အခန်း (၄)

54 6 0
                                    

အခန်း (၄)"သိုင်းအဆင့် ၂ ကို ကျော်ဖြတ်ပြီးတာနဲ့ ငါကအာက်ခြေက လူတစ်ယောက် မဟုတ်တော့ဘူး ... ငါ့မိသားစု သိုင်းပြိုင်ပွဲကို ဝင်ပြိုင်ခွင့် ရနေပြီပဲ..."ဇောင်ဖန်က အရမ်း စိတ်လှုပ်ရှား နေပြီးတော့ သိပ်မကြာခင်မှာပဲ ပြန်လည် တည်ငြိမ် သွားပါတယ်။သိုင်းအဆင့်တွေက အဆင့် ၉ ဆင့်ထိ ရှိပြီးတော့ တစ်ဆင့်ထက် တစ်ဆင့်တက်ဖို့ အရမ်းကို ခက်ခဲပါတယ်။သိုင်းလေ့ကျင့် သူတွေ အတွက် ပထမဆုံးအဆင့် ၃ ဆင့်ဟာ "ခွန်းအားအဆင့် "ဆိုပြီးတော့ လူတိုင်း သိကြပါတယ်။သိုင်းလေ့ကျင့်သူတွေက သိုင်းအခြေခံ ခိုင်မာပြီးတော့ နောက်ပိုင်း အဆင့်တွေကို တက်နိုင်ဖို့အတွက် သူတို့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လေ့ကျင့် ကြရပါတယ်။ဒါပေမဲ့ သိုင်းအဆင့် ၃ အထွတ်အထိပ်ကို ရောက်ရှိသွားတဲ့ သူတွေကိုတော့ လုံးဝ အထင်သေးလို့ မရပါဘူး သူတို့ဟာ အနည်းဆုံး ခွန်အား ၄၀၀ ကီလိုဂရမ် ရှိပြီးတော့ ပါရမီရှင်တွေ ကတော့ ခွန်အား ၅၀၀ ကီလိုဂရမ်နဲ့ အထက်မှာ ရှိကြပါတယ်။ သူတို့တွေဟာ ဘာလက်နက်မှမပါပဲ ကျားတစ်ကောင်ကို လက်ချည်းသက်သက် အသာလေး တစ်စစီ ဆွဲဖြဲနိုင်ပြီးတော့ ဝက်ဝံတွေကိုလည်း အသာလေး သတ်နိုင်ပါတယ်။ဇောင်ဖန်ဟာ အခုဆိုသိုင်းအဆင့် ၂ ကို ရောက်ရှိ လာပြီးတော့ သူမှာ ခွန်အား ၂၅၀ ကီလိုဂရမ်ကနေ ၃၀၀ ကီလိုဂရမ်အထိ ရှိနေပါပြီ။ သူ့ရဲ့ခွန်အားဟာ ဆိုရင် သာမန်လူတွေထက် ကျော်လွန် နေပါပြီ။ သူသာ အဆင့်မြင့် သိုင်းကျမ်းတွေ လေ့ကျင့်ခွင့်ရရင် လူပေါင်းများစွာထက် အစွမ်း ပိုထက်လာမှာပါ။"ငါသာ သိုင်းအဆင့် ၃ ကို ရောက်သွားရင် ငါ့ရဲ့ခွန်အားဟာ ၃၅၀ ကီလိုဂရမ် ကနေ ၄၀၀ ကီလိုဂရမ်အထိ ရှိလာမှာပဲ... ပြီးတော့ ငါ့ခွန်အားတွေလည်း အနည်းဆုံး ၂ဆလောက် တိုးလာမှာပဲ"ဇောင်ဖန် နှလုံးသားထဲမှာ အတွေးမျိုးစုံ ဖြစ်ပေါ်နေပါတယ်။တကယ်တမ်းတော့ သူက သိုင်းအဆင့် ၄ ကို ရောက်ရှိချင်နေတာပါ။သိုင်းအဆင့် ၄ က နေ ၆အထိ ဟာဆိုရင် "စုဆောင်းတဲ့ အဆင့်" ဖြစ်ပြီးတော့ သူတို့ဟာ သိုင်းပညာရှင်တွေ ဖြစ်ကြပါတယ်။သိုင်းပညာရှင်တွေ ဖြစ်သွားကြရင် သူတို့ဟာ ကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ရှိရုံတင် မကပါဘူး ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံးဟာလည်း ကြံ့ခိုင်လာပြီးတော့ "အတွင်းအား"ကိုလည်း အသုံးပြု နိုင်လာကြပါပြီ။ အတွင်းအားကို အသုံးပြုပြီး တိုက်ခိုက်တာက ခွန်အားကို အသုံးပြုပြီး တိုက်ခိုက်တာထက် ပိုစွမ်းပါတယ်။သိုင်းပညာရှင်အဆင့်ကို ရောက်ရှိ သွားရင်တော့ သာမန်လူတွေ အဆင့်ကနေ လွတ်မြောက် သွားပြီးတော့ အဆင့်မြင့်တဲ့ အဆင့်တစ်ခုကို ရောက်ရှိ သွားပါပြီ။သစ်ရွက်စိမ်း ကျေးရွာမှာ တုန်းကဆိုရင် ဇောင်ဖန်ဟာ ဇောင်ကလန်ရဲ့ သိုင်းပညာရှင် ဖြစ်ချင်ခဲ့ပြီး အခု သူ့အိပ်မက်က နောက်တစ်ဆင့် နီးလာခဲ့ပါပြီ။ဇောင်ဖန်သိုင်းအဆင့် ၂ ကို ရောက်ရှိ သွားတာကို သူမိဘ တွေကို အမြန် ပြောပြလိုက်ပါတယ်။"သိုင်းအဆင့် ၂ ဟုတ်လား..."သူ့အဖေနဲ့ သူ့အမေတို့ နှစ်ယောက်လုံး အရမ်း အံ့အားသင့်သွားကြ ပြီးတော့ သက်ပြင်း ချလိုက်ကြပါတယ်။ဇောင်ဖန်ဟာ ဒီအသက်အရွယ်နဲ့ ပြင်ပ အကူအညီမပါပဲ သိုင်းအဆင့် ၂ ကို ရောက်ရှိခဲ့တယ် ဆိုတော့ သူ့ပါရမီဟာ တခြား သူတွေထက် သာပါတယ်။"မင်းမှာ လုပ်စရာဆိုလို့ ၂ လကျရင် ကျင်းပမဲ့ သိုင်းပြိုင်ပွဲ အတွက် ပြင်ဆင်ဖို့ပဲ ရှိတော့တယ် ငါတို့ကို မျက်နှာမပျက်စေနဲ့"သူ့အဖေက ပျော်ရွှင်စွာ ပြုံးနေပါတယ်။ သူ့အမေလည်းပဲ ကျေနပ်စွာ ပြုံးနေပါတယ်။ဇောင်ဖန် ဒီအဆင့်ကို ရောက်ရှိလာတဲ့အတွက် သူတို့ အရမ်းကို ပျော်ရွှင်နေတာပါ။ ပြီးတော့ သူတို့ ဒီလောက် မျှော်လင့် မထားပါဘူး။ဒါပေမဲ့ ဇောင်ဖန်ရဲ့ ရည်ရွယ်ချက်က ဒီလောက်နဲ့ပဲ မဟုတ်ပါဘူး။ သူက တကယ့် သိုင်းပညာရှင် ဖြစ်ချင်တာပါ။ ဖြစ်နိုင်ရင် အထွတ်အထိပ် သိုင်းပညာရှင် ဖြစ်ချင်တာပါ။"သိုင်းအဆင့်၂ကို ရောက်ရှိ သွားပြီးတဲ့နောက်မှာ ဇောင်ကလန်ထဲမှာ ငါ အဆင့်အတန်း ပိုမြင့်သွားပြီ။ အခုဆိုရင် ငါ သိုင်းကျမ်းဆောင်ကို ဝင်လို့ရပြီ... "သိုင်းကျမ်းဆောင်ထဲမှာ သိုင်းကျမ်းပေါင်း မြောက်မြားစွာ ရှိပါတယ်။ဇောင်ဖန်က အဲဒါကို စဉ်းစားမိတာနဲ့ သိုင်းကျမ်းဆောင်ဆီကို အမြန်ဆုံး ထွက်ခွာ လာခဲ့ပါတယ်။"အစ်ကိုဖန်"လမ်းတစ်ဝက်မှာ အနည်းငယ် အံ့အားသင့်နေတဲ့ မိန်းကလေး တစ်ယောက် အသံကြောင့် သူ ရပ်တန့်လိုက်တယ် သူ ဒီအသံကို ရင်းနှီး နေတယ်လို့ ခံစား နေရပါတယ်။ဇောင်ဖန် နောက်ကို လှည့်လိုက်တဲ့အခါမှာ အသက် သိပ်မကြီးသေးတဲ့ ကောင်လေးနဲ့ ကောင်မလေး တစ်ယောက် သူ့ဆီကို လျှောက်လာ နေတာကို တွေ့လိုက်ရပါတယ်။ကောင်လေးက ခရမ်းရောင် အဝတ် ဝတ်ထားပြီးတော့ မျက်ခုံးထူထူ အရပ်ရှည်ရှည်နဲ့ စူးရှတဲ့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားပါတယ်။ သူက သိုင်းအဆင့် ၃ ကို ရောက်နေပြီးတော့ တခြား တပည့်တွေလည်း သူ့ဆီကနေ ထွက်ပေါ်လာတဲ့ ဖိအားတွေကို ခံစားနေရပါတယ်။"သူက ဇောင်ကလန်ရဲ့ အပြင်တပည့်တွေထဲက သိုင်း အဆင့် ၃တပည့် ဇောင်ရိဂျန် မဟုတ်လား..."အနီးအနားက ကျောင်းသားတွေ အံ့သြသင့် သွားကြပြီးတော့ သူတို့ရဲ့မျက်နှာ ပေါ်မှာ ကြောက်ရွံ့မှုတွေနဲ့ ပူပန်မှုတွေ ပြည့်နေကြတယ်။ဇောင်ရီဂျန်နဲ့ အတူ လိုက်ပါလာတဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မိန်းမချောကတော့ အဖြူရောင်ကို ဝတ်ဆင် ထားပြီးတော့ ဇောင်ဖန်နဲ့ ရွယ်တူ ၁၄ နှစ် လောက်ပဲ ရှိပါတယ်။"ညီမလေးဇူ..."ဇောင်ဖန်က အဖြူရောင် ကောင်မလေးကို ကြည့်လိုက်ပြီးတော့ လှောင်ပြုံး ပြုံးလိုက်ပါတယ်။သစ်ရွက်စိမ်းရွာမှာဆို ဇောင်ဇူက သူ့ကို အရမ်းကြိုက်ခဲ့တယ်။ ဒါပေမဲ့ ဇောင်ကလန်ကို ရောက်ပြီးတဲ့ နောက်မှာတော့ သူနဲ့ဝေးရာကို ရောက်သွားပြီးတော့ သူစိမ်းတွေလို ဖြစ်သွား ကြတယ်လေ။ အဲဒီအချိန်မှာပဲ ဇောင်ဇူက ဇောင်ရိဂျန်ကို တစ်ခုခု ပြောလိုက်တယ်။"ကောင်းပြီလေ ဒါပေမဲ့ သိပ်တော့ မကြာစေနဲ့နော်"ဇောင်ရိဂျန်က ခေါင်းညိတ် ပြလိုက်ပြီးတော့ ဇောင်ဖန်ကို ဂရုတောင် မစိုက်ဘဲ အရှေ့လှမ်းလှမ်းမှာ သွားစောင့် နေလိုက်ပါတယ်။ဇောင်ဇူက ဇောင်ဖန်ရှေ့ကို စိတ်ရှုပ်နေတဲ့ အမူအရာနဲ့ လျှောက်လာပြီးတော့ သက်ပြင်းချရင်း ပြောလိုက်တယ်။"အစ်ကိုဇောင် ... အစ်ကိုလည်း အခုသိုင်းအဆင့် ၂ ကို ရောက်သွားပြီပေါ့ ... ဒါပေမဲ့ ဇူအာ အကြံ နည်းနည်းလောက် ပေးမယ်နော်... အရမ်း ခေါင်းမမာပါနဲ့ ဒီကလန်ကို ရောက်လာ ပြီးတဲ့နောက်မှာ ဇူအာ တစ်ခု နားလည်လာတာက တို့လာခဲ့တဲ့နေရာက ဒီနေရာနဲ့ယှဉ်ရင် အရမ်းကို ကွာခြားလွန်းတယ် မဟုတ်လား""နင်ဘာကို ဆိုလိုချင်တာလဲ..."ဇောင်ဖန်က အေးစက်စက် မျက်နှာနဲ့ သူမစကားကို ဖြတ်ပြောပြီး မေးလိုက်ပါတယ်။ ဇောင်ဇူရဲ့က ဒေါသနည်းနည်း ထွက်သွားပြီး အံကြိတ်ရင်းနဲ့ ပြောလိုက်တယ်။ "အစ်ကိုဖန် ဇူအာ အကြံတစ်ခု ထပ်ပေးမယ် ... အစ်ကိုရိဂျန်ကို သွားပြီးတော့ သစ္စာခံလိုက်ပါလား ... သူ့အရှိန်အဝါနဲ့ဆို အစ်ကိုလည်း ဇောင်ကလန်မှာ အေးအေး ဆေးဆေး နေနိုင်ပြီလေ""သစ္စာခံဖို့ ဟုတ်လား..."ဇောင်ဖန်က အေးစက်စက် ရယ်လိုက်ပါတယ်။ သူ့ဘဝမှာ ဘယ်သူကိုမှ သစ္စာ မခံဖူးဘူးလေ။ ဇောင်ရိဂျန်က အေးစက်စက်ပုံစံနဲ့ မောက်မာတဲ့ပုံစံလည်း ပေါက်တယ်။ ဇောင်ဖန်ကို မြင်လိုက်တိုင်းလည်း မတူသလို မတန်သလို ဆက်ဆံတယ် မဟုတ်လား။ ဇောင်ဖန်ရဲ့ အမူအရာတွေကို ကြည့်လိုက်တာနဲ့ ဇောင်ဇူလည်း ချက်ချင်း သဘောပေါက် သွားတယ်။ သူတို့က အတူတူ ကြီးပြင်း လာခဲ့ကြသူတွေပဲ ဆိုတော့ ဇောင်ဖန်ပုံစံကို သူမက အရမ်း နားလည် တယ်လေ။ဇောင်ဇူလည်း ဇောင်ရိဂျန်ရှိရာကို သွားပြီးတော့ အနားကပ်ပြီး တိုးတိုး ပြောလိုက်တယ်။ အဲဒီနောက် ဇောင်ရိဂျန်က ..."