အခန်း(၃)(အဆင့်နှစ်သို့ တတ်လှမ်းခြင်း)

65 9 0
                                    

အခန်း(၃)(အဆင့်နှစ်သို့ တတ်လှမ်းခြင်း)"တစ်ကွက်တည်း ... မင်း ရှုံးသွားပြီးနော် "ဇောင်ဖန်က စိတ်လှုပ်ရှားမှုကို ဖုံးကွယ်ထားလို့မရဘဲ သူကိုယ်တိုင် အံ့ဩနေတဲ့ပုံစံနဲ့ ပြောလိုက်တယ်။ ငါနိုင်သွားပြီလား... တကယ်ပဲ ငါတစ်ကွက်တည်းနဲ့ နိုင်သွားတာလား... ပြိုင်ပွဲမစခင်မှာတော့ သူမျက်လုံးရဲ့ ပြောင်းလဲမှုကြောင့် သူမျက်စိအမြင်နဲ့ လျင်မြန်မှုကို အားကိုးပြီးတော့ ဇောင်ကွန်ရဲ့ သိုင်းကွက် တစ်ကွက်ကိုတော့ ကာကွယ် နိုင်လိမ့်မယ်လို့ သူ ယုံကြည်ထားခဲ့တာပါ ... သူသာ သေသေချာချာ တိုက်ခိုက်မယ်ဆို ဆယ်ကွက်လောက် အထိ ဇောင်ကွန် တိုက်ကွက်တွေကို ခုခံနိုင်မယ်လို့ သူထင်ထားခဲ့ပေမဲ့ တကယ်တမ်း ဖြစ်လာတဲ့ ရလဒ်က သူ မျှော်လင့်ထားတာနဲ့ တခြားစီကို ဖြစ်နေပါတယ်။ ဇောင်ကွန် တိုက်ခိုက်တဲ့ပုံက ဘေးက ရပ်ကြည့်နေတဲ့ ကျောင်းသားတွေ အတွက်တောင် အရမ်း မြန်ဆန်လွန်း နေပေမဲ့ ဇောင်ဖန် အတွက်တော့ နေ့ခင်းကြောင်တောင်ကြီးမှာ မြင်ရသလိုမျိုး ထင်ထင်ရှားရှား မြင်နေရတယ်။သူ့ဘယ်မျက်လုံးရဲ့ အစွမ်းကို အပြည့်အဝ အသုံးချလိုက်တဲ့ အခါမှာတော့ သူ့ပြိုင်ဘက်ရဲ့ တိုက်ခိုက်မှုက နှေးကွေးပြီးတော့ ပုံစံမကျ ဖြစ်နေသလိုမျိုး သူ ခံစားလိုက်ရတယ်။ ပြီးတော့ သူ့ကို အံ့ဩသင့်စေတာ တစ်ခုက ဇောင်ကွန်ရဲ့ အမှားကို မြင်နိုင်တာပဲ ...။ အမှား...ဒီလို အရမ်း အဆင့်မြင့်တဲ့ သိုင်းကျမ်းက ဘယ်လိုလုပ်ပြီး အမှားအယွင်း ရှိနေရတာလဲ။ ဇောင်ဖန် ကိုယ်တိုင်ကလည်း သူ့ပြိုင်ဘက်ရဲ့ အမှားကို ဘာလို့ လွယ်လွယ်ကူကူ မြင်ခဲ့လဲ ဆိုတာကို နားမလည်နိုင်ဘူး။ သူထင်တာက ဇောင်ကွန်က အဆိပ်မြွေသိုင်းကို သေချာ မကျင့်ရသေးလို့ အမှားပါတာလို့ပဲ ထင်နေတာပါ။နောက်ဆုံးမှာတော့ ဇောင်ဖန်ရဲ့ ယင်ကောင်ကို ဖမ်းလိုက်တာနဲ့ တူတဲ့ လှုပ်ရှားမှုက ဇောင်ဖန်ကို တစ်ကွက်တည်းနဲ့ အနိုင် ရစေလိုက်တာပါပဲ။ ဟွမ်း.... ရပ်ကြည့်နေကျတဲ့ ကျောင်းသားတွေ အားလုံးလည်း အကုန် ကြက်သေ သေကုန် ကြပါတယ်။ ''ငါ့မျက်စိများ မြင်တာများ မှားသလားကွာ.. ... ရှုံးတဲ့လူက ဇောင်ကွန် ဖြစ်နေတယ်...''