အခန်း (၈)

47 8 0
                                    

အခန်း (၈)ဇောင်ဖန်က ဒီလူတွေကို အတော်လေး နာကျင်သွား စေပြီးတော့ ဒါဆိုလည်း သူ စိတ်ရှုပ်စွာနေပြီး ဘာမှရှင်းပြ မနေတော့ပါဘူး။"ကောင်းတယ် နောက်ဆုံးတော့ ငါတို့ သဘောတူညီမှု ရပြီပဲ" သူ့အကြံတွေ အောင်မြင်တဲ့အတွက် ဇောင်ရီဟာ ပျော်ရွှင် နေပါတယ်။ သူ ပထမဆုံး တွေးလိုက်တာ ကတော့ ဇောင်ဖန် ပြန်တိုက်ခဲ့ပြီးတော့ နည်းနည်းလေး မြှောက်ပေးလိုက်လို့ တွေးလိုက်ပါတယ်။ ဇောင်ဖန် ဒီလောက် လွယ်လွယ်နဲ့ လက်သင့်ခံလိမ့်မယ်လို့ သူ မထင်မိပါဘူး။ဇောင်ဖန် ရှုံးသွားတာနဲ့ သူ အကုန်လုံးကို လိုက်တောင်းပန် ရမှာပါ။"ညီမလေး ဇောင်ယုဖေး ဘယ်လိုလဲ မင်း ဒိုင်လုပ်ပေးမယ် မလား"ဇောင်ရီဟာ ပြုံးလိုက်ပြီးတော့ ဇောင်ယုဖေးကို မေးလိုက်ပါတယ်။ ဒီလူစုလူဝေးထဲမှာ ဇောင်ယုဖေးရဲ့ ပါရမီနဲ့ သိုင်းပညာဟာ အမြင့်ဆုံးဖြစ်တဲ့ အတွက်ကြောင့် သူမသာလျှင် ဒိုင်လုပ်ပေး ရမှာပါ။"ကောင်းပြီလေ" ဇောင်ယုဖေးဟာ သူမခေါင်းကို ညိတ်လိုက်ပါတယ်။ ဒါပေမဲ့ သိပ်တော့ စိတ်ဝင်စားတဲ့ပုံ မပြပါဘူး။ သူမရဲ့စိတ်ထဲမှာ ဇောင်ရီရဲ့ မြားပညာဟာ အဆင့် ၃ရောက် နေပါပြီ။ ဒါကြောင့် ဇောင်ဖန် သူ့ကို မနိုင်နိုင်ပါဘူး။သိပ်မကြာခင်မှာပဲ ကွင်းထဲမှာ နေရာ လွတ်သွားပါတယ်။ လူစုလူဝေးဟာ အယောက် ၃၀ လောက် တိုးလာပါတော့တယ်။"ဒီနေ့ ငါတို့ထဲမှာ ညီမလေးယုဖေး ရှိနေတယ်လေ။ ဒါကြောင့် ဇောင်ရီဟာ သေချာပေါက် သူ့အစွမ်းတွေ အကုန် ထုတ်သုံးမှာပဲ"မြားသမား အကုန်လုံးဟာ ဇောင်ရီ သေချာပေါက် နိုင်မယ်လို့ ယုံကြည် နေပါတယ်။ ဒီဟာကို ပြိုင်ပွဲလို့် ပြောမဲ့အစား ဇောင်ရီရဲ့ သရုပ်ပြပွဲလို့တောင် ပြောလို့ ရနေပါတယ်။"လာခဲ့လေ..." ဇောင်ရီဟာ လူငယ်တချို့ကို ခေါ်လိုက်ပြီးတော့ သူတို့ဟာ ပစ်မှတ် ၄ ခုကို သယ်လာ ကြပါတယ်။ သိပ်မကြာခင်မှာပဲ သူ့ရှေ့မှာ ပစ်မှတ် လေးခုဟာ တစ်ဖြောင့်တည်း ဖြစ်သွား ပါတော့တယ်။ ပစ်မှတ်တိုင်းဟာ တစ်ခုနဲ့ တစ်ခု ၁၀ မီတာစီ ခြားကြပါတယ်။"ဒီနေ့မှာ ဒီမှာ လူတွေ အများကြီး ရှိနေတဲ့အတွက် ငါ့ရဲ့ အထူးကွက်ကို ပြမယ်။ ပျံသန်းနေတဲ့ သိမ်းငှက်မြားသိုင်း" ဇောင်ရီရဲ့မျက်နှာမှာ အပြုံးတွေနဲ့ ပြည့်နေပါတယ်။ပျံသန်းနေတဲ့ သိမ်းငှက်မြား သိုင်းလား ... အနီးအနားမှာ ရှိတဲ့ တပည့်တွေရဲ့ မျက်နှာမှာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နေပါတယ်။ ဇောင်ယုဖေးတောင် နည်းနည်း စိတ်ဝင်စားတဲ့ အမူအရာတွေ ပြလာပါတယ်။လူစုလူဝေးထဲ ဇောင်ယုဖေးက ပစ်မှတ် ၄ ခုရှေ့ကို လမ်းလျှောက် ထွက်လာခဲ့ပါတယ်။ အခုလိုမျိုး ပစ်မှတ် ၄ ခုကို တစ်ဖြောင့်တည်း စီထားရင် သာမန် မြားသိုင်းကိုပဲ သုံးလိုက် ရင်တော့ မြားပစ်သမားဟာ တစ်ကြိမ်မှာ မြားချက် တစ်ချက်ပဲ ထိနိုင်မှာပါ။ဇောင်ရီက သက်ပြင်းတစ်ချက် ချလိုက်ပြီးတော့ မြားလေးချောင်းကို တစ်ခါတည်း ယူလိုက်ပါတယ်။"သူ ဘာလုပ် နေတာလဲ..."လူတိုင်း အံ့သြ တုန်လှုပ် သွားကြပါတယ်။အဲဒီအချိန်မှာပဲ ဇောင်ရီဟာ လေးကို အဆုံးထိ ဆွဲလိုက် ပြီးတော့ လခြမ်းကွေး ပုံအတိုင်း နေရာယူ လိုက်ပါတယ်။မြား ၄ ချောင်းဟာ ကြိုးပေါ် ရောက်နေပြီးတော့ လူ အကုန်လုံး အသက်ရှူတာတွေ အေးခဲကုန်ပါတယ်။ရွှပ်... ရွှပ်... ရွှပ်... ရွှပ်...မြား ၄ ချောင်းဟာ လေဟုန်စီးပြီး ထွက်ခွာ သွားပါတယ်။ မြား ၄ ချောင်း နေရာယူထားတာဟာ ပြည့်စုံနေပြီးတော့ သိမ်းငှက်တွေနဲ့ တူနေပါတယ်။ ပစ်မှတ်တွေဆီကို တည့်မတ်စွာ ထွက်သွားပါတယ်။ဖတ် ... ဖတ် ... ဖတ်... ဖတ်တစ်ချိန်တည်း လိုလိုမှာပဲ မြား ၄ ချောင်းလုံး.. မြား ၄ချောင်းလုံးဟာ ပစ်မှတ် ၄ခုရဲ့ အလယ် တည့်တည့်ကို ထိသွား ပါတော့တယ်။"အိုး... မိုင်ဂေါ့" အကုန်လုံးဟာ အော်ဟစ် ကြည့်ရှု လိုက်ပါတယ်။"ဒါဆို မြားတွေကို ဒီပုံအတိုင်း ပစ်လို့ရတယ်ပေါ့..." ဇောင်ဖန်ရဲ့ ဘယ်ဘက်မျက်စိက လမ်းကြောင်းကို ပြည့်စုံစွာ မှတ်သား လိုက်ပါတယ်။ နောက်ဆုံး ရလဒ်ဟာ သူ့နှလုံးသားကို တုန်လှုပ် သွားစေပါတယ်။ပျံသန်းနေသော သိမ်းငှက်မြားသိုင်း... အချိန် တော်တော်လေး ကြာသွားတဲ့ နောက်မှာ အကုန်လုံးဟာ နောက်ဆုံးတော့ ငြိမ်သက် သွားကြပါတယ်။"ဘယ်လို အဆင့်မြင့် မြားသိုင်းများလဲ..."