အခန်း (၅)

41 7 0
                                    

အခန်း (၅)ဇောင်ကလန်ရဲ့ အရေးကြီး နယ်မြေတစ်ခုဖြစ်တဲ့ သိုင်းကျမ်းဆောင်ထဲမှာ လွန်ခဲ့တဲ့ နှစ်ရာကျော် ကတည်းက ထိန်းသိမ်း ထားခဲ့တဲ့ သိုင်းကျမ်းပေါင်းများစွာ ရှိပါတယ်။ အဲဒီ သိုင်းကျမ်းတွေက မျိုးဆက်သစ်တွေ အစွမ်းထက် လာစေဖို့ နဲ့ ဇောင်ကလန် ကြီးကျယ် ခမ်းနားလာဖို့် လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။များသောအားဖြင့် ကလန်တစ်ခု ဘယ်လောက် အင်အားကြီးလဲ ဆိုတာကို အဲဒီ ကလန်မှာရှိတဲ့ သိုင်းကျမ်း အရည်အတွက်နဲ့ အစွမ်းထက်မှုပေါ်မှာ ဆုံးဖြတ်ပါတယ်။ ဇောင်ဖန်က ရုတ်တရက် သတိရ သွားပါတယ်။ ဇောင်ကလန်ခွဲတစ်ခု ဖြစ်တဲ့ သစ်ရွက်စိမ်း ရွာမှာတောင် သိုင်းကျမ်းဆောင် မရှိပါဘူး။သိုင်းကျမ်းဆောင်မှာ အထပ် ၃ ထပ်ရှိပါတယ်။ပထမထပ်မှာတော့ သိုင်းကျမ်းပေါင်း မြောက်မြားစွာ ရှိပြီးတော့ အဆင့်နိမ့်အဆင့် သိုင်းကျမ်းပေါင်း များစွာနဲ့ အလယ် အလတ်သိုင်းကျမ်း အနည်းငယ်သာ ရှိပါတယ်။ဒုတိယထပ် မှာတော့ ဇောင်ကလန်ရဲ့ ကျော်ကြား လျှို့ဝှက်တဲ့ သိုင်းကျမ်းတွေ ရှိပါတယ်။ အများစုဟာ အဆင့်မြင့် အဆင့် သိုင်းကျမ်းတွေ ဖြစ်ပြီးတော့ အထွတ်အထိပ် အဆင့် သိုင်းကျမ်း အနည်းငယ်သာ ရှိပါတယ်။ဒါပေမဲ့လည်း သိုင်းအဆင့် ၄ နဲ့ အထက် အဆင့်တွေပဲ ဒုတိယ အထပ်ကို ဝင်ခွင့်ရပါတယ်။တတိယ အထပ်ကတော့ တစ်ယောက်မှ မဝင်ဖူးသေးဘူးလို့ ကောလာဟလတွေ ထွက်ပေါ် နေပါတယ်။ဒါပေမဲ့ ဇောင်ဖန်အတွက်တော့ ဒုတိယထပ်နဲ့ တတိယ အထပ်တွေက ဝေးကွာလွန်း ပါသေးတယ် ပထမထပ်က သိုင်းကျမ်း တစ်ခုခုကိုတောင် သူ လိုချင်နေပါတယ်။ဇောင်ကလန်မှာ သူက နောက်ခံအင်အား မရှိပါဘူး လူတစ်ယောက်ဟာ ဘယ်လောက် ပါရမီရှိနေပါစေ နောက်ခံ အင်အား မရှိရင် အဆင့်မြင့် သိုင်းကျမ်း မရနိုင်ကြပါဘူး။ သူမှာ သံမဏိ မီးတောက် လက်သီးသိုင်း တစ်မျိုးတည်းပဲ ရှိပါတယ်။ အဲဒါက အခြေခံအဆင့် သိုင်းကျမ်း ဖြစ်ပြီးတော့ အဆင့်နိမ့်အဆင့် သိုင်းကျမ်းလောက် အစွမ်း မထက်ပါဘူး။ဒါပေမဲ့ သူက အခုသိုင်းအဆင့် ၂ ကို ရောက်ရှိ သွားပြီဖြစ်တဲ့ အတွက် ပထမထပ်ထဲကို ဝင်ပြီးတော့ သူ့အတွက် သင့်တော်တဲ့ သိုင်းကျမ်းကို ရွေးရုံပဲ ရှိပါတော့တယ်။"ဇောင်ကလန်ဟာ အဲဒီလောက်လည်း အံ့သြစရာ မကောင်းပါဘူး။ ဆန်းဖယ်သာမြို့မှာ ရှိတဲ့ ရာနဲ့ချီတဲ့ ကလန်တွေ ထဲကမှ အကြီးဆုံး ၃ ခုထဲက တစ်ခုပေါ့"ဇောင်ဖန်ကတော့ သက်ပြင်းတွေ ရှိုက်ရင်းနဲ့ ပထမထပ်ထဲကို ဝင်သွားပါတယ်။ပထမအထပ်ထဲ သူ ရောက်ရောက်ချင်း သူတို့နဲ့ သင့်တော်မဲ့ သိုင်းကျမ်းကို လိုက်ရှာနေတဲ့ ဇောင်ကလန်က တပည့်တချို့ကို မြင်လိုက်ရပါတယ်။စည်ကမ်းအရ သူတို့က သိုင်းကျမ်းဆောင်ထဲမှာ နာရီဝက်ပဲ ရွေးခွင့်ရှိတာပါ။ အဲဒါကြောင့် ဘယ်သူမှ အချိန်မဖြုန်းရဲပါဘူး။"အချိန်နာရီဝက် အတွင်း အလယ်အလတ် အဆင့် သိုင်းကျမ်းတစ်ခု ဒါမှမဟုတ် အဆင့်နိမ့်အဆင့် သိုင်းကျမ်း ၂ ခု ငါရွေးဖို့ လိုတာပဲ"ဇောင်ဖန်က သက်ပြင်း ချလိုက်ပြီးတော့ စာအုပ်စင် တစ်လျှောက် ရှာဖွေပါတော့တယ်။သိုင်းကျမ်းဆောင်ရဲ့ ပထမထပ်မှာ သိုင်းကျမ်းပေါင်း ထောင်ချီရှိပြီးတော့ တစ်အုပ်စီက တစ်လက်မလောက် ထူပါတယ်။ ဒီလောက် အရေအတွက် အများကြီးထဲကမှ သိုင်းကျမ်း တစ်အုပ် ၂အုပ်ထဲကို ရွေးယူရတာ လုံးလုံးကို မလွယ်တာပါ။"ကျောက်ခွဲ လက်ဝါးသိုင်း၊ ဒေါသနဂါး လက်သီးသိုင်း၊ သစ်ရွက်ခြွေ ဓားသိုင်း၊ လေခြေထောက်သိုင်း..."သိုင်းကျမ်းပေါင်း မြောက်မြားစွာကို ကြည့်ပြီးတော့ ဇောင်ဖန် မျက်လုံးတွေ အရောင် တောက်ပ လာခဲ့ပါတယ်။ရွှပ်... ရွှပ်....ဇောင်ဖန်က သိုင်းကျမ်းတွေရဲ့ ပထမဆုံး စာရွက်တွေကို အမြန် လှန်ကြည့် လိုက်ပါတယ်။ များသောအားဖြင့် သိုင်းကျမ်းတွေရဲ့ ပထမဆုံး စာမျက်နှာမှာ အကျဉ်းချုပ် ရှင်းပြ ထားပါတယ်။လေပြင်းဓားသိုင်း... ဓားဟာ လေလိုပါပဲ။ လျှပ်စီးလိုပဲ အစွမ်းထက်ပြီးတော့ အမြန်ဆုံး တိုက်ခိုက် အနိုင်ယူပါတယ်။ သိုင်းအဆင့် ၁ နဲ့ အထက်ဖြစ်မှ ကျင့်လို့ရပြီးတော့ ကျင့်ရလွယ်တဲ့ အဆင့်နိမ့် သိုင်းကျမ်း ဖြစ် ပါတယ်။ဒေါသနဂါး လက်သီးသိုင်း ခွန်အားကို တိုးစေပြီးတော့ စွမ်းအားတွေ အကုန်လုံးကို တစ်ချက်တည်း ထုတ်သုံးနိုင်တယ်။ သိုင်းအဆင့် ၂ ရောက်မှ ကျင့်လို့ရတဲ့ အလယ်အလတ် အဆင့် သိုင်းကျမ်း ဖြစ်ပြီးတော့ ကျင့်ရတာ အနည်းငယ် ခက်ခဲတဲ့ သိုင်းကျမ်း