အခန်း ၁၁

38 6 0
                                    

အခန်း ၁၁ဝှစ်မြားက သတ္ထုသိမ်းငှက်ဆီ ဦးတည်သွားပြီးတော့ မြားသွားရာ လမ်းတစ်လျှောက်မှာ အလင်းတန်းတွေ ဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ဒီမြားပစ်ချက်ဟာ အဆက်မပြတ် ကြယ်ကြွေခြင်း မြားသိုင်းနဲ့ သူ့ဘယ်ဘက် မျက်စိရဲ့ အစွမ်းကို အသုံးပြုထားတာပါ။"ဂီး"သိမ်းငှက်က ဒေါသအလွန် ထွက်လာပြီးတော့ စူးစူးဝါးဝါး အော်သံပြု လိုက်ပါတယ်။ သိမ်းငှက်ဟာ ဗိုက်မှာ မြားချက် ထိနေတာတောင် သူ့ကို သဲကြီးမဲကြီး တိုက်ခိုက်ဖို့ လာတာကို ဇောင်ဖန် မြင်လိုက်ရပါတယ်။"မကောင်းတော့ဘူး"ဒါကိုလည်း မြင်လိုက်ရရော ဇောင်ဖန် မျက်နှာပျက် သွားပါတယ်။ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့သိုင်းကို အသုံးပြုပြီးတော့ အလျင်အမြန် ထွက်ပြေးသွားပါတယ်။ ဇောင်ဖန်ရဲ့ မြားဟာ ပစ်မှတ်ကို ထိတယ် ဆိုပေမဲ့ ဘယ်သေကွင်း သေကွက်ကိုမှ မထိသွားခဲ့ပါဘူး။သတ္ထုသိမ်းငှက်ရဲ့ လျင်မြန်မှုနဲ့ ခုခံအားဟာ သာမန် တောရိုင်းတွေထက် အများကြီး သာလွန်နေပါတယ်။ သားရဲဆိုးတွေကိုတောင် ယှဉ်ပြိုင်နိုင်နေပါတယ်။ မြားပစ်ချက်ဟာ သူ့ကို ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ဇောင်ဖန်ဟာ အလွန်လျင်မြန်တဲ့ ငှက်တစ်ကောင်လိုမျိုး တောကို ဖြတ်သန်း သွားပါတယ်။ ဒါပေမဲ့ သူ့ဘယ်ဘက် မျက်စိကတော့ သိမ်းငှက်ကို မျက်ခြည်မပြတ် ကြည့်နေပါတယ်။ရွှမ်း ..ဇောင်ဖန်က မြားနောက်တစ်စင်း ထပ်ပစ်လိုက်ပါတယ်။ မြားက သိမ်းငှက်ရဲ့ လည်မျိုကို ထိသွားပေမဲ့ ငှက်မွေးတွေကို မထိုးဖောက်နိုင်ပါဘူး။သာမန် တောရိုင်းတွေ အတွက်တော့ လည်မျိုဟာ အားနည်းချက်ပါပဲ။ ဒါပေမဲ့ အခုအချိန်မှာတော့ မြားဟာ မထိုးဖောက် နိုင်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီသိမ်းငှက်ရဲ့ ခုခံအားဟာ အလွန်သန်မာ နေပါတယ်။ဇောင်ဖန်က ခဏရပ် လိုက်ပြီးတော့ သတ္ထုသိမ်းငှက်ကျ လာတာကို စောင့်ကြည့်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇောင်ဖန် ပစ်လိုက်တဲ့မြားက အဆိပ်လူး ထားပြီးတော့ အဲဒီ အဆိပ်ကပဲ သိမ်းငှက်ကို အသက်နုတ်သွားတာပါ။ဇောင်ဖန်က