ဇောင်ယုဖေးရဲ့ မျက်လုံးတွေမှာ အံ့သြမှု တချို့ကို အတိုင်းသား မြင်နေရပါတယ်။"ကြည့်နေ ပေးတဲ့အတွက် ကျေးဇူးပါ" ဇောင်ရီဟာ ဇောင်ယုဖေးရဲ့ တန်ပြန် အကြည့်တွေကို မြင်လိုက်ပြီးတော့ သူ့ဘာသာ ရယ်လိုက်ပါတယ်။ "ကောင်လေး ... အခု မင်း အလှည့် ရောက်ပြီနော်"ဇောင်ရီအလှည့် ပြီးသွားတဲ့အချိန်မှာ အားလုံးရဲ့ အကြည့်တွေက ဇောင်ဖန်ဆီကို ရောက်သွားပြီးတော့ သူတို့ရဲ့ မျက်လုံးတွေမှာ လှောင်ပြောင် လိုခြင်းတွေနဲ့ ပြည့်နေပါတယ်။ ဇောင်ဖန်ရဲ့ မြားပစ်ပညာဟာ ဇောင်ရီကို ယှဉ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ မထင်ပါဘူး။"ဟွန့် ... ငါ့ကို နည်းနည်းလောက် စဉ်းစားခွင့် ပေးပါဦး... "ဇောင်ဖန်က လေးကို ကောက်ကိုင် လိုက်ပြီးတော့ သူ့ရဲ့ စိတ်ထဲမှာရှိတဲ့ အဆက်မပြတ် ကြယ်ကြွေခြင်း မြားသိုင်းဟာ သူ့နှလုံးသားနဲ့ နောက်တစ်ကြိမ် ပေါင်းစပ် သွားပါတယ်။ ဇောင်ရီကို ဘယ်လို ဘယ်လို အနိုင်ယူရမလဲ ဆိုတာ သူ လေ့လာ ဆန်းစစ်ပြီးတော့ သူမှာ ရက် နည်းနည်းလောက် အချိန် ရှိရင်တောင် ပုံမှန်နည်းအတိုင်း အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါဆိုရင် သူ သာမန် နည်းလမ်းတွေ မသုံးပဲ ဇောင်ရီကို အနိုင်ယူရမှာပေါ့။ဇောင်ဖန်ရဲ့ မျက်လုံးတွေဟာ မြားပစ်ကွင်းရဲ့ အပေါ်က ကောင်းကင်ပေါ်ကို အနှံ့ ကြည့်လိုက်ပြီးတော့ သူဟာသူ ဘယ်လိုလုပ်မယ် ဆိုတာကို ဆုံးဖြတ်ချက် ချလိုက်ပါတယ်။"ကောင်ပြီးလေ ငါအခု စလိုက်တော့မယ်" ဇောင်ဖန်ဟာ မြားတစ်ချောင်းကို ဖြည်းဖြည်းလေး လှမ်းယူ လိုက်ပါတယ်။"ပထမဆုံး မြားချက်" သူဟာ မြားကို နောက်ကို ဆွဲလိုက် ပြီးတော့ ဂရုမစိုက်ပဲ ကောင်းကင်ကို ပစ်လိုက် ပါတော့တယ်။ဒီကောင် ဘာတွေ လုပ်နေတာလဲ ... အကုန်လုံး ကြောင်ပြီး ရပ်နေ ပါတော့တယ်။ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကောင်းကင်က နေပြီးတော့ အသံ ထွက်ပေါ် လာပါတယ်။ဘုတ်...အမည်းရောင် အရိပ်တစ်ခုက ကောင်းကင်ပေါ်ကနေ ထိုးကျ လာပါတယ်။အကုန်လုံးရဲ့ မျက်လုံးဟာ ကျယ်သွား ပါတော့တယ်။ ဘာလို့လဲဆိုတော့ အဲဒါဟာ သိမ်းငှက်တစ်ကောင် ဖြစ်နေလို့ပါ။"ဒီကောင်လေးရဲ့ မြားပစ်အစွမ်းဟာ မဆိုးဘူးပဲ သူဟာ ကောင်းကင်ပေါ်က ငှက်တစ်ကောင်ကို အလွယ်တကူ ပစ်ချနိုင်သားပဲ""ဟွန့်... ဒါဟာ လှည့်ကွက်လေးပဲ" ဇောင်ရီရဲ့မျက်နှာမှာ အထင်သေးမှုတွေ မြင်နေရပါတယ်။အမှန်တော့ ဇောင်ဖန် ပစ်လိုက်တာက ကောင်းပေမဲ့လည်း သူ့ရဲ့ ပျံသန်းနေသော သိမ်းငှက်မြားပစ်နည်းကို မယှဉ်နိုင်သေးပါဘူး။ဖန်း ... ဖန်း ...