အနားမှာရှိတဲ့ ကျောင်းသားတွေ အကုန်လုံးက ပါးစပ် အဟောင်းသားနဲ့ သူတို့ရဲ့ မျက်နှာပေါ်မှာလည်း အံ့သြသင့်နေတဲ့ အမူအရာတွေ ထွက်ပေါ် လာခဲ့ပါတယ်။ ''ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီလိုကောင်ကို ငါတစ်ကွက်တည်းနဲ့ ရှုံးခဲ့တယ် ဆိုတာ...''ဇောင်ကွန်က အဖြေရှာမရတဲ့ မျက်နှာနဲ့ စိတ်ပျက် လက်ပျက် ရေရွတ် လိုက်ပါတယ်။ အမှန်တော့ သူ့ရဲ့ ရုတ်တရက် ရှုံးနိမ့်မှုက သူ့ကိုယ်သူ ဘာဖြစ်သွားသလဲတောင် မမှတ်မိတော့အောင် ဖြစ်သွားစေပါတယ်။ အဲဒီအချိန်မှာ ဇောင်ဖန်ရော ဇောင်ကွန်ရော သူတို့နှစ်ယောက်လုံး မျက်နှာတွေက ထူးဆန်းတဲ့ပုံစံတွေ ဖြစ်နေတော့ အနားက ကျောင်းသားတွေ အကုန်လုံးက သဘောပေါက် လိုက်ကြတယ်။ "ဒါက ... မတော်တဆ ဖြစ်သွားတာပဲ ..."လူအကုန်လုံးက သူတို့ နှစ်ယောက်ရဲ့ မျက်နှာတွေကို ကြည့်ရင် ကောက်ချက် ချလိုက်ကြတယ်။ "မင်းပြောတာ မှန်တယ်... ဒီကောင်လေးရဲ့ကံက တော်တော်... ကောင်းတယ်... သူမမျှော်လင့်ပဲ နိုင်သွားတာ နေမှာပါကွာ ""သူ အရမ်း ကံကောင်းတာပဲနော်"လူအုပ်ကြီးက ဇောင်ဖန်ရဲ့ နိုင်ပွဲကို ကံကောင်းမှု အဖြစ်ပဲ သတ်မှတ် လိုက်ကြပါတယ်။ "ကံတရားဟုတ်လား ... ဟုတ်ချင်လည်း ဟုတ်မှာပေါ့..."ဇောင်ဖန်က ခပ်ဖျော့ဖျော့လေး ပြုံးလိုက်ရင်းနဲ့ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ "ဟေ့ကောင် ... ခဏနေဦး ..."ဇောင်ကွန်က နာကျင်နေတဲ့ အစာအိမ်ကို လက်နဲ့အုပ်ပြီးတော့ ရှုံ့မဲ့နေတဲ့ အမှုအရာနဲ့ လှမ်းပြော လိုက်တယ်။ "ဇောင်ဖန် ... မင်း ကံကောင်းလို့ နိုင်တာပါကွာ.. နို့မို့ဆိုရင် နိုင်စရာမှ မရှိတာ... မင်းနဲ့ငါနဲ့ တစ်ခေါက်ထပ်ပြီး တိုက်ကြရအောင် "ဇောင်ဖန်က သူ့ရဲ့မျက်ခုံးကိုတွန့်ပြီး ဇောင်ကွန်ကို ကြည့်လိုက်ပါတယ်။"ငါမင်းနဲ့ မတိုက်တော့ဘူး... ပထမအချက်က မင်းဆီမှာ ဒဏ်ရာရနေပြီ... ဒုတိယအချက်က ငါ့မှာ အချိန် မရှိတော့ဘူး လုပ်စရာတွေ ရှိသေးတယ် ..."အဲဒီလို ပြောပြီးတာနဲ့ ဇောင်ဖန်က လေ့ကျင့်ကွင်းထောင့်ကို ထွက်သွားတော့တယ်။ သူ့နောက်မှာတော့ ကျောင်းသားတွေက နားမလည်နိုင်တဲ့ မျက်နှာတွေနဲ့ ကျန်ခဲ့ကြတယ်။ "မျိုးမစစ်ကောင်... ငါ ပြန်ကောင်းလာပြီး ... ငါ့ရဲ့အဆိပ်မြွေသိုင်း ဆယ့်သုံးကွက်ကို သေချာ လေ့ကျင့်ပြီးတဲ့ အခါကျမှ မင်းနဲ့ငါ ပြန်ဆုံကြတာပေါ့ကွာ "ဇောင်ကွန်ကလည်း ဒေါသထွက်နေတဲ့ မျက်နှာနဲ့ ဘာတစ်ခွန်းမှ ထပ်မပြောတော့ပဲ လေ့ကျင့်ကွင်းကနေ ထွက်လာ ခဲ့လိုက်တယ်။ ပြန်ကြည့်မယ် ဆိုရင်လည်း ဇောင်ကွန်က သူရှုံးခဲ့တာက အချက် သုံးချက်ကြောင့်လို့ ထင်နေတယ်။ ပထမအချက်က သူ့ပြိုင်ဘက်ကို အရမ်း အထင်သေးမိတယ်။ဒုတိယအချက်က အဆိပ်မြွေ ပြောင်းလဲခြင်း ဆယ့်သုံးကွက်ထဲက သုံးကွက်ပဲ သူလေ့ကျင့် ရသေးတယ်။ အဲဒါကြောင့် သူ့လှုပ်ရှားမှုတွေမှာ အမှားအယွင်းတွေ ဖြစ်ပေါ်လာတာ ဆိုပြီးတော့ သူ ထင်တယ်။ တတိယ အချက်ကတော့ ဇောင်ဖန်က ကံအရမ်း ကောင်းတယ် မဟုတ်လား။ သိုင်းလေ့ကျင့်ကွင်းရဲ့ အခြား တစ်ဖက်မှာလည်း ဇောင်ဖန်က စပြီး သိုင်းလေ့ကျင့်နေတယ်။ "နောက်ဆုံးမှာ ငါနိုင်လိုက်တာက ဇောင်ကွန်က ငါ့ကို အရမ်း အထင်သေးခဲ့လို့ပဲ... ပြီးတော့ သူ့ရဲ့အဆင့်မြင့် သိုင်းကျမ်း သေသေချာချာ မလေ့ကျင့်ထားလို့ပဲ ... ဒါကြောင့် ငါက သူ့အမှားတွေကို အလွယ်တကူ မြင်နိုင်လိုက်တာပဲ"ဇောင်ဖန်က သူနိုင်လိုက်တဲ့အဖြေကို သူ့နှလုံးသားထဲမှာ နားလည်နေတယ်။ ဇောင်ကွန်က နောက်တစ်ခါ တိုက်ရင်တော့ အလွယ်တကူ တိုက်တော့မှာ မဟုတ်ဘူး။ သူသာ အဆိပ်မြွေသိုင်းကို အမှားမရှိအောင် လေ့ကျင့်နိုင်သွားရင် ငါသူ့ကို ထပ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး ...။ဒါက ဘာကြောင့်လဲ ဆိုတော့ သိုင်းအဆင့်၁ နဲ့ အဆင့်၂ ရဲ့ ကွာခြားချက်ကလည်း အရမ်းကြီးမားလို့ပဲ။ သိုင်းအဆင့် ၉ ဆင့် ရှိပြီးတော့ ပထမသုံးဆင့်ကို စွမ်းအား အဆင့်လို့ လူသိများကြတယ်။ စွမ်းအားအဆင့်မှာ လူတစ်ယောက်ရဲ့ အခြေခံကို ခိုင်မာ လာစေပြီးတော့ ခန္ဓာကိုယ်ကို ကြံ့ခိုင်ပြီး သန်မာလာစေတယ်။ ဒါကြောင့် အဆင့်၁နဲ့ ၂ မှာ ခွန်အား ကွာခြားချက်က ၁၀၀ ကီလိုဂရမ်လောက် အထိ ရှိနေတယ်။ဒါကြောင့် ပုံမှန် အခြေအနေ တစ်ခုမှာ အဆင့် ၁ကလူက အဆင့် ၂ကလူကို အနိုင်ယူဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ တစ်ကွက်တည်းနဲ့ အနိုင်ယူဖို့ ဆိုတာကတော့ ပင်လယ်ကြီးထဲမှာ အပ်ရှာရတာထက်ကို ပိုပြီး မဖြစ်နိုင်သေးတယ်။ "အဲဒီတော့ အဓိကအချက်က ငါ့ခွန်အားကို ပိုကြီးမားလာအောင် လုပ်ဖို့ပဲ"ဇောင်ဖန်က လေအေးတွေကို တစ်ချက်ရှူလိုက်ရင်းနဲ့ သူ့ရဲ့ သံမဏိမီးတောက် လက်သီးသိုင်းကို စပြီး လေ့ကျင့်ဖို့ ပြင်ဆင် လိုက်တော့တယ်။ပထမအကွက် ... ဒုတိယအကွက်... တတိယအကွက်....