သက်ပြင်းတစ်ချက် ရှူထုတ် လိုက်ပြီးတော့ ပျော်ရွှင်စွာ ပြုံးလိုက်ပါတယ်။ ဒီသတ္ထု သိမ်းငှက်ဟာ ငွေစ ၇၀၀ ကနေ ၈၀၀ လောက် ထိရမှာ ဖြစ်ပါတယ်။ရွှေရောင် အစက်အပြောက်နဲ့ မြွေကိုပါ ထည့်တွက်လိုက်ရင် ဇောင်ဖန်က အခုဆိုရင် ငွေစ ထောင်ချီ ချမ်းသာ နေပါပြီ။ သူ့ဘဝ တစ်ခုလုံးမှာ သူဒီလောက် ရလာလိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးပါဘူး။"ဒါပေမဲ့ ငါ့မှာ အခုရှိနေတဲ့ ငွေစတွေနဲ့ ငါလိုအပ်တဲ့ အဖိုးတန် အရင်းအမြစ်တွေ ဝယ်ဖို့ မလုံလောက်သေးဘူးပဲ"ဇောင်ဖန်က စိတ်လှုပ်ရှားနေပေမဲ့ သူမြန်မြန်ပဲ စိတ်တည်ငြိမ်အောင် ထိန်းချုပ် လိုက်ပါတယ်။နောက် ၃ ရက်အထိ ဇောင်ဖန်က တိမ်ကောင်းကင် တောထဲမှာ အမဲလိုက် နေပါတယ်။ ဇောင်ဖန် လေးကြိုးကိုဆွဲ လိုက်တိုင်း သိပ်မကြာခင်မှာပဲ အော်ဟစ်သံတွေက နောက်ကနေ လိုက်လာပါတယ်။"အဆိပ် ၅ မျိုး ကင်းခြေများဟာ အလွန် အဆိပ်ပြင်းပြီးတော့ ဝိုင်ထဲစိမ်ပြီး သောက်ရင် ခန္ဒာကိုယ် အစွမ်းတွေ တိုးစေတယ်။ ငွေစ ၂၀၀ တန်ကြေး ရှိပါတယ်""အစိမ်းရောင် တောင်ပံငှက် သိုင်းအဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ယှဉ်တိုက် နိုင်ပြီးတော့ ငွေစ ၉၀၀ တန်ကြေး ရှိတယ် ... ""အနက်ကွက်နဲ့ တောဝက်၊ သိုင်းအဆင့် ၃နီးနီး ကြမ်းပြီးတော့ ငွေစ ၄၀၀ တန်ကြေး ရှိတယ်..."တောရိုင်းကောင်တွေ အများကြီးကို သတ်ဖို့အတွက် ဇောင်ဖန်က အလင်းတန်း စီးနှင်းခြင်း ကိုယ်ဖော့သိုင်း နဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း မြားပစ်ပညာကို အစွမ်းကုန် အသုံးပြု ထားပါတယ်။ သူထုတ်သုံးထားတဲ့ အလင်းတန်း စီးနှင်းခြင်း ကိုယ်ဖော့သိုင်းဟာ အဆင့်နိမ့် အဆင့်ပဲ ရှိသေးပေမဲ့ သူ့ရဲ့ လျင်မြန်မှုမှာတော့ ဇောင်ကလန်မှာရှိတဲ့ သိုင်းအဆင့် ၃ တွေ အကုန်ထက် ကျော်လွန်ပြီးတော့ သိုင်းအဆင့် ၄ နီးနီး လျင်မြန်နေပါပြီ။အဆက်မပြတ် ကြယ်ကြွေခြင်း မြားပစ်ပညာကို အဆင့်မြင့် အဆင့်ကနေ အထွတ်အထိပ် အဆင့်ထိ လွယ်လွယ်ကူကူပဲ လေ့ကျင့်ခဲ့ပါတယ်။ ဇောင်ဖန်က သူဟာ မြားသမားဖြစ်ဖို့ မွေးဖွား လာသလားလို့ တွေးလိုက်မိပါတယ်။ သူသာ နောက်တစ်ခေါက် သတ္ထုသိမ်းငှက်နဲ့ တွေ့တဲ့ အခါကျရင် သူတစ်ချက်တည်းနဲ့ ပစ်သတ်နိုင်နေပါပြီ။နောက်ဆုံး ၃ ရက်မှာတော့ သူတောရိုင်းတွေ တော်တော် များများ ဖမ်းမိခဲ့ပါတယ်။ သူဟာ နောက်ထပ် သတ္ထုသိမ်းငှက် ၂ကောင်နဲ့ တခြား တောရိုင်းကောင် ၈ ကောင် ရခဲ့ပါတယ်။"အခု ငါ့မှာရှိနေတဲ့ တောရိုင်းတွေ အကုန်လုံး တန်ကြေးဟာ ငွေစ ၃၀၀၀၊ ၄၀၀၀လောက် ရှိလောက်တယ်"ဇောင်ဖန် မျက်နှာမှာ ကျေနပ်မှုတွေနဲ့ ပြည့်နေပြီးတော့ သူ့အိတ်ကြီး ၂လုံးကို သူစုစည်း လိုက်ပါတယ်။ အပြန်လမ်းမှာလည်း ဘယ်ဘက် မျက်လုံးကို အသုံးပြုပြီး သားကောင်တွေကို သူဆက် ရှာဖွေနေပါတယ်။ အဲဒါက ဘာဖြစ်လို့လဲဆိုတော့ ပစ်မှတ်ကို ဖုံးကွယ်နေတဲ့ သစ်ပင်တွေကြောင့် ပစ်မှတ်ကို ထိမှန်ရန် အာမခံနိုင်ခြင်း မရှိတဲ့ အတွက်ကြောင့်ပါ။ဝေါင်း ...အလွန် အစွမ်းထက်တဲ့ ဟိန်းသံကြီး တစ်ခုက တိမ်ကောင်းကင် တောရဲ့ မြောက်ဘက်ကနေ ထွက်ပေါ်လာပါတယ်။ ဒီဟိန်းသံဟာ ဇောင်ဖန်နားကို အူသွားပြီးတော့ နားပွင့်မတတ် ဖြစ်သွားပါ တော့တယ်။"ဒါဟာ ဘယ်လို တောရိုင်းမျိုးလဲ။ အရမ်း အစွမ်းထက်လွန်းတယ်" ဇောင်ဖန်ဟာ သူ့ဘယ်ဘက် မျက်စိကို အလျင်အမြန် အသုံးပြုလိုက်တဲ့ အချိန်မှာ ၅မီတာ အရှည်ရှိပြီးတော့ ဦးခေါင်း အစိမ်းရောင် ရှိနေတဲ့ ကျားဘုရင်ကို ၇ကီလိုမီတာ မှာ အကွာမှာ မြင်လိုက်ရပါတယ်။ခေါင်းစိမ်းနဲ့ ကျားဘုရင်ဟာ သာမန် ကျားတွေထက် တစ်ဝက်လောက် ပိုကြီးပြီးတော့ အလွန်ကြမ်းတဲ့ အရှိန်အဝါတွေ ထုတ်လွှတ်နေပါတယ်။ ဒီ ဟိန်းသံဟာ ၁၀ ကီလိုမီတာ ပတ်လည်က အကောင်တွေ အကုန်လုံးကို ထိတ်လန့် တုန်လှုပ် စေပါ တယ်။သိုင်းအဆင့် ၂ နဲ့ အဆင့် ၃ ရောက်နေတဲ့ လူငယ် ၅၊ ၆ ယောက် လောက်ဟာ ကြောက်ရွံ့စွာနဲ့ အဝေးကို ထွက်ပြေး သွားပါတယ်။"အကုန်လုံး ခြေဦးတည့်ရာ ထွက်ပြေးနေကြတာပဲ..."အဖွဲ့ခေါင်းဆောင်ကတော့ မျက်နှာ အမာရွတ်နဲ့ လူငယ် တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ကြည့်ရတာဟာ ၁၅နှစ်၊ ၁၆နှစ်လောက်ပဲ ရှိတယ်လို့ပဲ ထင်ရပြီးတော့ သိုင်းအဆင့်၃ရဲ့ အထွတ်အထိပ် အဆင့်ကို ရောက်နေပါပြီ။ သူဟာ ဓားရှည်ကို ကိုင်ထားပြီးတော့ သစ်ပင်ကို တစ်ဝက်လောက် ဖြတ်လိုက်ပြီးတော့ ကျားဘုရင်ကို ရပ်တန့် စေခဲ့ပါတယ်။ဘုန်းကျားဟာ သူ့လက်တွေကို လှုပ်ဝှေ့ယမ်းလိုက်တဲ့ အချိန်မှာ သစ်ပင်ဟာ အစိတ်စိတ် အမြွှာမြွှာ ဖြစ်သွားပါတယ်။"သားရဲဆိုး တစ်ကောင်ရဲ့ အစွမ်းဟာ တော်တော် ကြမ်းတာပဲ"လို့ ဇောင်ဖန် တွေးလိုက်ပါတယ်။ တောရိုင်းတ ကောင်ဟာ သားရဲဆိုးအဆင့် ရောက်ရှိသွားတဲ့ အခါမှာ သိုင်းအဆင့် ၄ နဲ့ အထက်ရှိတဲ့ လူတွေပဲ တိုက်ခိုက် နိုင်ပါတော့တယ်။ ကျားဘုရင်ရဲ့ အစွမ်းဟာ ဇောင်ဖန် ၂ယောက်၊ ၃ ယောက်လောက်ကို အသာလေး တိုက်ခိုက် နိုင်ပါတယ်။"ရှင်ဖေး ... သတိထား"လူငယ်တချို့ဟာ အော်ဟစ် သတိပေး လိုက်ပါတယ်။ ခေါင်းစိမ်းနဲ့ ကျားဘုရင်ရဲ့ ဦးခေါင်းဟာ ကြောက်ရွံ့နေတဲ့ လူငယ်တွေကို ကြည့်နေပြီးတော့ ဘယ်သူ အသန်မာဆုံးလည်း ကြည့်နေပါတယ်။"သူ့ရဲ့ မျိုးနွယ်နာမည်က ရှင်းလား။ ဒါဆိုသူတို့က ဆန်ဖယ်သာမြို့မှာရှိတဲ့ အကြီးဆုံး ကလန် ၃ ခုထဲ ၁ ခုဖြစ်တဲ့ ရှင်းကလန်က တပည့်တွေပေါ့"ဇောင်ဖန်ဟာ အမြန်ပဲ သူတို့ရဲ့ အမှတ်အသားနဲ့ အဝတ်အစားတွေကို ကြည့်လိုက်ပါတယ်။ဘုန်း ...ခေါင်းစိမ်းနဲ့ ကျားဘုရင် ဖြတ်သန်းသွားတဲ့ နေရာတိုင်းဟာ ပျက်စီး သွားပြီးတော့ ဘယ်အရာကမှ သူ့ကို မဟန့်တားနိုင် ပါဘူး။သာမန် သိုင်းလေ့ကျင့်သူတွေ ဆိုရင်တော့ ထိတ်လန့်ပြီးတော့ သေသွားနိုင်ပါတယ်။ ဒီ ရှင်းဖေ ဆိုတဲ့ တစ်ယောက်ဟာ အလွန်ကြမ်းတယ် ဆိုတာကို ဇောင်ဖန် နားလည် သွားပါတယ်။ သူက ဓားပျံပညာနဲ့ ခြေသိုင်းကွက်တွေကို လေ့ကျင့် ထားပြီးတော့ အဲဒါတွေဟာ အဆင့်မြင့် သိုင်းကျမ်းတွေ ဖြစ်ပါတယ်"ဒီ ရှင်းဖေရဲ့ ဓားမြှောင်တွေဟာ သစ်ပင်ကိုတောင် ဖောက်ထွက်နိုင်တယ် ဆိုတော့ သူ့ရဲ့အစွမ်းတွေဟာ သာမန်သိုင်းအဆင့်၃ တွေရဲ့ ၂ လောက်ရှိပြီးတော့ သူ့ဟာ ဇောင်ရိဂျိန် ထက်တောင်မှ အစွမ်းပိုထက် နိုင်တာပဲ""မြန်မြန် ... ရှင်းဖေကို ကယ်ကြ ..." ကလန်က တခြား တပည့် ၂ ယောက်ဟာ သူတို့လေးကို ထုတ်ပြီးတော့ ခေါင်းစိမ်းနဲ့ ကျားဘုရင်ကို တိုက်ခိုက် လိုက်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တိုက်ခိုက်မှုဟာ အချိန်ဆွဲ ထားသလို ဖြစ်နေပြီးတော့ ကျားဘုရင်က စိတ်ရှုပ်ထွေး သွားပါတယ်။ကျားဘုရင်ရဲ့ ခုခံအားဟာ သတ္ထု သိမ်းငှက်ထက် ၂ဆ ၃ ဆလောက် ပိုစွမ်းပါတယ်။ ဒီလို သိုင်းအဆင့် ၄ အောက်က လူတွေရဲ့ တိုက်ခိုက်မှု အကုန်လုံးဟာ ကျားဘုရင်ကို စနေ သလိုပါပဲ။ငါသာ ခေါင်းစိမ်းနဲ့ ကျားဘုရင်ကို သတ်နိုင်ခဲ့ရင် ငွေစ ၂၀၀၀၀၊ ၃၀၀၀၀ လောက်တော့ ရမှာပဲ ဒါဟာ တောရိုင်း အကောင် ၄၀ စာလောက် တန်ကြေးရှိပြီးတော့ ဇောင်ဖန်ဟာ အန္တရာယ် ရှိတဲ့ အစီအစဉ်ကို စိတ်ကူး လိုက်ပါတယ်။ထန်... ထန် ...သူဟာ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာကို အလျင်အမြန် အသုံးပြုပြီးတော့ တိုက်ခိုက်ပွဲ အနီးကို ချဉ်းကပ် သွားပါတယ်။ ဇောင်ဖန် ရောက်ရှိသွားတဲ့ အချိန်မှာ ရှင်း ကလန်က တပည့် ၆ ယောက်က"လေခွဲဓားကွက် ... "ရှင်းဖေ မျက်လုံးဟာ တောက်ပ သွားပြီးတော့ သူ့ ဓားရှည်နဲ့ ကျားဘုရင်ရဲ့ နဖူးကို ထိုးချလိုက်ပါတယ်။ဘယ်လောက် ကြမ်းတဲ့ ဓားလဲ ... ဇောင်ဖန်ဟာ ဓားရဲ့အစွမ်းတွေကို မြင်နေရပြီးတော့ အဲဒီ အစွမ်းတွေဟာ သာမန်သိုင်း အဆင့် ၃ သိုင်းသမား ၂ ယောက်လောက်ကို အသာလေး သတ်နိုင်ပါတယ်။ သူတောင်မှ မကာကွယ်နိုင်ပါဘူး။ ရှင်းဖေး ဆီကနေ အစိမ်းရောင် ဖျော့ဖျော့ အော်ရာတွေကို သူခံစားမိနေပါတယ်။ ဒါဟာ သိပ်မကြာခင် အတွင်းအားကို သူရရှိတော့မဲ့ လက္ခဏာပဲဖြစ်ပါတယ်။ဆွှစ်ဓားဟာ ခေါင်းစိမ်းနဲ့ ကျားဘုရင်ရဲ့ ခေါင်းကို လက်မဝက်လောက် ဖြတ်ပိုင်းလိုက်ပေမဲ့ သူအသုံးပြုလိုက်တဲ့ အစွမ်းတွေကြောင့် သူသွေးတွေ အန်လိုက် ရပါတော့တယ်။ သူ့ဓားချက်ရဲ့ အစွမ်းက သိုင်းအဆင့် ၄ တစ်ယောက်လောက် နီးနီး အစွမ်းထက်ပြီးတော့ သားရဲဆိုးကိုတောင် ထိခိုက်စေပါတယ်။ဝေါင်း...ခေါင်းစိမ်းနဲ့ ကျားဘုရင်က အော်လိုက်ပြီးတော့ ရှင်းဖေး ဆီကို အလျင်အမြန် တိုက်ခိုက် လိုက်ပါတယ်။ ရှင်းဖေဟာ သိုင်းအဆင့် ၃ ရဲ့ အထွတ်အထိပ်ကို ရောက်နေပါတယ်။ သူက အဆင့်မြင့် သိုင်းကျမ်းတွေကို အသုံးပြုပြီးတော့ ကျားဘုရင်ရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်း နေပါတယ်။ ဒါပေမဲ့ သူဓားနဲ့ တိုက်ခိုက်လိုက်တိုင်း စွမ်းအင်တွေ အများကြီး အသုံးပြုရပြီးတော့ ကျားဘုရင်ရဲ့ တန်ပြန် တိုက်ခိုက်မှု အောက်မှာ ဒုက္ခရောက် နေပါတယ်။"လေခွဲဓားကွက် ... .."