အခန်း ၁၄

42 3 0
                                    

အခန်း ၁၄"သွေးပင်ရဲ့ အာနိသင်က အတော်ကောင်းတာပဲ" ဇောင်ဖန်က လုံးဝ မယုံကြည်နိုင်အောင် ဖြစ်နေပါတယ်။ သူပထမဆုံး တွေးမိတာက ဒီနှစ် ၂၀၀ သက်တမ်းရှိတဲ့ သွေးပင် အကူအညီနဲ့ တောင်သိုင်းအဆင့် ၃ ကို ရောက်ဖို့ ၂ ရက်လောက် ပေးလိုက်ရတယ်။ လူတိုင်းသာ အဲဒီလို့ ရလဒ်တွေ ရနေရင် သိုင်းအဆင့် ၄ နဲ့ အထက်ရှိတဲ့ လူတွေ ဘာမှသုံးစားလို့ ရတော့မှာ မဟုတ်ပါဘူး။သိပ်မကြာခင်မှာပဲ ဘာကြောင့်လဲ ဆိုတာကို သူရှာတွေ့သွားပါတယ်။ပထမအချက် အနေနဲ့ သူတစ်ခါမှ ဆေးပင်တွေကို အသုံးမပြုဖူးတဲ့အတွက် ဆေးပင်တွေရဲ့ အစွမ်းကို သူအားရပါးရ စုပ်ယူလိုက်ပါတယ်။ ဒုတိယအချက် အနေနဲ့ သူ့ရဲ့အသက်ရှူ လေ့ကျင့်ခန်းဟာ အဆင့် ၃ ကို ရောက်နေပြီး ဖြစ်တဲ့အတွက် သိုင်းအဆင့် ၂ မှာ ရောက်နေတုန်းကတောင် သိုင်းအဆင့် ၃ သိုင်းသမားတွေလောက် နီးနီးကို အစွမ်းထက် နေပါတယ်။ သူ့ရဲ့ ဘယ်ဘက် မျက်လုံးနဲ့ ပေါင်းစပ်သွားပြီးတဲ့ နောက်မှာ သူ့ခန္ဓာကိုယ်ဟာ တဖြည်းဖြည်းချင်း ပြောင်းလဲ လာတယ်လို့ ဇောင်ဖန်ဟာ ခံစား နေရပါတယ်။ဇောင်ကလန်က တပည့် တော်တော်များများ သူ့အသက် အရွယ်မှာ သိုင်းအဆင့် ၃ ကို ရောက်သွားကြတယ် ဆိုတာကို သိသိချင်း ဇောင်ဖန်ဟာ စိတ်တည်ငြိမ် သွားပါတယ်။ သူ့မှာ အရည်အချင်းပဲ ရှိပြီးတော့ သူဟာ ပါရမီရှင် တစ်ယောက် မဖြစ်နိုင်ဘူးလို့ စဉ်းစားတွေးတော နေပါတယ်။ဇောင်ယုဖေးကို ဥပမာယူပြီး ပြရရင်တော့ သူမဟာ လွန်ခဲ့တဲ့ ၂ လထဲက သိုင်းအဆင့် ၃ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပြီးတော့ အတွင်းအားကို နားလည်လု နီးပါး ဖြစ်နေပါပြီ။ ဒါဟာ ဘာကို ဆိုလိုလဲဆိုတော့ သူမရဲ့ အစွမ်းတွေဟာ သိုင်းပညာရှင် မဟုတ်သေးသော သိုင်းပညာရှင် တစ်ယောက် ဖြစ်နေပါပြီ။"ငါဟာရှင်းဖေ နဲ့ဇောင်ရိဂျန်တို့နဲ့ အဆင့်တူ ဆိုပေမဲ့ ငါသူတို့ကို နိုင်နိုင်ပါ့မလား ... ရှင်းဖေနဲ့ ဇောင်ယ်ဂျန်တို့ နှစ်ယောက်လုံးဟာ အဆင့်မြင့်အဆင့် သိုင်းကျမ်းတွေကို အဆင့်နိမ့် အဆင့်ထိ လေ့ကျင့်အောင်မြင် ထားကြသူတွေပါ။နောက် ၂ ရက်အထိ ဇောင်ဖန်က သူ့သိုင်းပညာကို