ဖြစ်ပါတယ်။လေခြေထောက် သိုင်းကျမ်း... အနီးကပ် တိုက်ခိုက်ရတဲ့ သိုင်းဖြစ်ပြီးတော့ လျင်မြန်စွာ တိုက်ခိုက်အနိုင်ယူ ပါတယ်။ လူပေါင်းများစွာ ဝိုင်းတိုက်ခိုက် တာတောင် တန်ပြန် တိုက်ခိုက်နိုင်ပြီးတော့ မရှုံးနိုင်ပါဘူး။ သိုင်းအဆင့် ၁ ရောက်တာနဲ့ ကျင့်လို့ရပါတယ်။ ဒါပေမဲ့ နားလည် နိုင်စွမ်းမြင့်ဖို့ လိုအပ်တဲ့ အလယ်အလတ်အဆင့် သိုင်းကျမ်း ဖြစ်ပါတယ်။သတ္တုသဲသိုင်းကျမ်း ... ခန္ဓာကိုယ် အကြမ်းခံနိုင်မှုကို တိုးစေနိုင်ပါတယ်။ အစွမ်းကုန် အသုံးချလိုက်တဲ့ အချိန်မှာ အဆင့်တူတွေကို မျက်နှာချင်းဆိုင် တန်ပြန် တိုက်ခိုက်နိုင်ပါတယ်။ အဆင့်မြင့် အဆင့်ထိ အောင်မြင် သွားရင်တော့ သူတို့ခန္ဓာကိုယ်ကို အသုံးချပြီးတော့ ဓားတွေ တုတ်တွေကို တန်ပြန် တိုက်ခိုက်နိုင်ပါတယ်။ သိုင်းအဆင့်၂ ရောက်မှ ကျင့်လို့ရပြီးတော့ အစွမ်းတွေ အများကြီးရှိဖို့ လိုအပ်တဲ့ အလယ်အဆင့် သိုင်းကျမ်း ဖြစ်ပါတယ်။***"သိုင်းကျမ်းဆောင်ထဲက သိုင်းကျမ်းတွေက အခြေခံ အဆင့် သိုင်းကျမ်းထက် ပိုကြမ်းပြီးတော့ ပိုစွမ်းပါတယ်"ဇောင်ဖန်က အလွန်ပဲ ကျေနပ်နေပါတယ်။ ပြီးတော့ အဓိကအားဖြင့် အလယ်အလတ် အဆင့် သိုင်းကျမ်းတွေပဲ သူတွေ့နေ ရပါတယ်။သိုင်းကျမ်း ၁၀ အုပ်လောက်ပဲ ရရှိသေးပေမဲ့ သူ့နှလုံးသားတွေ အရမ်း ခုန်နေပြီး စိတ်တွေလှုပ်ရှား နပါတယ်။ ဒါပေမဲ့ သိုင်းကျမ်းဆောင်က အလယ်အလတ် သိုင်းကျမ်း တစ်ခုပဲ သူ ယူဆောင်ခွင့် ရှိပါတယ်။ဖြစ်နိုင်ရင် ငါသာ နည်းနည်း ပိုယူသွားခွင့်ရှိရင် သိပ်ကောင်းမှာပဲ။...ဇောင်ဖန်က စိတ်ပျက် လက်ပျက် ဖြစ်နေပြီးတော့ ဒါဟာ မတရားဘူးလို့ သူတွေးနေပါတယ်။ "ကလန်ခွဲက တပည့်တွေက အလယ်အလတ် သိုင်းကျမ်းတစ်ခုပဲ ရွေးချယ်ခွင့် ရှိပြီးတော့ ပင်မ ကလန်က တပည့်တွေက ၂ခု ရွေးချယ်ခွင့် ရှိတယ်လေ"သူ့ဘယ်ဘက် မျက်လုံးကို အသုံးပြုပြီးတော့ အမြန်ရွေးချယ် လိုက်ပါတယ်။ သူ့ဘယ်ဘက် မျက်လုံးကို အသုံးပြု လိုက်တဲ့ အချိန်မှာ အရင်ကထက် ၁၀ဆ ပိုမြန်သွားပါတယ်။ရွှပ်... ရွှပ်... ရွှပ်...