဒီအမြင့်ကို တက်ဖို့ သူ တော်တော် ကြိုးစား ရဦးမှာပါ။ဇောင်ဖန်ဟာ သစ်ပင်ပေါ်မှာ မတ်တတ်ရပ်နေပြီးတော့ သူ့ဘယ်ဘက်မျက်စိကို အသုံးပြုပြီး သူ့ဘေးပတ်ဝန်းကျင်ကို လေ့လာနေပါတယ်။သူ့ဘယ်ဘက် မျက်စိဟာ အလွန် အစွမ်းထက်တဲ့ မြင်ကွင်းပုံစံ ပြောင်းလဲ သွားပါတယ်။ ၁၀ ကီလိုမီတာ အတွင်း ဖြစ်ပျက်နေသမျှတွေကို သူ ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ဇောင်ဖန်ဟာ ဒီနားမှာ အလွန်ကြမ်းတဲ့ တောရိုင်း ဒါမှမဟုတ် သားရဲဆိုးတွေ ရှိလား ဆိုတာကို စစ်နေပါတယ်။ သိပ်မကြာခင်မှာပဲ ဇောင်ဖန်ဟာ ဒီဧရိယာ အတွင်းက အခြေအနေကို သဘောပေါက် သွားပါတော့တယ်။ဒီနေရာမှာ သူ့ကို အန္တရာယ်ပေးနိုင်တဲ့ တောရိုင်းကောင် ၂၀ ရှိပြီးတော့ တောရိုင်းကောင် ၁ကောင်ဟာ သူနဲ့တော်တော်လေး နီးနေပါတယ်။ ဒီနားမှာ သားရဲဆိုးတွေ တစ်ကောင်မှ မရှိတဲ့အတွက် သူကံကောင်း နေပါတယ်။"ငါအခုစရတော့မှာပဲ" ဇောင်ဖန်ဟာ သက်ပြင်း ချလိုက်ပြီးတော့ သူ့ရဲ့ သံမဏိလေးကြီးကို ဖြည်းဖြည်းချင်း ဆွဲတင်းလိုက် ပါတယ်။Shou ...လေးကြိုးဟာ တုန်ခါသွားပြီးတော့ သူနဲ့ မီတာ ၁၀၀အဝေး မှာရှိတဲ့ ရွှေရောင် အစက်အပြောက်နဲ့ မြွေကို ထိသွားပါတော့တယ်။ဂီး...ရွှေရောင်မြွေဟာ ကြောက်စရာ အသွင်နဲ့ လေထဲကို ခုန်လိုက်ပြီးတော့ ရှူးရှူးရှဲရှဲ ဒေါသ ထွက်နေပါတယ်။ ဒါပေမဲ့ ဇောင်ဖန်ရဲ့ မြားပစ်အစွမ်းဟာ အလွန်ပြည့်စုံပြီးတော့ မြွေရဲ့ သေကွင်း သေကွက်ကို ထိသွားပါတော့တယ်။ ရွှေရောင်မြွေဟာ ပြင်းပြင်းထန်ထန် မြားချက် ထိသွားပြီးတော့ သိပ်မကြာခင်မှာပဲ သေသွား ပါတော့တယ်။"ရွှေရောင် အစက်အပြောက်နဲ့မြွေ၊ အလွန် အဆိပ်ပြင်းတဲ့ တောရိုင်းကောင် ဖြစ်ပြီးတော့ သိုင်းအဆင့် ၃ကိုတောင် အန္တရာယ် ပေးနိုင်တယ်" ဇောင်ဖန်ဟာ လေ ဖြည်းဖြည်းလေး မှုတ်ထုတ် လိုက်ပြီးတော့ သူ့နဖူးက ချွေးတွေသုတ်လိုက် ပါတော့တယ်။ သူတို့သာ ရိုးရိုး တိုက်ခိုက်မယ်ဆိုရင် ရွှေရောင်အစက်နဲ့ မြွေဟာ သူ့ကို အဆိပ်တွေနဲ့ လျင်မြန်စွာ တိုက်ခိုက် အနိုင်ယူ ပါလိမ့်မယ်။ဒါပေမဲ့ ဇောင်ဖန်ဟာ အမြတ် တော်တော်များများ ရသွား ပါတယ်။ မြွေ အစွယ်နဲ့ အသည်းဟာ အတော် ဈေးကြီးပါတယ်။မြွေကို သတ်ပြီးတဲ့အချိန်မှာ ဇောင်ဖန်ဟာ သူ့ဘယ်ဘက် မျက်လုံးကို အသုံးပြုပြီးတော့ ပစ်မှတ်အသစ် ရှာပါတော့တယ်။ဂီး...ရုတ်တရက် ကောင်းကင် အလယ်ကနေ စူးစူးဝါးဝါး အော်သံကို ဇောင်ဖန် ကြားလိုက်ပါတယ်။သတ္တုနှုတ်သီးနဲ့ သိမ်းငှက်တစ်ကောင် ဖြစ်ပြီးတော့ တောင်ပံတွေဟာ ၁မီတာ ရှည်ပါတယ်။ အဲဒီကောင်ဟာ အဆင့်၂ ဝံပုလွေကို လွယ်လွယ်ကူကူ သတ်နိုင်ပါတယ်။ဇောင်ဖန်မျက်နှာဟာ တည်ကြည် သွားပါတယ်။ သတ္တုနှုတ်သီးနဲ့ သိမ်းငှက်ကို သတ္တုသိမ်းငှက်လို့ ခေါ်ပြီးတော့ တိမ်ကောင်းကင် တောထဲမှာ အလွန် ကျော်ကြားထင်ရှားတဲ့ အကောင်ဖြစ်ပါတယ်။ သူ့ရဲ့အစွမ်းဟာ သာမန်သိုင်း အဆင့်၂တွေထက် ပိုပြီးတော့ လေထဲမှာ လွတ်လွတ် လပ်လပ် ပျံသန်းနိုင်ပါတယ်။ ဒါဟာသာမန် သားကောင် တစ်ကောင် မဟုတ်ပါဘူး။သတ္တုသိမ်းငှက်ဟာ အလွန် လျင်မြန်ပါတယ်။ သူဟာ အလွန်ပေါ့ပါး ပြီးတော့ ကာကွယ်မှုမှာလည်း အလွန်သန်မာ ပါတယ်။ သူဟာ သားရဲဆိုး တစ်ကောင် နီးနီးပါပဲ။ သတ္တုသိမ်းငှက် တစ်ကောင်ရဲ့ တန်ဖိုးဟာ ငွေစ ၇၀၀၊ ၈၀၀လောက် ပါရပါတယ်။ ဇောင်ဖန်ဟာ သူ့ဘယ်ဘက် မျက်စိကို အသုံးပြုပြီးတော့ သိမ်းငှက်ကို ချိန်လိုက်ပါတယ်။ဒီအချိန်မှာတော့ သူ မြားတစ်ချောင်းကို ထုတ်လိုက်ပြီးတော့ အဆိပ်သုတ် လိုက်ပါတယ်။ကလစ် ...သံမဏိလေးကြီးကို အဆုံးထိ ဆွဲလိုက်ပါတော့တယ်။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now