အခြေခိုင်အောင် လေ့ကျင့်နေပါတယ်။သူအသက်ရှူ လေ့ကျင့်ခန်းကို လေ့ကျင့်နေတုန်းမှာ အသံတိုးတိုးလေး တစ်ခုကို သတိပြုမိ လိုက်တယ်။ သူ့ဘယ်ဘက်မျက်စိကို အသုံးပြုပြီးတော့တဲ့ အခါမှာ သူ့သွေးကြောတွေနဲ့ အရေပြားကြားမှာ အစိမ်းရောင် ဖျော့ဖျော့နဲ့ အနီရောင် တောက်ပနေတဲ့ အရာတွေ စတင် ဖွဲ့စည်းနေတာကို တွေ့လိုက်ရပါတယ်။အသက်ရှူ လေ့ကျင့်ခန်းကို အဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ရောက်တော့မှာပဲ အသက်ရှူ လေ့ကျင့်ခန်းကို အဆင့် ၃ ရဲ့ အထွတ်အထိပ်ထိ လေ့ကျင့် အောင်မြင်ခဲ့ရင်တော့ ချီ (အတွင်းအား) ကို နားလည်နိုင်လာမှာပါ။ လူတော်တော် များများဟာ ဒီအဆင့်ကို တစ်ဝက်ထိပဲ ရောက်ရှိကြပြီးတော့ တချို့ သိုင်းအဆင့် ၃ရဲ့ အထွတ်အထိပ်တွေတောင် မလုပ်နိုင်ပါဘူး။သူ့အခြေခံကို ခိုင်အောင် လုပ်ပြီးတဲ့အခါမှာ ဇောင်ဖန်ဟာ စားသောက်ဆိုင်ထဲကနေ ထွက်လာပြီးတော့ ဇောင်ကလန် ဆီက ထွက်လာခဲ့ပါတယ်။ တခြား သွေးပင် ၂ပင်ကိုတော့ သူသုံးဖို့ အစီအစဉ် မရှိသေးပါဘူး။ဇောင်ဖန် တည်းခိုခန်းထဲက ထွက်ထွက်ချင်းချင်းပဲ အဝတ်စုတ်နဲ့ သူတောင်းစား တစ်ယောက်ဟာ နောက်လှည့်ပြီး ထွက်ပြေး သွားပါတယ်။ သူတောင်းစားက စားသောက်ဆိုင် တစ်ဆိုင်ထဲကို ဝင်သွားပြီးတော့ ငွေရောင် ကိုယ်ကျပ်အင်္ကျီနဲ့ လူငယ်လေးကို ပြောလိုက်ပါတယ်။"ရှင်းသခင်လေး ... သူထွက် လာပါပြီ""ကောင်းပြီ ရော့ ဒီမှာမင်းရ ရမဲ့ငွေစတွေ"လူငယ်လေးဟာ အေးစက်စက် ပြုံးလိုက်ပါတယ်။ဇောင်ဖန်ဟာ လမ်းကြားထဲ တစ်ခုတည်း ဝင်သွားတဲ့ အချိန်မှာ သူနောက်ကနေ လိုက်လာတဲ့ ခြေသံကို ကြားလိုက်ရပါ တယ်။ဖတ် ဖတ် ဖတ်အရိပ် ၂ ခု ဒါမှမဟုတ် ၃ ခု သူ့နောက်က လိုက်လာတာကို နံရံမှာ မြင်လိုက်ရပါတယ်။"ဘယ်သူလဲ ... "ဇောင်ဖန် ချက်ချင်းပဲ လှည့်လိုက်ပါတယ်။"ကောင်လေး... ငွေစ ၁၀၀၀၀ကို ထားခဲ့မယ်ဆိုရင် ငါတို့ မင်းကို သွားခွင့်ပေးမယ်"ရှင်းကလန်က တပည့် ၃ ယောက်ဟာ ဇောင်ဖန်ကို ဝိုင်းပြီး ပြောလိုက်ပါတယ်။ ငွေရောင် ကိုယ်ကျပ် ဝတ်ထားတဲ့ လူငယ်လေးက ပြောလိုက်ပါတယ်။ရှင်းဂန် ဇောင်ဖန် ချက်ချင်း မှတ်မိသွားပါတယ်။သူ့ရှေ့မှာရှိနေတဲ့ တပည့် ၃ ယောက်က သိုင်းအဆင့် ၃ကို