သူ့ဘယ်ဘက် မျက်လုံးကို အသုံးပြုလိုက်တဲ့ အချိန်မှာ သိုင်းကျမ်းတွေကို ကြည့်နေတဲ့ အမြန်နှုန်းဟာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်နေပါတယ်။သူ တစ်ခုတည်းပဲ လိုအပ်တာပါ။ တစ်ခါတည်း ကြည့်ပြီးတာနဲ့ အကုန်လုံး နားလည်ဖို့ပါပဲ... စာအုပ် ၃၀ကျော်လောက်ထိ သူကြည့်ပြီးတဲ့ အချိန်မှာ ဇောင်ဖန်က အကုန်လုံးကို မှတ်မိနေပြီးတော့ တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ် နေပါတယ်။စာအုပ် ၅၀ကျော်ကို သူသေချာ မှတ်သားပြီးတဲ့ အချိန်မှာ ဇောင်ဖန်က ရုတ်တရက် တစုံတစ်ခုကို သဘောပေါက် လိုက်ပါတယ်... တစ်ခုခုလွဲနေတယ်... ဇောင်ဖန် ရုတ်တရက် ရင်ထဲ အေးသွားပါတယ်။သူမှတ်သားခဲ့တဲ့ စာအုပ်တွေကို ပြန်စဉ်းစား လိုက်ပါတယ်။သူ့စိတ်ထဲမှာ စာအုပ်ထဲမှာပါတဲ့ အကြောင်းအရာတွေဟာ တစ်ခုမှမမှားပဲ ထင်းရှားစွာ မှတ်မိနေပါတယ်။"ဒီက..."ဇောင်ဖန် ကိုယ့်ကိုယ်ကိုယ် အံ့သြ ထိတ်လန့် နေပါတယ်။သူ့ရဲ့ဘယ်ဘက် မျက်စိနဲ့ ပေါင်းစည်းမိတဲ့အချိန်မှာ ဇောင်ဖန်ရဲ့ မှတ်ဉာဏ်တွေက သိသိသာသာ တိုးတက်လာပါတယ်။ တစ်နည်းပြောရရင် အရာအားလုံးကို တစ်ခါတည်း ကြည့်ရုံနဲ့ သူဘယ်တော့မှ မမေ့တော့ပါဘူး။အထူးသဖြင့် သူ့ရဲ့ဘယ်ဘက် မျက်စိကို အသုံးပြုပြီး ဖတ်လိုက်တဲ့အချိန် သူ့စိတ်ထဲမှာ လုံးဝ ပုံသွင်းထားသလို မှတ်မိနေ ပါတယ်။ဇောင်ဖန် ဒီလိုမျိုး "ဘယ်တော့မှ မမေ့နိုင်တဲ့မှတ်ဉာဏ်" အစွမ်းကို ရရှိလိမ့်မယ် ဆိုပြီးတော့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။အဇူရာပန်း ဒေသမှာရှိတဲ့ ပါရမီရှင်တွေ အကြောင်း ကောလာဟလတွေ အများကြီး ထွက်ပေါ်နေပါတယ်။ "ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်" ဟာ သူတို့မှာရှိတဲ့ အရည်အချင်း တွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ဒါပေမဲ့ "ဘယ်တော့မှ မမေ့နိုင်တဲ့မှတ်ဉာဏ်" ဆိုတာဟာ လူအများ အတွက်တော့ သူတို့ဟာ တစ်ခါဖတ်ရင် အများဆုံး ၈၀ ရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းထက်ပို မမှတ်မိနိုင်ပါဘူး။ဒါပေမဲ့ ဇောင်ဖန်နဲ့ ယှဉ်ရင်တော့ သူ့မှတ်ဉာဏ်က လုံးဝ အပြတ်အသတ်ကို သာလွန်နေပြီးတော့ သူ ဘာဆိုဘာမှ မမေ့ပါဘူး။သူက ဒီအစွမ်းနဲ့ သိုင်းကျမ်းဆောင်ထဲက သိုင်းကျမ်းတွေကို ပိုယူနိုင်ပါတယ်။"မြန်မြန် မြန်မြန် မြန်မြန်..."