ဟမ်... ဘာ ... သူ့အတွက် အကျိုးရှိလဲ ဆိုတာတောင် မသိတဲ့ အမှိုက်လို ကောင်စားမျိုးပဲ"ဇောင်ရိဂျန်း အေးစက်စွာ ပြောလိုက်တယ်။"အသုံးမကျတဲ့ အမှိုက်"ဇောင်ဖန် မျက်မှောင်ကြုတ် လိုက်ပါတယ်။ဇောင်ဖန်က သိပ်စိတ်မပါတာကို သူသိပါတယ် ... ဒါပေမဲ့ ဇောင်ရိဂျန် ရပ်နေပြီးတော့ အေးစက်စွာ ပြောလိုက်ပါတယ် "ငါကြားခဲ့ရတာတော့ မင်းဟာ သစ်ရွက်စိမ်းရွာရဲ့ ပါရမီရှင် ဖြစ်တယ် ဆိုတာပဲ ... ဒါပေမဲ့ ဇောင်ကလန်မှာတော့ မင်းဟာ ဘာမှမဟုတ်တဲ့ အမှိုက်လေး တစ်ခုထက် မပိုပါဘူး... ငါတို့ တွေ့ကြ သေးတာပေါ့ မိသားစု သိုင်းပြိုင်ပွဲကျရင် ပြီးတော့ ငါမင်းကို သိုင်း တစ်ကွက်တည်းနဲ့ အနိုင်ယူပြမယ်""အဲဒီတော့ ငါက ဘာပြောရဦးမှာလဲ... ငါတို့ သိုင်းပြိုင်ပွဲမှာ တွေ့ကြတာပေါ့"ဇောင်ဖန် ဒေါသ ခြောင်းခြောင်း ထွက်သွားပြီးတော့ သိုင်းကျမ်းဆောင် ဘက်ကို လှည့်ထွက် သွားပါတော့တယ်။သူအခုလို လေသံနဲ့ မပြောချင်ပါဘူး... သေချာတာကတော့ သူတို့နောက် ၂လလောက်နေရင် တိုက်ခိုက်ရပြီးတော့ ပိုကြမ်းတဲ့ တစ်ယောက်က အနိုင်ရမှာပါ။ဇောင်ဇူရဲ့ မြင်ကွင်းထဲကနေ ဇောင်ဖန် ထွက်ခွာ သွားပါပြီ။ဒါပေမဲ့ သူမရဲ့မျက်လုံးထဲမှာ သူ့ရဲ့ပုံရိပ်လေးက အမြဲတမ်း တောက်ပ နေပါတယ်။အဲဒီ တစ်ခဏမှာ ဘာမှန်းမသိတဲ့ ထူးခြားတဲ့ ခံစားချက် အချို့ကို ဇောင်ဖန်ဆီကနေ သူမ ခံစားခဲ့ရပါတယ်။"သူ့ကိုယ်သူ တော်တော် တော်တယ်လို့ ထင်နေတာပဲ"ဇောင်ရိဂျန် သက်ပြင်း ရှိုက်လိုက်ပါတယ်။ဇောင်ဖန်က ကြောက်စရာ ကောင်းတဲ့ ရန်သူတစ်ယောက် ဖြစ်လာ လိမ့်မယ်လို့ သူ လုံးဝ မထင်ထားပါဘူး။ဇောင်ကလန် အပြင် တပည့်တွေထဲမှာ သိုင်းအဆင့် ၃ ကို ရောက်ရှိနေတဲ့ တပည့်တွေက အများဆုံး အယောက် ၆၀ လောက်ပဲ ရှိပါတယ်။ ပြီးတော့အဆင့် ၃ ကို ကျော်လွန်သွားတာနဲ့ အရမ်း အဆင့်မြင့်တဲ့ သိုင်းကျမ်းတွေ သူ့ဆီမှာ ရှိလာမှာပါ။ဇောင်ဇူက သူမရင်ထဲက ပူလောင်မှုတွေကို စွန့်ထုတ် လိုက်ပြီးတော့ သက်ပြင်း ချလိုက်ပါတယ်။ ဇောင်ဖန်က တမင် သက်သက်မဲ့ ပြဿနာ ရှာနေတယ်လို့ ထင်နေပါတယ်။ဇောင်ရိဂျန် အစွမ်းကို ဇောင်ဇူ ကောင်းကောင်း သိနေပါတယ်။ တချို့ သိုင်းအဆင့် ၃ သိုင်းသမားတွေ ကိုတောင် သူ တစ်ချက်တည်းနဲ့ ချနိုင်ပါတယ်။ သူတို့ ဘယ်လိုမှ မကာကွယ်နိုင်ပါဘူး။***သိပ်မကြာခင်မှာပဲ ဇောင်ဖန်က ဇောင်ကလန်ရဲ့ အရေးကြီး နေရာဖြစ်တဲ့ သိုင်းကျမ်းဆောင်ကို ရောက်ရှိ ခဲ့လာပါတယ်။သိုင်းကျမ်းဆောင် ဆိုတာ အလွန် အရေးကြီးတဲ့ နေရာပါ အဲဒါကြောင့် ဇောင်ကလန်ရဲ့ အကြီးအကဲတွေက စောင့်ကြပ် နေကြပါတယ်။"ကလန်ခွဲက တပည့်လေးပါလား"သိုင်းကျမ်းဆောင်မှာ ရှိနေတဲ့ အဖြူရောင်ကို ဝတ်ဆင်ထားတဲ့ အကြီးအကဲက ဇောင်ဖန်ရဲ့ကလန် မှတ်ပုံတင်ကတ်ကို ကြည့်ပြီး မျက်မှောင်ကြုတ် လိုက်ပါတယ်။ဇောင်ဖန် မျက်နှာမှာ ယဉ်ကျေးတဲ့ အမူအရာတွေ ပေါ်လွင် နေပါတယ် အကြီးအကဲ တစ်ယောက်ရဲ့ စွမ်းအား ဘယ်လောက် ရှိတယ်ဆိုတာ သူ သိနေပါတယ်။ အကြီးအကဲ ဆီကနေ ထွက်ပေါ်လာတဲ့ ထူးဆန်းတဲ့ အင်အားတွေကို သူ့ဘယ်ဘက် မျက်စိကနေ ခံစား နေရပါတယ်။ အဲဒီဟာက အနီရောင် အော်ရာအလွှာပဲ ... ထိုအရာက သူ့ရဲ့အရေပြားနဲ့ သွေးတွေကြားမှာ ဖြစ်ပေါ်နေပါတယ်။ ဒါပေမဲ့ သူ့သွေးကြောတွေဟာ အဆက်မပြတ် ပြောင်းလဲနေပြီးတော့ လေတွေကို ဖြတ်ကျော်ပြီးတော့ အရာဝတ္ထုတွေကို အမှုန်တွေ ဖြစ်သွားအောင် အချိန်မရွေး တိုက်ခိုက် နိုင်ပါတယ်။ဒီအဖြူရောင် ဝတ်စုံနဲ့ အကြီးအကဲရဲ့ "အတွင်းအား"ဟာ အမြင့်ပိုင်း အဆင့် ရောက်နေပြီးတော့ သူ့လိုလူ အယောက် ၁၀၀ လောက်ကို တစ်ခဏလေးနဲ့ သတ်နိုင်တယ် ဆိုတာကို ဇောင်ဖန် သိနေပါတယ်။သိုင်းအဆင့် ၄ နဲ့ အထက်ပိုင်း အဆင့်ရှိတဲ့လူတွေကသာ အတွင်းအားကို ရရှိတာပါ။ဇောင်ဇူနဲ့ ဇောင်ခန်း တို့လို သိုင်းလေ့ကျင့်သူတွေဆီမှာ အတွင်းအား မရှိပါဘူး။ဇောင်ဖန်က အရိုအသေ ပေးလိုက်ပြီး ပြောလိုက်ပါတယ် "အကြီးအကဲ ကျွန်တော် သိုင်းကျမ်းဆောင်ရဲ့ ဒုတိယထပ်ကို ဝင်ချင်လို့ပါ""သိုင်းအဆင့် ၂ ကို အသက် ၁၄ နှစ် နဲ့ ရောက်ရှိသူတိုင်း ဝင်ခွင့် ရရှိပါတယ်။ ဒါပေမဲ့ မင်းအတွင်းစည်း တပည့် မဖြစ်ခင် ငါမင်းကို ပြောရလိမ့်မယ်။ သိုင်းကျမ်းဆောင်မှာ ကလန်ခွဲက တပည့်တွေနဲ့ ပင်မကလန်က တပည့်တွေရရှိတဲ့ အခွင့်အရေးချင်း မတူဘူးနော်"အဖြူရောင်ဝတ်ရုံ ဝတ်ထားတဲ့ အကြီးအကဲက ပြောလိုက်ပါတယ်။ဇောင်ဖန်က ဒါကို ကြားကြားချင်း ခဏ ကြောင်အမ်း သွားပါတယ်။ ဒါပေမဲ့ ဇောင်ကလန်ရဲ့ စည်းကမ်း အသစ်အကြောင်း စဉ်းစား မိပြီး ချက်ချင်း နားလည် သွားပါတယ်။"ဟုတ်ကဲ့ပါ အကြီးအကဲ ... ကျေးဇူးပြုပြီး သွားပါရစေ"ဇောင်ဖန် နားလည်ပါတယ်။ သူမှာ အရမ်းကြမ်းတဲ့ အစွမ်းတွေ မရှိသေးပဲနဲ့ သူမှာ စည်းကမ်းတွေ အကြောင်းဆွေးနွေးဖို့ အခွင့်အရေး မရှိသေးပါဘူး။အဖြူရောင်ဝတ်ရုံနဲ့ အကြီးအကဲက ဘာမှ ခံစားမှုမရှိတဲ့ မျက်နှာနဲ့ ပြောလိုက်ပါတယ် "သိုင်းအဆင့် ၂ ကို ရောက်ရှိတဲ့သူ ဆိုရင်တော့ သိုင်းကျမ်းဆောင်ရဲ့ ပထမထပ်ကိုပဲ ဝင်လို့ရမယ်။ သိုင်းကျမ်းဆောင်ရဲ့ ပထမထပ်မှာ အဆင့်နိမ့် အဆင့် သိုင်းကျမ်းပေါင်းများနဲ့ အလယ်အလတ် အဆင့်ရှိတဲ့ သိုင်းကျမ်း အချို့ရှိနေတယ်။ အဓိက ကလန်ရဲ့ တပည့်တွေကတော့ အလယ်အလတ် အဆင့်ရှိတဲ့ သိုင်းကျမ်း ၂ ခု ဒါမှမဟုတ် အဆင့်နိမ့်အဆင့် သိုင်းကျမ်း ၄ ခု အများဆုံး ရွေးချယ်ယူခွင့် ရှိပြီးတော့ ငှားရမ်းချိန် ၂ လပဲ ယူထားခွင့် ရရှိမယ်။ ကလန်ခွဲတွေရဲ့တပည့်တွေ အလယ်အလတ်အဆင့် သိုင်းကျမ်း ၁ ခု ဒါမှမဟုတ် အဆင့်နိမ့်အဆင့် သိုင်းကျမ်း ၂ခု အများဆုံး ရွေးချယ်ခွင့် ရှိပြီးတော့ အချိန် ၁ လပဲ ယူထားခွင့် ရရှိမယ်"စည်းကမ်းချက်တွေ နားထောင်ပြီး သွားတော့ ဇောင်ဖန် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီးတော့ ပြောလိုက်ပါတယ်။"ကျွန်တော် နားလည်ပါတယ်"ကလန်ခွဲက တပည့်တွေ အတွက်တော့ ပင်မကလန် တပည့်တွေထက် သိုင်းကျမ်း အရေအတွက်နဲ့ အချိန်တစ်ဝက်ပဲ ရရှိတာပါ။"ကောင်းပြီ မင်းအခု ဝင်သွားလို့ရပြီ ဒါပေမဲ့ အချိန် နာရီဝက်ပဲ ရွေးချယ်ခွင့် ရှိတယ်... "အဖြူရောင်ဝတ်ရုံနဲ့ အကြီးအကဲရဲ့ လမ်းညွှန်မှုကို ရရှိတာနဲ့ ဇောင်ဖန်က သိုင်းကျမ်းဆောင်ထဲကို ဖြည်းဖြည်းချင်း ဝင်သွား ပါတော့တယ်။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now