ဇောင်ဖန် မြား၂ချောင်း ထပ်ပစ်လိုက်ပါတယ်။သူပစ်လိုက်တဲ့ မြားတိုင်းဟာ ငှက်တစ်ကောင်စီကို သတ်လိုက် နိုင်ပါတယ်။"ကောင်လေး မင်းရဲ့အသုံးမကျတဲ့ အစွမ်းတွေ ထုတ်ပြမနေနဲ့။ အရှုံးပေးပြီဆိုတာ... ဒါကို အမြန် ဝန်ခံလိုက်စမ်းပါ" မြားပစ်သမား တစ်ယောက်က အမြန် ပြောလိုက်ပါတယ်။''ဟွန့် ... ငါ့လက်တွေက ခုမှ နေလို့ ကောင်းတုန်းပဲ" ဇောင်ဖန်က သူ့ကို ဂရုမစိုက်ပါဘူး ပြီးတော့ ခုမှ ... သူခုမှ ခံစားလို့ ကောင်းနေတုန်းပဲ ရှိပါသေးတယ်။အဲဒါလည်းပြီးရော ဇောင်ဖန်က သက်ပြင်းရှည်ကြီး ချလိုက်ပြီးတော့ သူ့ဘယ်ဘက်မျက်လုံးက သူ့အစွမ်းတွေ အကုန်လုံးကို အသုံးပြု လိုက်ပါတယ်။ အဲဒီအချိန်မှာ သူ့ဘယ်ဘက် မျက်လုံးက အစိမ်းရောင် မှိန်မှိန်လေး တောက်ပ သွားပါတယ်။"ရွှပ်...."နောက်မြား တစ်ချောင်းက ကောင်းကင်ကို ပစ်လိုက်ပြီးတော့ မိုးကြိုးလို အလွန် လျင်မြန်ပါတယ်။ထန်း...ကောင်းကင်က နေပြီးတော့ နောက်ထပ် အမည်းရောင်အရိပ် တစ်ခုကျလာ ပါတော့တယ်။ဇောင်ရီဟာ အေးစက်စွာ ရယ်လိုက်ပါတယ်။ ဒါပေမဲ့ ဘာမှ မပြောပါဘူး။"အိုး... မိုင်ဂေါ့... ဒီမြားဟာ ငှက်နှစ်ကောင်တောင် ပစ်ချနိုင်တာပဲ" မြားသမား တစ်ယောက်ဟာ အံ့သြစွာ ပြောလိုက်ပါတယ်။ဇောင်ရီက အမြန်ပဲ လှမ်းကြည့် လိုက်ပါတယ်။ အမှန်ပဲ အဲဒီမှာ ငှက်၂ကောင် ရှိနေတာပါ။မြား တစ်ချောင်း ငှက် ၂ကောင်...ဇောင်ရီရဲ့ နှလုံးသားဟာ လစ်ဟာ သွားပြီးတော့ ဇောင်ဖန်ဆီမှာ ဒီလောက် အဆင့်မြင့်တဲ့ မြားသိုင်း ရှိနေလိမ့်မယ်လို့ သူလုံးဝ မတွေးဖူးပါဘူး။ ဇောင်ရီတောင်မှ ဒီလို လုပ်နိုင် လိမ့်မယ်လို့ မယုံကြည်ရဲပါဘူး။ အဲဒါဟာ သူ့ရဲ့ကံတရားပေါ် မူတည်ပါတယ်။"စာကလေးရဲ့ ခန္ဓာကိုယ်ဟာ အလွန် သေးငယ်ပြီးတော့ ပျံသန်းနှုန်း ဟာလည်း အလွန် မြန်ပါတယ်။ မြားတစ်ချောင်းတည်းနဲ့ စာကလေး နှစ်ကောင်ကို