ရောက်နေပြီးတော့ ရှင်းဂန် တစ်ယောက်တည်းပဲ သိုင်း အဆင့် ၃ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေတာပါ။"ငွေစ ၁၀၀၀၀လား ... မင်းတို့ ၃ ယောက်ထဲလား"ဇောင်ဖန် မတ်တတ်ရပ်ပြီး ဂရုမစိုက်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်။ ဆန်းဖယ်သာမြို့မှာ ငွေစ ၁၀၀၀၀ နီးပါး သူသုံးလိုက်ပြီးတော့ ငွေစ ၁၀၀၀၀ ကျန်သေးပါတယ်။ ဒီလူတွေဟာ ရှိသမျှ ဟာတွေ အကုန်ယူသွားဖို့ ကြံစည်နေတာ ထင်ရှားပါတယ်။"ကောင်လေး ငါမင်းကို သတိပေးနေတာနော်။ မင်းအဲဒီလောက်လည်း စိတ်ကြီးဝင်မနေနဲ့... နောက်ဆုံး တစ်ခေါက် ငါတို့ တိုက်တုန်းက ငါဒဏ်ရာ ရနေတယ်လေ ဒါကြောင့် မင်းနိုင်သွားတာပဲ။ ဒီနေ့ တိမ်ကောင်းကင် သစ်တောမှာ ငါတို့ရှုံးခဲ့နဲ့ အကြွေးကို ပြန်ဆပ်ရမယ် ""အဟက် ... အဲဒီနေ့က ငါတို့ကလန်က လူတစ်ယောက် သေသွားတုန်းမှာ မင်းကျားဘုရင်ရဲ့ ၆၀ ရာခိုင်နှုန်းကို ယူသွားတယ်နော်"ရှင်း ကလန်က တပည့်တစ်ယောက် မျက်လုံးထဲမှာ လောဘကြီးမှုတွေနဲ့ အထင်သေးမှုတွေ ပေါ်လွင်နေပါတယ်။"အပိုတွေ ပြောနေတာတွေ ရပ်လိုက်တော့ ... ငါတို့သူ့ကို ရုတ်တရက် အလစ်ဖမ်း တိုက်ရမယ်ကွ"ဘယ်ဘက်မှာရှိတဲ့ လူငယ်လေးက ဇောင်ဖန်ကို ကန်ရင်းနဲ့ ပြောလိုက်ပါတယ်။ အလျင်အမြန်ပဲ နောက် ၂ ယောက်လုံး တိုက်ခိုက် လိုက်ပါတယ်။"ဟားဟားဟား အမှိုက်တွေကများ"ဇောင်ဖန်ဟာ ရယ်မော လိုက်ပြီးတော့ ၇ မီတာလောက် အမြင့်ရှိတဲ့ အိမ်ကြီးတစ်လုံးရဲ့ တံတိုင်းပေါ်ကို ခုန်တက် လိုက်ပါတယ်။ သူတို့ သုံးယောက်ရဲ့ သဲကြီးမဲကြီး တိုက်ခိုက်မှုကို ဇောင်ဖန်ဟာ အလွယ်တကူ ရှောင်တိမ်း လိုက်ပါတယ်။"သူထွက်မပြေး သွားစေနဲ့..." ရှင်းဂန်က အော်လိုက်ပြီးတော့ ဇောင်ဖန်ဆီကို အရင်ဦးဆုံး ခုန်တက် လိုက်ပါတယ်။"ပြေးမယ်ဟုတ်လား"ဇောင်ဖန်က ရှင်းဂန်ကို အထင်သေးစွာ ကြည့်လိုက်ပြီးတော့ သူဟာ မြန်မြန်ပဲ အသက်ရှူ လေ့ကျင့်ခန်းနဲ့ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်တဲ့ အခါမှာ လေထဲမှာ ပုံရိပ်ယောင်တွေ ဖြစ်ပေါ်သွားပါတယ်။မကောင်းတော့ဘူး။ ရှင်းဂန်က သူ့ဆီက နေမကောင်းတဲ့ အငွေ့အသက်တွေ ခံစားလိုက် ရပါတယ်။ဖြောင်း...