ဇောင်ဖန်က စိတ်တက်ကြွစွာနဲ့ ရှိသမျှ စာအုပ်တွေကို သူတတ်နိုင်သမျှ မှတ်သား ဖတ်ရှု နေပါတယ်။ရွှပ်... ရွှပ်... ရွှပ်....သူ့အာရုံကို အပြည့်အဝ စူးစိုက်ထားပြီးတော့ စာမျက်နှာတွေကို တတ်နိုင်သမျှ မှတ်သားနေပါတယ်။သူ့ရဲ့ဘယ်ဘက်မျက်စိနဲ့ ကြည့်လိုက်သမျှ အကြာင်းအရာ တွေဟာ စာလုံးတွေပဲဖြစ်ဖြစ် ပုံတွေပဲဖြစ်ဖြစ် သူ အကုန်လုံးကို မှတ်မိနေပါတယ်။အသက် အခါ၂၀ ရှူချိန်မှာပဲ သူ စာမျက်နှာ ၅၀ ပါတဲ့ စာအုပ်ကို သူကောင်းကောင်း ဖတ်ရှု မှတ်သား ပြီးပါပြီ။"ဟား ဟား ဟား... လုံးဝ မမေ့ဘူး... ကောင်းတယ်..."ဇောင်ဖန်က အလွန် ပျော်ရွှင်နေမိပါတယ် ဒါပေမဲ့ စာအုပ်တွေ အများကြီး ကျန်သေးတာကို သူမြင်လိုက်ရတဲ့အခါမှာ ဝမ်းနည်း ကြေကွဲ သွားပြန်ပါတယ်။သူ့လုပ်နေပုံကို တခြား တပည့်တွေ စိတ်ဝင်စားလာပြီး လှည့်ကြည့် လာကြပါတယ်။"ဒီကောင်တော့ ရူးသွားပြီ ထင်တယ်""ဒါသူရဲ့ ပထမဆုံးအကြိမ် ထင်တယ် သူတော်တော် တက်ကြွနေတာပဲ ..."တချို့တပည့်တွေက ဇောင်ဖန်ရဲ့ လုပ်ဆောင်ပုံကို ကြည့်ပြီး သူတို့ခေါင်းကို ခါလိုက်ကြပါတယ် အချိန်တွေဟာ ခဏလေး အတွင်းမှာ ကုန်သွားပါတယ်။မိနစ်၂၀ကျော်လောက်ဟာ ကုန်သွားပါပြီ။ဟမ်း....ဇောင်ဖန် သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ သူ ပင်ပန်းနေပါတယ်။ ဒါပေမဲ့ အခုထိတိုင် သူ စိတ်လှုပ်ရှားပြီး ပျော်ရွှင် နေပါ တယ်။ဒီအချိန်အတွင်းမှာ သိုင်းကျမ်းဆောင် ထဲကနေ သူသိုင်း ကျမ်းပေါင်း ၁၀၀ ကျော်လောက် အေးဆေး ခိုးယူပြီးသွားပါပြီ။အဲဒီ သိုင်းကျမ်းတွေက အဓိကအားဖြင့် အလယ်အလတ် အဆင့် သိုင်းကျမ်းတွေ ဖြစ်ပြီးတော့ လက်သီးသိုင်း၊ လက်ဝါးသိုင်း၊ ဓားသိုင်း၊ အသက်ရှူသိုင်း (တစ်နည်းပြော ရရင် အတွင်းအား ဒါမှမဟုတ် သက်လုံ ကောင်းအောင် ကျင့်တာ ဖြစ်ပါတယ်)၊ ခြေသိုင်း၊ ကာကွယ်မှုသိုင်း (ခန္ဓာကိုယ် ကြံ့ခိုင်အောင့် ကျင့်နည်း) ပြီးတော့ တခြားသိုင်းပေါင်း အများကြီး ပါပါတယ်။ဇောင်ဖန်က သူ့ရဲ့ဘယ်ဘက် မျက်စိကို သုံးပြီး မှတ်သားထား သောကြောင့် သူ့စိတ်က ပင်ပန်း နွမ်းနယ် လာခဲ့ပါတယ်။ထို့နောက် ဇောင်ဖန်က