ပစ်နိုင်တာဟာ ဇောင်ရီရဲ့ ပျံသန်းနေသော သိမ်းငှက်မြားသိုင်းရဲ့ စံချိန်များလား" လို့ မြားသမား တစ်ယောက်က မေးလိုက်ပါတယ်။"ဒါဟာ" ဇောင်ဖန်ဟာ ရေးရေးလေး ပြုံးလိုက်ပါတယ်။ဒီလူတွေရဲ့ နှလုံးသားဟာ လစ်ဟာ သွားပါတယ်။ ဇောင်ဖန်မှာ အဆင့်မြင့် မြားပညာများ ရှိနေတာလား ... ဇောင်ဖန်ဟာ ရှင်းပြမနေဘူး။ ဒါပေမဲ့ လေးကို ဖြည်းဖြည်းချင်း မလိုက်ပြီးတော့ မီတာ ၅၀အကွာက ပစ်မှတ်တစ်ခုကို ပစ်လိုက်ပါတယ်။"ဒါက ဘာအဓိပ္ပာယ်လဲ ဘယ်သူမှ နားမလည်ပါဘူး။ ဒီဟာက ဘာကို ပြောချင်တာလဲ ဆိုတာကိုပေါ့။ မီတာ ၅၀မီတာ ၁၀၀ ဝေးတဲ့ ပစ်မှတ်ရဲ့ အလယ် တည့်တည့်ကို ထိတယ် ဆိုရင်တောင်မှ ပျံသန်းနေသော သိမ်းငှက်မြားသိုင်း ဒါမှမဟုတ် မြား ၁ချောင်း ငှက်၂ကောင် ပစ်နိုင်စွမ်းကို မယှဉ်နိုင် သေးပါဘူး။ရွှပ်...ဇောင်ဖန်ရဲ့ မြားဟာလေးကို ခွင်းသွားပြီးတော့ မီတာ ၁၀၀ ဝေးတဲ့ ပစ်မှတ်ကို ထိသွား ပါတော့တယ်။ဖုန်း ...မြားဟာ အလယ်တည့်တည့်ကို မထိပါဘူး။ အဲဒါဟာ အစွန်နားလေး ကိုသာ ထိသွားတာပါ။ဇောင်ဖန်ဟာ သူ့ချွေးတွေကို သုတ်လိုက်ပြီးတော့ သက်ပြင်း ချလိုက်ပါတယ်။"ဟားဟားဟား... ဒီမြားဟာ ပစ်မှတ်ကို ကပ်လွဲသွားတာပဲ" တပည့်တွေ အကုန်လုံးဟာ စတင်ပြီး လှောင်ပြောင် ရယ်မော လိုက်ပါတယ်။ဇောင်ရီလည်း ရယ်မော နေပါတယ်။ဇောင်ဖန် မတော်တဆပဲ လွဲသွားတာလား ... ဒါပေမဲ့ သူတို့ ဇောင်ဖန်ကို ကြည့်လိုက်တဲ့ချိန်မှာ သူမျက်နှာမှာ ယုံကြည်မှုတွေ ပြည့်နေပါတယ်။ဒိုင်လုပ်နေတဲ့ ဇောင်ယုဖေးရဲ့ မျက်နှာမှာလည်း မေးခွန်းတွေ ဖြစ်ပေါ် နေပါတယ်။ ဇောင်ဖန်ရဲ့ မြားဟာ ကြည့်ရတာ အဲဒီလောက် မရိုးရှင်းဘူးလို့ သူမ ခံစားနေရပါတယ်။"မင်း သွားပြီးတော့ ကြည့်လိုက်ပါ" ဇောင်ဖန်ဟာ ယုံကြည်မှု ရှိတဲ့လေသံနဲ့ ပြောလိုက်ပါတယ်။လူစုလူဝေးကြီးဟာ မြားကိုသွားပြီး ကြည့်လိုက်ပါတယ်။ပစ်မှတ်ရဲ့ အစွန်ဆုံးမှာ ရှိနေတဲ့ မြားဟာ ဇောင်ဖန်ဟာ မြားသမား တစ်ယောက်ကို မြားကို ယူခိုင်း လိုက်ပါတယ်။ မြားကို အမြန်ပဲ ဆွဲထုတ်လိုက်ပြီးတော့ အားလုံးဟာ ကြည့်လိုက်ပါတယ်။မြားခေါင်းထိပ်မှာတော့ ပဲစေ့လောက်ရှိတဲ့ အကောင်လေးဟာ သွေးတွေ တစ်စွန်းတစ်စနဲ့ သေနေပါတယ်။ဒါဟာဘာလဲ..."အိုး... မိုင်ဂေါ့ ... ဒါဟာက ယင်ကောင် ... ယင်ကောင်..." တပည့် တစ်ယောက်ဟာ တုန်လှုပ်စွာနဲ့ အော်ဟစ် လိုက်ပါ တယ်။ဘာလဲ....မြားသမားတွေရဲ့ မျက်လုံးတွေဟာ ပြူးသွားပြီးတော့ ထိတ်လန့် နေပါတယ်။"အိုး... မိုင်ဂေါ့ ခြေလမ်း ၁၀၀ အကွာမှာ ရှိနေတဲ့ ယင်ကောင် တစ်ကောင်ကို ပစ်သတ်ဖို့ ဆိုတာဟာ... သူဘယ်လိုများ လုပ်လိုက်တာလဲ""ခြေလှမ်းတစ်ရာ အကွာမှာ ရှိတဲ့ ယင်ကောင်ကို မြင်ရဖို့တောင် အလွန် ခက်ခဲပါတယ်။ ပြီးတော့ ယင်ကောင်ဟာ ပျံချင်သလို ပျံနေတာပါ""ဘယ်လို... ဘယ်လို ဒါဟာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"ဇောင်ရီ မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်လာပြီးတော့ ယင်ကောင်ကို ငေးကြည့် နေပါတယ်။ သူ့ရဲ့ ဝိညာဉ်ဟာလည်း ဆုံးရှုံး သွားသလိုပါပဲ။သူဟာ ငှက်၂ကောင်ကို မြားတစ်ချောင်းနဲ့ ပစ်နိုင်တာဟာ သူကံကောင်းတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခြေလှမ်း ၁၀၀ အကွာက ယင်ကောင်ကို ပစ်နိုင်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ယင်ကောင် ဆိုတာက အလွန် သေးငယ်ပါတယ်။ သာမန် လူတွေ အတွက်ကတော့ ခြေလှမ်းတစ်ရာ အကွာက ယင်ကောင်ကို မြင်တောင် မမြင်နိုင်ပါဘူး။မြားပစ်ပြိုင်ပွဲဟာ ပြီးသွားပါပြီ။ အနိုင်ရသူကလည်း ဆုံးဖြတ်ပြီး သွားပါပြီ။"မြားပစ်ပြိုင်ပွဲရဲ့ အနိုင်ရရှိသူကတော့ ဇောင်ဖန်ပဲ ဖြစ်ပါတယ်" ဇောင်ယုဖေးဟာ ချက်ချင်းပဲ အံ့သြတုန်လှုပ်စွာ အကာအကွယ် ယူလိုက်ပြီးတော့ ဇောင်ဖန်ကို စိတ်ရှုပ် ထွေးစွာနဲ့ ကြည့်လိုက်ပါတယ်။ဒါဟာ ဇောင်ဖန်ကို သူမရဲ့ပထမဆုံး အသည်းအသန် အကဲဖြတ် နေရတဲ့အချိန်ပါ။ သူမဟာ ယုံကြည်ချက်တွေနဲ့ ပြည့်နေပြီးတော့ သက်တူ ရွယ်တူတွေရဲ့ သတ်မှတ်ချက်တွေထက် ကျော်လွန် သွားတဲ့ လူငယ်လေးကို မြင်နေရပါတယ်။"ငါထွက်သွားလို့ ရပြီလား မရသေးဘူးလား" ဇောင်ဖန်ဟာ အပြင်ကို ထွက်ခွာ သွားပါတယ်။လူစုလူဝေးဟာ အလိုလိုပဲ လမ်းဖွင့် ပေးလိုက်ကြပါတယ်။ ဇောင်ဖန်ရဲ့ မြားပစ်စွမ်းရည်ဟာ သူတို့ထက် ကျော်လွန်နေ ပြီးတော့ ဇောင်ရီတောင် ဘာမှ မပြောနိုင်တော့ပါဘူး။မြားပစ်ကွင်းထဲကနေ ထွက်ခွာ သွားပြီးတဲ့ အချိန်မှာတော့ သူ သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ ဒီနေ့ မြားပစ် လေ့ကျင့်တာဟာ သူ့အတွက် အကျိုးအမြတ် အများကြီး ရလိုက် ပါတော့တယ်။ဇောင်ဖန်ဟာ မြားပစ်ကွင်းထဲက ထွက်ထွက်ချင်းပဲ သူ့ရှေ့ကနေပြီးတော့ ရက်စက်တဲ့ ရယ်မောသံကို ကြားလိုက် ရပါတယ်။"ဟားဟားဟား... ဇောင်ဖန် နောက်ဆုံးတော့ ငါမင်းကို ရှာတွေ့ပြီပဲ" စကား ပြောပြီးပြီးချင်းပဲ လူငယ် ၃ ယောက်ဟာ ဇောင်ဖန်ရဲ့လမ်းကို ပိတ်လိုက် ပါတော့တယ်။ရှေ့တန်းတန်းမှာတော့ မျက်ခုံးမွေးထူထူနဲ့ ယုံကြည်မှုတွေ ပြည့်နေတဲ့ လူငယ်လေး ကတော့ ဇောင်ခန်းပဲ ဖြစ်ပါတယ်။"လူယုတ်မာလေး နောက်ဆုံး တစ်ခေါက်က ငါမင်းကို ရှုံးခဲ့တယ်။ ဒီတစ်ခေါက်တော့ မင်းငါ့ကို ရှုံးနိမ့်သွားပြီးတော့ ခွင့်လွှတ်ပေးဖို့ တောင်းဆိုစေရမယ်" ဇောင်ခန်းက သူ့နှုတ်ခမ်းကို လျှာနဲ့ သပ်လိုက်ပြီးတော့ သူမျက်လုံးမှာ ရက်စက်မှုတွေလည်း မြင်နေရပါတယ်။ဒီတစ်ချိန်မှာ သူ ဇောင်ဖန်ကို အနိုင်ရသွားရင် ညီတူညီမျှ ဖြစ်သွားပြီးတော့ သူ့ကို အရှက်ပြန်ရ စေမှာပါ။ ဘာလို့လဲဆိုတော့ နောက်ဆုံး တစ်ခေါက်က သူ ဇောင်ဖန်ကို တစ်ကွက်တည်းနဲ့ ရှုံးနိမ့်သွားတဲ့ အတွက် သူအရှက်ရ စေခဲ့ပါတယ်။ဇောင်ခန်းက ကူညီသူ ၂ ယောက်ကို ခေါ်လာတာကို ဇောင်ဖန် တွေ့လိုက်ပါတယ်။ သူတို့ ၂ယောက်လုံး သိုင်းအဆင့် ၂ ဖြစ်ပြီးတော့ သူတို့ ထွက်သွားလို့ မရအောင် လုံးဝ ပိတ်ဆို့ထား ပါတယ်။"အစ်မယုဖေး အဲဒီဇောင်ဖန်မှာ ပြဿနာ တချို့ ရှိနေတယ်နဲ့ တူတယ်" ဇောင်ယုဖေးဘေးမှာ ရှိနေတဲ့ ကောင်မလေး တစ်ယောက်က ပြောလိုက်ပါတယ်။အဲဒီအချိန်မှာ မြားပစ်ကွင်းထဲက လူတော်တော် များများဟာ ပြဿနာ ဖြစ်နေတာကို မြင်လိုက် ရပါတယ်။ဇောင်ရီရဲ့ မျက်နှာမှာ ပီတိတွေ ဖြစ်ပေါ်နေပါတယ်။ဒါပေမဲ့ ဒီအခြေအနေမှာ ဇောင်ဖန်က မမျှတဘူးလို့ ခံစားလိုက် ရပြီးတော့ အမြန်ပဲ ပြောလိုက်ပါတယ်။ "မင်း သိုင်းကွက်ကို ခင်းလိုက်တော့"***

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Where stories live. Discover now