လေထဲမှာ ရောက်နေတဲ့ ရှင်းဂန်က ဇောင်ဖန်ရဲ့ လက်သီးချက် တစ်ချက်ကိုပဲ ကာကွယ် နိုင်လိုက်ပါတယ်။ဝေါ့ ...သူကာကွယ် လိုက်နိုင်တယ် ဆိုပေမဲ့ လက်သီးချက်မှာ ပါနေတဲ့ အားတွေဟာ သူ့ကျောနံရံထဲ ချိုင့်ဝင်စေပြီးတော့ သွေးတွေ အန်ထွက်စေပါတယ်။"ဒီကောင်လေးရဲ့ အစွမ်းတွေက သိုင်းအဆင့် ၄ မရောက် တရောက် အဆင့်ရောက်သွားပြီ ထင်တယ် သူ့လက်သီးချက် တစ်ချက်ကိုတောင် ငါမခံစားနိုင်ဘူးပဲ"ရှင်းဂန်ရဲ့ မျက်လုံးတွေဟာ မည်းနက် သွားပြီးတော့ ချက်ချင်းပဲ သူ့အဖော်တွေကို လှမ်းသတိပေး လိုက်ပါတယ်။"ရှင်းယူ သတိထား ..."ဒါပေမဲ့ သူလည်း သတိပေး ပြီးပြီးချင်း သူ့ဘယ်ဘက်ကနေ အော်ဟစ်သံတွေ ထွက်ပေါ်လာပါတယ်။"အား...."နောက်လူငယ် တစ်ယောက်ရဲ့ အရိုးလည်းပဲ ကျိုးသွားခဲ့ပြန်ပါတယ်။"ပြေး..."နောက်ဆုံးကျန်တဲ့ ရှင်းကလန်ရဲ့ တပည့်က အလွန် ကြောက်ရွံ့သွားပြီးတော့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူမလွတ်မြောက်ခင်မှာ ဝှီး ဆိုတဲ့ အသံတစ်သံဟာ သူ့နောက်ကို လိုက်လာပါတော့တယ်။ဖတ်သူမျက်လုံးဟာ မည်းသွားတယ်လို့ ခံစားလိုက်ရပြီးတော့ သူဘယ်လို တိုက်ခိုက် လိုက်မှန်းတောင် မသိလိုက်ပါဘူး။လျင်မြန်မှုမှာ ဆိုရင် ဇောင်ဖန်က အဆင့်မြင့် သိုင်းကျမ်းကို လေ့ကျင့်ထားပြီးတော့ သူ့အသုံးပြုလိုက်တဲ့ အခါမှာ သိုင်းအဆင့် ၄ ရောက်နေတဲ့ သိုင်းပညာရှင် တစ်ယောက်နဲ့ ယှဉ်နိုင်ပါတယ်။"ငါ မင်းတို့ကို ဒီအချိန် လွှတ်ပေးလိုက်မယ် ဒါပေမဲ့ ငါ့ကို ဒေါသထွက်အောင် ထပ်လုပ်လို့ကတော့ ..." ဇောင်ဖန်က အေးစက်စက် ကြည့်လိုက်ပြီးတော့ ငှက်တစ်ကောင်လို ပျံသန်း သွားပါတယ်။"ဘယ်လောက်တောင် ကြမ်းပြီးတော့ မြန်နေတာလဲ .." ရှင်းဂန် ဘေးက လူငယ်လေးက ထိတ်လန့်အံ့သြစွာ ပြောလိုက်ပါတယ်။ဒီဇောင်ဖန်ဟာ သိုင်းအဆင့် ၃ ပဲ ရောက်သေးပေမဲ့ ဇောင်ဖန်ရဲ့ အစွမ်းတွေဟာ အခုဆိုရင် ရှင်းဖေကို ယှဉ်နိုင်နေပါပြီ။ရှင်းဂန်နဲ့ သူအဖွဲ့ကို ကိစ္စဖြတ်ပြီးတဲ့ အခါမှာ ဇောင်ဖန်ဟာ ဇောင်ကလန်ကို ပြန်လာပါတော့တယ်။ ဇောင်ဖန်ကို သိနေတဲ့ တပည့် တချို့ကတော့ သူ့ရဲ့ သိုင်းပညာ အဆင့်ကို အံ့သြနေကြပါတယ်။"ဇောင်ဖန် ဘယ်တုံးက သိုင်းအဆင့် ၃ ကို ရောက်သွားတာလဲ"လွန်ခဲ့တဲ့ရက် ၂၀ ကမှ ဇောင်ဖန်ရဲ့ သိုင်းပညာဟာ သိုင်းအဆင့် ၁ မှာပဲ ရှိသေးတယ်လို့ သူတို့အားလုံး သိကြတာပါ။"မနေ့က ဒီဇောင်ဖန်ဆိုတဲ့ ကောင်နဲ့ ရှင်းကလန်က တပည့် တချို့ပေါင်းပြီး ခေါင်းစိမ်း ကျားဘုရင်ကို သတ်ကြပြီးတော့ သူဝေစု တစ်ဝက်ကျော်ကျော် မသွားတယ်လို့ ငါကြား လိုက်တယ်"တော်တော်လေး သိနေတဲ့ ဇောင်ကလန်က တပည့်တစ်ယောက်က ပြောလိုက်ပါတယ်။"သားရဲဆိုး တစ်ကောင်ဟာ ငွေစ ၂ သောင်းကနေ ၃ သောင်းလောက် တန်ဖိုးရှိတယ်လေ။ ဒီကောင်လေး သေချာပေါက် အလွန် တန်ဖိုးကြီးတဲ့ ဆေးပင်တွေ ဝယ်ပြီးတော့ သူ့ကျင့်စဉ် သိုင်းပညာကို တိုးတက်စေတာ ဖြစ်မယ်""သူတို့ဟာ အပြင်လူ တစ်ယောက်ရဲ့ အကူအညီကို ယူတယ်ဆိုတော့ ဘယ်လောက်တောင် အံ့သြဖို့ ကောင်းလိုက်လဲ။ အဲဒီ လူတွေဟာ သိုင်းပညာ မတော်တဲ့ လူတွေဖြစ်မယ်"ဒီတပည့်တွေ အကုန်လုံး မနာလိုမှုတွေနဲ့ အထင်သေးမှုတွေ ပြည့်နေပါတယ်။ဒီလောက်သတင်း မြန်မြန်ပြန့် သွားလိမ့်မယ်လို့ ဇောင်ဖန် လုံးဝ မတွေးမိပါဘူး။ ဇောင်ဖန် အဲဒီလူတွေကို ဂရုမစိုက်ပဲ လျှောက်လာပါတယ်။ သိပ်မကြာခင်မှာပဲ ဇောင်ဖန် သူ့အိမ်ကို ရောက်သွားခဲ့ပါတယ်။သူ့အမေ အဝတ်လျှော်နေတာကို သူပထမဆုံး မြင်လိုက်ပါတယ်။"အဖေရေ အမေရေ ဒီမှာ ငွေစ ၁၀၀၀"ဇောင်ဖန်က သူ့ အခန်းထဲကို ဝင်သွားပြီးတော့ ငွေစတွေ အထပ်လိုက် ထုတ်လိုက်ပါတယ်။"ငွေစ ၁၀၀၀လား"ဇောင်ရှီက ငွေစတွေကို ကောက်ကိုင် လိုက်ပါတယ်။"ဒီလောက် ငွေတွေကို မင်းဘယ်လို လုပ်ရလာတာလဲ"ဇောင်ဖန်ရဲ့အဖေဟာ တအံ့တသြနဲ့ မေးလိုက်ပါတယ်။သူ့သားရဲ့ သိုင်းပညာဟာ အဆင့် ၃ ကို ရောက်နေတယ် ဆိုတာကို မြင်လိုက်ရတဲ့ အချိန်မှာ သူ့မျက်လုံးမှာ ထူးဆန်း တဲ့ အရိပ်အရောင်တွေ ဖြတ်သန်းသွားပါတယ်။"ဒါကဒီလိုလေ ..." ဇောင်ဖန်ဟာ တိမ်ကောင်းကင် သစ်တောမှာ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောပြ လိုက်ပါတယ်။ သူ့အဖေနဲ့ သူ့အမေက နားထောင်ပြီးတဲ့ အခါမှာ အလွန်အံ့သြ ဝမ်းသာနေပါတယ်။ တကယ်တမ်းတော့ ဇောင်ဖန်ဟာ အလွန် အံ့သြလောက်အောင် လုပ်ခဲ့တာ မဟုတ်ပါဘူး။ ဒါပေမဲ့ မိဘတွေအတွက်တော့ သူတို့ သားလေး အောင်မြင်တာပဲ လိုချင်တာပါ။ဇောင်ဖန်ဟာ အခန်းထဲမှာ တင်ပျဉ်ခွေ ထိုင်လိုက်ပြီးတော့ ပြိုင်ပွဲအတွက် စဉ်းစားနေပါတယ်။"ဇောင်ကလန်ရဲ့ မိသားစု သိုင်းပြိုင်ပွဲက နောက်တစ်လလောက်တောင် လိုသေးတာပဲ ငါသာ အတွင်းစည်း တပည့် တစ်ယောက် ဖြစ်ခဲ့ရင် .... ငါ့မိဘတွေရဲ့ အဆင့်အတန်းနဲ့ ဂုဏ်ဟာ နည်းနည်းလောက်တော့ မြင့်လာမှာပဲ ..."သူ့မျက်လုံးတွေကို မှိတ်ထား လိုက်ပြီးတော့ ဇောင်ဖန်ရဲ့ အသိစိတ်ဟာ သူ့ဘယ်ဘက် မျက်လုံးထဲမှာ ရှိတဲ့ အနက်ရောင် ကမ္ဘာထဲ ဝင်သွားပါတော့တယ်။ အစိမ်းရောင် အဝိုင်းလေးဟာ ၃ ပေထိ တိုးလာပါတယ်။ဇောင်ဖန် သိုင်းအဆင့် ၁ ကို ရောက်တုန်းက အစိမ်းရောင် အဝိုင်းက ၁ ပေပဲ ရှိပြီးတော့ သူသိုင်းအဆင့် ၂ ကိုရောက် လာတဲ့အခါမှာ ၂ ပေထိ တိုးလာပါတယ်။ အခုသူသိုင်း အဆင့် ၃ ကို ရောက်လာပြီး ဖြစ်တဲ့အတွက် ၃ပေထိတောင် ကျယ်ပြန့် လာပါပြီ။အစိမ်းရောင် အဝိုင်းလေး ကျယ်ပြန့်လာတာနဲ့ သူ့ဘယ်ဘက် မျက်စိအစွမ်းဟာ တိုးတက် လာတာကို ဇောင်ဖန် သိသွားပါတယ်။ ၁၅ ကီလိုမီတာ အတွင်းက အရာရာကို သူ ပြတ်ပြတ်သားသား မြင်နေရပါပြီ။ သူ့ရဲ့စိတ် စွမ်းအင်တွေနဲ့ အလိုအလျောက် တုံံ့ပြန်နိုင်မှုတွေဟာ သိသိသာသာတိုး တက်လာခဲ့ပါတယ်။ဇောင်ဖန်က အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာရဲ့ ပျောက်ကွယ်နေတဲ့ စကားလုံးတွေကို နောက်တစ်ခေါက် စတင်ဖော်ထုတ် ပါတော့တယ်။ သိပ်မကြာခင်မှာပဲ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာရဲ့ စကားလုံးတွေကို ဖော်ထုတ်ဖို့ နည်းနည်းလေးပဲ ကျန်ပါတော့တယ်။၃ ပုံ ၁ ပုံပဲ ကျန်သေးတယ် .... ၄ ပုံ ၁ ပုံကျန်သေးတယ်။၅ ပုံ ၁ ပုံပဲ ကျန်ပါတော့တယ်။ညရောက်လာပါပြီ။ ဇောင်ဖန်က ပင်ပန်းနေပေမဲ့လည်း အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာကို အဆုံးထိ ဖော်ထုတ် နိုင်ခဲ့ပါတယ်။ ဒီအချိန်လေးမှာပဲ ဇောင်ဖန်က သက်ပြင်း ရှိုက်ပြီးတော့ သိုင်းကျမ်းကို သူကြည့်လိုက်ပါတယ်။"ဒီခြေလှမ်းသိုင်းဟာ ဒါတောင် ..." သူ့ရဲ့ပင်ပန်းမှုတွေ နေရာမှာ ဝမ်းသာ ပီတိလေးတွေ အစားထိုး လာပါတော့တယ်။***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now