သူ့ရဲ့ဘယ်ဘက် မျက်စိကိုသုံးပြီး ပတ်ဝန်းကျင်အနှံ့ ကြည့်လိုက်တဲ့အခါ သူ့ရဲ့အကြည့်က သိုင်းကျမ်းဟောင်း တစ်အုပ်ပေါ် ကျရောက် သွားပါတယ်။သူ ဘာလို့ဒီမှာ ရပ်လိုက်ရလဲ ဆိုတဲ့ အကြောင်းပြချက် ကတော့ ဇောင်ဖန်ဟာ အဲဒီစာအုပ်ဟာ တခြား စာအုပ်တွေ နဲ့မတူဘူး ဆိုတာကို ခံစားနေတဲ့ အတွက်ကြောင့် ပါပဲ။ဇောင်ဖန်က စာအုပ်ကို ကောက်ယူ လိုက်ပါတယ်။ စာအုပ်ရဲ့ အပေါ်ဆုံးမှာ အလင်းတန်း စီးနင်းခြင်း ကိုယ်ဖော့သိုင်းဆိုပြီး စာလုံး ၃လုံး ရှိနေပါတယ်။သူပထမဆုံး စာမျက်နှာကို လှန်လိုက်ပါတယ်။အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့သိုင်း... အဆင့်မြင့်အဆင့် သိုင်းကျမ်းဖြစ်ပြီးတော့ နှင်းစက်လေးတွေလို ရွေ့လျား သွားပြီးတော့ ချက်ချင်း ပျောက်ကွယ် နိုင်ပါတယ်။ မြစ်တွေကိုလည်း ဖြတ်သန်း နိုင်ပါတယ်။ လေ့ကျင့်သူကို ငှက်တစ်ကောင်လို ခံစားစေပါတယ်။အဆင့် တော်တော်မြင့်တဲ့ အထိ လေ့ကျင့်ပြီးရင်တော့ ၂ ဆ ခုန်နိုင်ပြီးတော့ ခဏတာတောင် ပျံသန်း နိုင်ပါတယ်။ သိုင်း အဆင့်၂ ရောက်မှ စကျင့်လို့ရတဲ့ သိုင်းကျမ်း ဖြစ်ပြီးတော့ ကျင့်ရခက်ခဲ့တဲ့ သိုင်းကျမ်း ဖြစ်ပါတယ်။ အပြင် အတွင်းအားပါ ပါဝင်ပြီးတော့ အစွမ်းတွေကိုလည်း တိုးတက် စေပါတယ်။ အမြင့်ဆုံး အဆုံးထိ လေ့ကျင့် အောင်မြင် သွားရင်တော့ သိုင်းအဆင့် ၇ အောက်အဆင့်မှာ သူ့ကိုမှီနိုင်တဲ့သူ မရှိတော့ပါဘူး ဇောင်ဖန် ပထမဆုံး တွေးမိတာက ဒါဟာ သာမန်ကိုယ်ဖော့ သိုင်းလေး တစ်ခုထက် မပိုပါဘူး။ ဒါပေမဲ့ "၂ဆခုန်နိုင်စွမ်း"နဲ့ "အတွင်းအား ထည့်သွင်းထားခြင်း" တို့ကို မြင်လိုက်ရတဲ့ အချိန်မှာ သူမျက်လုံးတွေ တောက်ပ သွားတယ်။"၂ဆခုန်နိုင်စွမ်း" ဆိုတာဟာ အလယ်အလတ် အဆင့် သိုင်းကျမ်းထက် ကျော်လွန်သွားပါပြီ။ တချို့အဆင့်မြင့် အဆင့် သိုင်းကျမ်းတွေထဲ မှာတောင် မပါဝင်သေးပါဘူး။"အတွင်းအားကို ဖြည့်စွက်ထားခြင်း" ဆိုတော့ ဒီအဆင့်ဟာ သိုင်းပညာရှင် အဆင့် ဒါမှမဟုတ် သိုင်းအဆင့် ၄ နဲ့ အထက်မှ လေ့ကျင့် ရပါတယ်။ ပြီးတော့ လုံးဝ မယုံကြည် နိုင်စရာ အကောင်းဆုံး ကတော့ အဆုံးထိ အောင်မြင်သွားရင် အဆင့် ၇ အောက် အဆင့်တွေမှာ အမြန်ဆုံးဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။"ဒါပုံကြီးချဲ့ထားတာ တစ်ခုများလား.... အဆင့်တစ်ခုရှိတဲ့ တချို့ သိုင်းကျမ်းတွေတောင် ဒီလိုမျိုး မပြောရဲဘူး"ဇောင်ဖန် မျက်လုံးတွေ တောက်ပလာပြီး တုံ့ဆိုင်းခြင်း မရှိပဲ အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့ သိုင်းကျမ်းကို စဖတ်ပါတော့တယ်။သူ့နှလုံးသားထဲ မေးစရာတွေ ဖြစ်ပေါ်နေပါတယ်။ ဒီလို ကြမ်းတဲ့ သိုင်းကျမ်းက ဘာလို့ ပထမထပ်မှာ ရှိနေရတာလဲ ဘာလို့ တစ်ယောက်မှ မလေ့လာကြတာလဲ... သိပ်မကြာခင်မှာ ဇောင်ဖန်က ဘာလို့လဲ ဆိုတာကို နားလည် သွားပါတယ်။သိုင်းကျမ်း ၄ပုံ၁ပုံ လောက် ရောက်တဲ့အချိန်မှာ စာလုံးတွေဟာ မှုန်ဝါး ကုန်ပါတယ် အဓိက အကြောင်းပြချက် ကတော့ စာအုပ်ဟာ သက်တမ်း တော်တော် ကြာနေပြီးတော့ အစ စာမျက်နှာမှာ ကတည်းကိုက ဆွေးမြည့်နေပါတယ်။အဓိပ္ပာယ်ကတော့ စာအုပ်ရဲ့ ၄ ပုံ ၁ ပုံပဲ အကောင်း အတိုင်း ရှိပါတယ်။"ငါ ကံဆိုးတာပဲ..."ဇောင်ဖန်က အကြီးအကျယ် စိတ်ဓာတ် ကျသွား ပါတော့တယ်။ဒါပေမဲ့လည်း သူ အရှုံးမပေးပါဘူး။ သူ့ဘယ်ဘက်မျက်လုံးကို အသုံးပြုပြီးတော့ မှုန်းဝါးနေတဲ့ စာလုံးတွေကို ဆက်ဖတ် နေပါတယ်။သူ ဘယ်ဘက် မျက်လုံးနဲ့ ရှိသမျှ အစွမ်း အကုန်သုံးပြီး ဖတ်နေတာပါ။ ဇောင်ဖန်ဟာ ဆွေးမြည့်နေတဲ့ စကားလုံးတွေကို မြင်ရုံလေးပဲ တတ်နိုင်ပါတယ်။ ဒါဟာ သာမန် လူသားတွေရဲ့ မြင်နိုင်စွမ်းထက် အဆ၂၀ ၊၃၀ လောက်ကျော်လွန် သွားခဲ့ပါပြီ။စာရွက် ၁ ရွက် ၂ရွက် ဖတ်ပြီးတဲ့အချိန်မှာ ဇောင်ဖန်ဟာ သူ့စိတ် အရမ်းပင်ပန်း နေပြီးတော့ သူ့ဘယ်ဘက် မျက်စိမှာ ဘာအစွမ်းမှ မရှိတော့တာကိုပါ ခံစားလိုက် ရပါတယ်။"ဒါကိုငါ ယူသွားပြီးတော့ ကျန်တဲ့ဟာတွေကို ဖြည်းဖြည်းချင်းစီ ဖတ်လို့ ရတာပဲ"ဇောင်ဖန် တွေးလိုက်ပြီးတော့ အလင်းတန်း စီးနင်းခြင်း သိုင်းကျမ်းကိုယူပြီး ပထမထပ် သိုင်းကျမ်းဆောင်ထဲက ထွက်လာခဲ့ပါတယ်။"အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့သိုင်းလား.... မင်း ဒီသိုင်းကျမ်းကို လိုချင်တယ်ပေါ ..."