သံမဏိမီးတောက် လက်သီးသိုင်းကို လေ့ကျင့်ရတာ အရင်ကနဲ့မတူပဲ အရမ်း ချောမွေ့နေတာကို ဇောင်ဖန် သတိထားမိ လိုက်တယ်။ ဟူး...ဇောင်ဖန်ရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေ အထင်းသား ပေါ်လွင်နေတယ်။ သံမဏိမီးတောက် လက်သီးသိုင်းက ၃၂ကွက်ရှိပြီး သိုင်းကွက် အားလုံးကို သူခဏလေးအတွင်းမှာ ကစားလိုက် ရသလိုပဲ။ သူ အရင်ကထက်စာရင် သူ့ရဲ့သိုင်းကွက်တွေက အမြန်နှုန်းရော စွမ်းအားတွေပါ တိုးတက်လာခဲ့တယ်။သိုင်းလေ့ကျင့်ပြီးတော့ သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲမှာလဲ ပူနွေးတဲ့သွေးတွေ စီးဆင်းမှု အခြေအနေက အရမ်း ကောင်းနေသလိုပဲ။ ဖတ်... ဖတ်... တစ်ပြိုင်နက်တည်းမှာ သူ့ဘယ်မျက်လုံးက နှလုံးခုန်သံနဲ့တူတဲ့ စည်းချက်တွေကလည်း ပိုပြီး သိသာလာတယ်။ ဇောင်ဖန်က မျက်လုံးကို မှိတ်ပြီးတော့ အရင်က ရောက်ဖူးတဲ့ အနက်ရောင် ကမ္ဘာကြီး ဆီကို အာရုံစိုက်လိုက်တယ်။အဲဒီကမ္ဘာကြီးရဲ့ အလယ်မှာ အစိမ်းရောင် ဖျော့ဖျော့လေး လင်းနေတာကို တွေ့လိုက်ရတယ်။ အရင်ကဆို အစိမ်းရောင်လေးရဲ့ အချင်းဝက်က ၆၀ စင်တီမီတာ လောက်ရှိပြီး မှိန်မှိန်လေးပဲ မြင်ရတယ်။ အခုကတော့ အစိမ်းရောင်လေးက ပိုထင်ရှားလာပြီးတော့ အလျားကလည်း ပိုပြီး ကျယ်လာတယ်။ "ဒါက... ဒါက... ငါ့မျက်လုံးလည်း စွမ်းအားတွေက ငါကိုယ်နဲ့ ပေါင်းစပ်သွားတာ များလား... အဲဒီလို ဖြစ်သွားတာလား..." ဇောင်ဖန်က စဉ်းစားလိုက်တယ်။ သူ့ဘယ်ဘက် မျက်လုံးရဲ့ ပြောင်းလဲမှုက သူ့ရဲ့ကံတရားကို ပြောင်းလဲလိုက်ပြီ ဆိုတာတော့ သူမသိလိုက်ဘူး။ ပထမက သူ ဇောင်ကွန်ကို တစ်ကွက်တည်းနဲ့ အနိုင် တိုက်လိုက်တယ်။ နောက်တော့ သူ သိုင်းလေ့ကျင့်တာတွေက အရင်ကနဲ့မတူ အရမ်းကို ချောမွေ့နေတယ်။ "နောက်တစ်ခေါက်"ဇောင်ဖန်ရဲ့ သိုင်းကွက် အမြန်နှုန်းတွေက ပိုပိုမြန်လာပြီး တစ်ကွက်နဲ့တစ်ကွက် ဆပ်စပ်မှုတွေကလည်း အရင်ကထက်ပိုပြီး ကောင်းလာတယ်။ နောက်ထပ် သုံးကြိမ်လောက် လေ့ကျင့်ပြီးတဲ့ နောက်မှာတော့ အရင်ကနဲ့ယှဉ်ရင် နှစ်ဆလောက်ကို ပိုပြီးမြန်လာပြီး ထိခိုက်နိုင်စွမ်းကလည်း အရမ်းမြင့်လာတယ်။သူ လေရှူသွင်းလိုက်တဲ့အခါ သူ့ကိုယ်ထဲက သွေးလည်ပတ်မှုတွေက အရင်ကထက် ပိုကောင်းလာပြီး သူ့ခန္ဓာကိုယ်က အစိတ်အပိုင်းတွေက အရင်ကထက် ပိုကြံ့ခိုင်လာသလို တဖြည်းဖြည်းလည်း ပိုသန်မာ လာနေတယ်။ "ဒီအမြန်နှုန်းနဲ့ဆို ငါသိုင်းအဆင့် ၂ ကို ကျော်ဖြတ်ဖို့က ရက် နည်းနည်းလောက်ပဲ လိုတော့တာပဲ" ဇောင်ဖန်က သူ တိုးတက်နှုန်း အရင်ကထက် အရမ်း မြန်လာတာကို ခံစားလိုက်ရတယ်။သူက သိုင်းလေ့ကျင့်မှုကို ညရောက်တော့မှ နားလိုက်ပြီး သူ့ကိုယ်က စီးကျနေတဲ့ ချွေးတွေကို သုတ်လိုက်ပြီး အိမ်ကိုပြန်လိုက်တယ်။ အိမ်ရောက်တဲ့အထိ သူ့အာရုံထဲမှာ သူ့ဘယ်မျက်လုံး ပြောင်းလဲမှုကို စဉ်းစားနေတယ်။ "ငါ့မျိုးဆက်ကို ဆက်ခံပြီး ... လူတိုင်းကို အုပ်ချုပ်ဖို့... ပြိုင်ပွဲတိုင်းကို ထိန်းချုပ်ဖို့... လူငယ်လေး မင်းအရမ်း ကံကောင်းတာပဲ... မင်းကိုငါ့ စိတ်မပျက်ရပစေနဲ့ကွာ..." အမည်းရောင် ကမ္ဘာကြီးဆီက လာတဲ့ ထူးဆန်းတဲ့အသံကို သူပြန်ပြီး သတိရလိုက်တယ်။ "ဒီမျက်လုံးက ရှေးခေတ် နတ်ဘုရားလို အစွမ်းထက်တဲ့ လူတစ်ယောက်ဆီက လာတာ ဖြစ်နိုင်တယ် တိုက်တိုက်ဆိုင်ဆိုင် ငါ့မျက်လုံးနဲ့ ပေါင်းစပ်သွားတာပဲ" ဇောင်ဖန်က တွေးလိုက်တယ်။ ညဘက်တွေဆိုလည်း သူမျက်လုံး ဖွင့်ထားတဲ့အခါ အပြင်ဘက်က အရာရာတိုင်းကို နေ့ဘက်အလားကို မြင်နိုင်တယ်။ ညအမှောင်က သူ့အတွက် ဘာမှ မထူးခြားတော့သလိုပဲ သူ မိုင်အနည်းငယ် အကွာက ငှက်လေးတွေ ပျံနေတာကိုပါ ထင်ထင်ရှားရှား မြင်နေရတယ်။ ဇောင်ဖန်က အိပ်ရာပေါ် လှဲနေရင်းနဲ့ သူမျက်လုံးက အပူရှိန်တွေ တရှဲရှဲနဲ့ ထွက်နေပြီး သူ့ကိုယ်ထဲက သွေးတွေနဲ့ ပေါင်းစပ်နေသလိုပဲ။ အဲဒီ ထူးဆန်းတဲ့ ခံစားမှုအောက်မှာပဲ ဇောင်ဖန် တစ်ယောက် အိပ်ပျော် သွားတော့တယ်။မျက်လုံးရပြီး ဒုတိယရက် မှာတော့...ဇောင်ဖန်နှိုးလာပြီး အပျင်းကြော ဆန့်လိုက်ကာ သိုင်လေ့ကျင့်ဖို့ သူအိမ်ထဲက ခြံလေးထဲ ဆင်းလာတယ်။"ဒီခြံက အရမ်း ဟောင်းတာပဲ... ပတ်ဝန်းကျင်ကလည်း တော်တော်ဆိုးတယ်... ငါစွမ်းအား ကြီးလာတဲ့အခါ... ငါ့မိဘတွေကို အိမ်ကြီး အိမ်ကောင်းမှာ ထားနိုင်ရမယ်..."ဇောင်ဖန်ရဲ့ နှလုံးသားထဲမှာ အတွေးတွေ ပေါ်လာတယ်။ အဲဒီနောက် မြန်မြန်ဆန်ဆန်ပဲ သူလက်သီးသိုင်း ၃၂ကွက်ကို လေ့ကျင့်လိုက်တယ်။ ဟူး... ဟူး... ဟူး...