သွေးတွေနဲ့ပဲ ရှင်းဖေက သိုင်းကွက်ကို နောက်တစ်ခေါက် သုံးလိုက်ပြီးတော့ ကျားဘုရင်ရဲ့ နဖူးမှာ သွေးအမှတ်အသားတစ်ခု ထပ်ပေးလိုက်ပါတယ်။သူနောက်တစ်ခေါက် လွင့်ထွက် သွားပါတယ်။ဝေါင်း...ခေါင်းစိမ်းနဲ့ ကျားဘုရင်ဟာ ပါးစပ်ဟ ပြီးတော့ ရှင်ဖေးကို ခုန်အုပ်လိုက်ပါတယ်။ နောက်ပိုင်းမှာ ပင်ပန်းနေတဲ့ အတွက် မရှောင်နိုင်တော့ပါဘူး။"ရှင်ဖေး ..."တခြားတပည့်တွေက အလန့်တကြား အော်ဟစ်လိုက်ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ...ရွှီးမြားတစ်စင်းက လေထုကို ပွတ်တိုက်သွားပြီးတော့ သစ်ကိုင်းတွေ သစ်ရွက်တွေကိုလည်း တစ်ဖြောင့်တည်း ဖြတ်ကျော်သွားကာ ကျားဘုရင်ကို ထိသွားပါတော့တယ်။ဂေါင်း ...ကျားဘုရင်က ဝမ်းနည်း နာကျင်စွာ အော်ဟစ်လိုက်ပါတယ်။ အဲဒီ တစ်ခဏမှာ သက်ရှိတွေ အကုန်လုံး ထိတ်လန့် သွားပါတယ်။ ရှင်းကလန်က တပည့်တွေက မြားထိထားတဲ့ မျက်လုံးကို ထိတ်လန့် တွေဝေစွာ ကြည့်နေပါတယ်။ ကျားဘုရင်ရဲ့ ခုခံအားဟာ အလွန်ကြမ်းပေမဲ့ သူ့ရဲ့မျက်လုံးဟာ အားနည်းချက်ပါပဲ။ဘာလို့လဲ ဆိုတော့ ကျားဘုရင်ဟာ တရားခံကို လိုက်ရှာနေ ပြီးတော့ ရှင်ဖေးက လွတ်မြောက် နေပါတယ်။ ဒါပေမဲ့ ကျားဘုရင်က ပတ်ဝန်းကျင်ကို သေချာကြည့် နေတုန်းပါပဲ တရားခံက ဘယ်မှာလဲ။"အရမ်း နီးကပ်တာပဲ ... "ဇောင်ဖန်ဟာ ကျားဘုရင်နဲ့ မီတာ ၁၀၀ ဝေးတဲ့ သစ်ပင်ကြီး တစ်ပင်ပေါ်မှာပုန်းနေပါတယ်။ကျားဘုရင်ဟာ တရားခံကို ရှာဖွေနေတဲ့ အချိန်မှာ ရှင်း ကလန်က တပည့်တွေဟာ ထွက်ပြေးပါတော့တယ်။ဒါပေမဲ့ ကျားဘုရင်ဟာ ဘာမှ ရှာမတွေ့တဲ့အခါမှာ သွေးရူးသွေးတန်း တိုက်ခိုက်ပါတော့တယ်။"အာ့ "သိုင်းအဆင့်၂ ရှိတဲ့ လူငယ်လေး တစ်ယောက် တစ်စစီဖြစ် သွားတဲ့ ထိတ်လန့် ကြောက်ရွံ့သံတွေ ထွက်ပေါ်လာပါတယ်။ ဒီမြင်ကွင်းဟာ မနီးမဝေးမှာရှိတဲ့ ဇောင်ဖန်ကို အေးစက် သွား စေပါတယ်။အဲလိုပဲ ရှင်း ကလန်က တခြားတပည့် တစ်ယောက် အန္တရာယ် ဖြစ်နေတဲ့ အချိန်မှာ....ရွှီးမြားနောက် တစ်စင်းက လေထုကို ဖြတ်သန်းပြီးတော့ ကျားဘုရင်ရဲ့ နောက်မျက်လုံး တစ်လုံးဆီကို ဦးတည်ပျံသန်း သွားနေပါတယ်။ဝေါင်း ... မြားဟာ ကျားဘုရင်ရဲ့ မျက်စိကို ရှပ်ထိသွားတဲ့အတွက် ကျားဘုရင်ဟာ အော်လိုက်ပြီးတော့ မျက်စိမှိတ် လိုက်ပါ တယ်။"အင်း"ဇောင်ဖန်ဟာ သက်ပြင်းချပြီးတော့ ခေါင်းခါလိုက် ပါတယ်။ဒါဟာ သူ့ရဲ့ မြားပစ်အစွမ်း ညံ့လို့ မဟုတ်ပါဘူး။ ဘာလို့ဆို ကျားက ကာကွယ်လိုက်တဲ့ အတွက် ခါတိုင်းလို လွယ်လွယ် ကူကူနဲ့ ပစ်လို့ မရတော့ဘူး။"လေခွဲဓားကွက် ... .."ဒီအချိန်လေးမှာပဲ ရှင်းဖေးဟာ အလျင်အမြန်ပဲ အစွမ်းပို ထက်တဲ့ နောက်ထပ် ဓားကွက်တစ်ကွက်နဲ့ ဒဏ်ရာဟောင်းကို တိုက်ခိုက် လိုက်ပါတယ်။"အခွင့်ကောင်းပဲ"ဇောင်ဖန် မျက်လုံးဟာ တောက်ပ သွားပြီးတော့ သူဟာ နောက်ထပ် မြားတွေကို ဆွဲထုတ် လိုက်ပြီးတော့ ပစ်လိုက်ပါတယ်။ သူတစ်ခါပစ်ရင် မြားတစ်စင်း ပစ်ပြီးတော့ မြားတွေက ကျားဘုရင်ရဲ့ နဖူးက ဒဏ်ရာကို ထိသွားပါ တယ်။နောက်ဆုံးမှာတော့ ကျားဘုရင်ရဲ့ တိုက်ခိုက်မှုတွေဟာ တဖြည်းဖြည်း အားပျော့ သွားပါတယ်။ ပထမအချက် ကတော့ ကျားဘုရင်မှာ ဒဏ်ရာတွေ အများကြီး ရှိနေပါတယ်။ ဒုတိယအချက်ကတော့ ဒီမြားတွေဟာအဆိပ် သုံးထားလို့ပဲ ဖြစ်ပါတယ်။အားနည်းနေပေမဲ့ ကျားဘုရင်က ချက်ချင်းပဲ တိမ်ကောင်းကင်တောရဲ့ အတွင်းပိုင်းကို ပြေးသွားပါတော့တယ်။"လိုက်ကြစမ်း ... "ရှင်းကလန်က တပည့်တွေဟာ အံကြိတ် လိုက်ပါတယ်။ သူတို့ဟာ ကျားဘုရင်ကို သတ်ပြီးတော့ သူတို့ဘယ်လောက် တော်ကြောင်း ပြချင်တာပါ။ကျားဘုရင်က ဒဏ်ရာရနေ ပေမဲ့လည်း သိုင်းအဆင့် ၂ နဲ့ အဆင့် ၃ သိုင်းသမားတွေဟာ သူ့ကို ဘယ်လိုမှ လိုက်မဖမ်း နိုင်ပါဘူး။ ရှင်ဖေး တစ်ယောက်ပဲ မီအောင် လိုက်နိုင်တာပါ။ ဒါပေမဲ့သူက အလွန် ပင်ပန်းနေပြီးတော့ သူ့မှာ အားသိပ် မရှိတော့ပါဘူး။"ဟားဟားဟား ဘယ်လောက် ကောင်းလိုက်တဲ့ အခွင့်အရေးလဲ ... မင်းဘယ်ကို ထွက်ပြေးဦးမှာလဲ" ဇောင်ဖန်က အားရပါးရ ရယ်မော လိုက်ပြီးတော့ အလင်းတန်း စီးနှင်ခြင်း ကိုယ်ဖော့ပညာကို သုံးပြီး ကျားဘုရင်ကို လွယ်လွယ်ကူကူ ဖမ်းဆီး လိုက်ပါတယ်။သူ့မျက်လုံးထဲမှာတော့ ကျားဘုရင်က အလွန်ကြီးမှာတဲ့ ငွေတွင်းကြီး ဖြစ်နေပြီးတော့ ကျားဘုရင်ရဲ့ တန်ဖိုးဟာ ငွေစ ၂၀၀၀၀၊ ၃၀၀၀၀ရှိပါတယ်။ ... .***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now