အဖြူရောင်ဝတ်ရုံနဲ့ အကြီးအကဲက မျက်မှောင်ကြုတ်ပြီး မေးလိုက်ပါတယ်။"ဟုတ်ကဲ့"ဇောင်ဖန် ယဉ်ကျေးစွာနဲ့ပဲ ပြန်ဖြေ လိုက်ပါတယ်။"ဒီစာအုပ် ရှိနေတာ နှစ်ပေါင်း ထောင်ကျော် ရှိပြီးတော့ တချို့ အစိတ်အပိုင်းတွေဟာ အဆင့်မြင့် အဆင့် သိုင်းကျမ်းထက် ပိုလွန်းတယ်" အဲဒါတွေလည်း ပြောပြီးသွားရော အဖြူရောင်ဝတ်ရုံနဲ့ အကြီးအကဲရဲ့ အသံဟာ ပြောင်းလဲသွားတယ် "ဒါပေမဲ့ စာအုပ်ရဲ့ ၄ပုံ၁ပုံပဲ ဖတ်လို့ရတယ်။ အရေး ကြီးတဲ့ အချက်ကို ပြောရရင် ဒီသိုင်းကျမ်းကို အဆုံးထိ ရောက်အောင် လေ့ကျင့်ဖို့ကတော့ အရမ်းအရမ်းကို ခက်ခဲ လွန်းတယ်။ တချို့ ပါရမီရှင်တွေတောင် မလေ့ကျင့်နိုင်ဘူး..." သိုင်းအဆင့် ၄ အောက်က လူတွေ ကျင့်နိုင်ဖို့ အလားအလာ မရှိဘူး။နောက်ဆုံးမှာတော့ အဖြူရောင် ဝတ်ရုံနဲ့ အကြီးအကဲက သတိ ပေးလိုက်ပါတယ်။ "ငါ မင်းကို တခြားစာအုပ် တစ်အုပ်ပြောင်း ယူဖို့ အကြံပေးချင်တယ်။ ဒါမှမဟုတ်ရင်တော့ မင်း ဘယ်တော့မှ သိုင်းအဆင့် ၄ ကို မတက်နိုင်တဲ့ အပြင်စစ်မှန်တဲ့ သိုင်းပညာရှင်လည်း မဖြစ်နိုင်တော့ဘူး""အခုလို သတိပေးလို့ အကြီးအကဲကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့် နှလုံးသားထဲကနေ ဆုံးဖြတ်ချက် ချပြီးပါပြီ"ဇောင်ဖန် တည်တည်ငြိမ်ငြိမ်နဲ့ပဲ သူ့မျက်နှာကို ကြည့်လိုက်ပါတယ်။ဇောင်ဖန် ထွက်သွားတာကို ကြည့်ပြီးတော့ အဖြူရောင် ဝတ်ရုံနဲ့ အကြီးအကဲကဟာ ခေါင်းခါပြီးတော့ ပြောလိုက်ပါတယ်။ "အခုခေတ် လူငယ်တွေကတော့ ဖြစ်နိုင်သမျှ အဆင့်အမြင့် ဆုံးသိုင်းကျမ်းတွေ အကုန်ယူတာပဲ"သူ ယုံကြည်နေပါတယ်။ ဒီဇောင်ဖန်ဆိုတဲ့ လူငယ်လေး အလင်းတန်းစီးနင်းခြင်း ကိုယ်ဖော့သိုင်းကျမ်းကို အဆုံးထိ မလေ့ကျင့်နိုင်ဘူး ဆိုတာကိုပေါ့။ ပြီးတော့ သူတစ်ခေါက် ပြန်လာရွေးလို့ရရင် ပြန်လာရွေးမယ် ဆိုတာကို ရောပေါ့... ဒီတစ်ဝက်တစ်ပျက် သိုင်းကျမ်းကြီးကို သူဘာလုပ် နိုင်မှာမို့လဲ။သိုင်းကျမ်းဆောင်ကနေ ထွက်ပြီးတာနဲ့ ဇောင်ဖန်အိမ်ကို တန်းပြန် လိုက်ပါတယ်။အိပ်ရာပေါ်မှာ သူထိုင်ပြီးတော့ သူ့မျက်လုံးတွေကို မှိတ်ထားပါတယ် သူ့စိတ်ထဲမှာတော့ သိုင်းကျမ်း ၁၀၀ ရဲ့ အကြောင်းတွေကို မြန်မြန် စဉ်းစားနေပါတယ်...။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now