အခု သူ့လက်သီးတွေက ဘလေဟုန်ကို ခွင်းပြီးတော့ အရမ်း ပြင်းထန် နေသလိုပဲ။ ဇောင်ဖန်က သူ့လက်သီးကို အရှေ့ကို ထိုးလိုက်ပြီးနောက် တစ်ခုခု မှားနေသလို သူခံစားမိလိုက်တယ်။ သူ့အသက်ရှူ လိုက်တိုင်းမှာ သူသွေးတွေက ဆူပွက်လာပြီးတော့ စွမ်းအားတွေ ထွက်လာသလိုပဲ။ သူ့လက်သီးက အနည်းဆုံးအား ၂၀၀ကနေ ၂၅၀ ကီလိုဂရမ် လောက်အထိ ရှိနေသလိုပဲ။ "ဘယ်လို ဖြစ်ရတာလဲ ..."ဇောင်ဖန်က တုန်လှုပ် သွားပြီးတော့ သူ့လက်သီးကို ကြည့်လိုက်တော့လဲ အနီရောင် အကွက်နှစ်ကွက် ပေါ်လာတယ်။ ဖြောက်... ဖြောက် ... ဖြောက်သူ့လက်သီး တစ်ချက် ထိုးလိုက်တိုင်း သူ့ရှေ့က သစ်ပင်ကြီးက သူ့လက်မောင်း အထူလောက်ရှိတဲ့ သစ်ကိုင်းတွေက ဖွားခနဲဖွားခနဲနဲ့ ကြွေမွကုန်တယ်။ "မဖြစ်နိုင်ဘူး... ဒါက သိုင်းအဆင့် ၁က စွမ်းအား ဆိုတာ မဖြစ်နိုင်ဘူး... ဒါဆိုရင်..." ဇောင်ဖန် ရုတ်တရက် နှလုံးခုန် မြန်သွားတော့တယ်။သူ့အတွေးတွေကို မှန်မမှန် အတည်ပြုဖို့ သူအသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ့စွမ်းအားတွေ အကုန်နဲ့ မြေကြီးကို ခြေတစ်ချက် ဆောင့်နင်း ချလိုက်တယ်။မြေကြီးက တုန်ခါသွားပြီ မြေဆီလွှာတွေ ကြေမွသွားကာ ဇောင်ဖန်ရဲ့ခြေရာက လက်မဝက်လောက်ကို မြေကြီးထဲ နစ်ဝင်သွားတယ်။အဲဒါကို မြင်လိုက်ရတော့ သူ အရမ်းပျော်သွားပြီး သူ့လက်ဝါးကို ၃၀ ကီလိုဂရမ်လောက် ရှိတဲ့ ကျောက်တုံးကို ရိုက်ချလိုက်တော့ ကျောက်တုံးက အစိတ်စိတ် အမြွှာမြွှာ ကွဲကြေသွားတယ်။ဒီလို စွမ်းအားမျိုးက သိုင်းအဆင့်၁ ကျောင်းသားတွေရှိတဲ့ စွမ်းအားမျိုး မဖြစ်နိုင်ဘူးလေ။ "ဒါဆိုရင် သိုင်းအဆင့် ၂လား ... ဒါဆို ငါ့သိုင်းအဆင့် ၁ကနေ ၂ ကို ရောက်သွားပြီပေါ့..."ဇောင်ဖန်က မျက်လုံးကို မှိတ်လိုက်ပြီး သူ့ကိုယ်ထဲက စွမ်းအင်တွေရဲ့ လမ်းကြောင်းတွေကို ခံစားလိုက်တယ်။ သူ ပထမက ထင်တာက သူ သိုင်းအဆင့်၂ ကိုရောက်ဖို့က ရက်နည်းနည်းလောက် ကြိုးစားရဦးမယ်လို့ ဒါပင်မဲ့ မမျှော်လင့်ပဲနဲ့ တစ်ညတည်းနဲ့ သူ ရောက်သွားတာပဲ။ သူ့စိတ်နဲ့ သူမျက်လုံးကို အာရုံခံ ကြည့်လိုက်တော့ အစိမ်းရောင်လေးက အရင်က ၆၀ စင်တီမီတာ ကနေ အခု၆၇စင်တီမီတာ အထိ ကျယ်ပြန့် သွားတာကို တွေ့လိုက်ရတယ်။ သူ့ရဲ့စွမ်းအင်တွေက အရင်ကထက် ပိုများပြားလာသလို ခံစားလိုက်ရပြီးတော့ သူ့ကိုယ်ထဲက ပြောင်းလဲမှုတွေကလည်း ရှင်းမပြနိုင်လောက်အောင် များပြား လာတော့တယ်။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now