အခန်း ၁၂

Beginne am Anfang
                                    

ထန်း

ဇောင်ဖန်ဟာ ပျံသန်းသွားပြီးတော့ အတွေးတွေထဲ စီးမျောနေပါတယ်။

ရွှမ်း...

သူ့ဘယ်ဘက် မျက်စိဟာ ၃ကီလိုမီတာ အကွာက Xinကလန်ရဲ့ တပည့်တွေကို မျက်ခြည်မပြတ် ကြည့်နေပါတယ်။ ဇောင်ဖန်ဟာ မတ်တတ် ရပ်နေပြီးတော့ ကျားဘုရင် အလောင်းကို လုံးဝမထိပါဘူး။ ဒါဟာ သူမလိုချင်လို့ မဟုတ်ပါဘူး။ ဒါဟာ သူလုပ်ဖို့ အခက်အခဲတွေ ရှိနေလို့ပါ။

ကျားဘုရင်ရဲ့ ခန္ဓာကိုယ်ဟာ ၃တန်လောက် လေးပြီးတော့ အရေပြားဟာ ဖြတ်ရခက်ပါတယ်။

သိပ်မကြာခင်မှာပဲ ရှင်း ကလန်က တပည့် ၅ယောက်ဟာ ရောက်ရှိလာပါတယ်။

"ကောင်လေး မြန်မြန်ဖယ်စမ်း ... ဒီဟာက ငါတို့ဟာ ... "

ရှေ့ဆုံးက ရောက်လာတဲ့ ရှင်းဂန်က အော်ပြော လိုက်ပါတယ်။ သူဟာ အစကတော့ ဇောင်ဖန် အစွမ်းကိုလန့် နေပါသေးတယ်။ ဒါပေမဲ့ ဇောင်ဖန်ဟာ သိုင်းအဆင့် ၂ ပဲ ရှိသေးတယ် ဆိုတာ သိသွားတဲ့ အချိန်မှာတော့ သူဟာ ဇောင်ဖန်ကို မျက်လုံးထဲ လုံးဝ မထည့်တော့ပါဘူး။ သူတို့ဘက်က လူတစ်ယောက် သေသွားပြီးတော့ ရှင်းဖေ ပင်ပန်းနေပေမဲ့ သူတို့မှာ သိုင်းအဆင့် ၂ သိုင်းသမား ၂ ယောက် အပြင် သိုင်းအဆင့် ၃ သိုင်းသမား ၂ယောက် ရှိနေပါသေးတယ်။

ဇောင်ဖန်ဟာ မတ်တတ် ရပ်နေပြီးတော့ ရှင်းဂန်ကို လှောင်ပြောင် ကြည့်ရှု နေပါတယ်။ ရှင်းဖေ တစ်ယောက်တည်းကိုပဲ သူစိုးရိမ်တာပါ။

"ရှင်းဖေ ... သူငါတို့ အသက်ကို ကယ်ထားတာနော် ... ငါတို့ ကျားဘုရင်ကို ဘယ်လိုခွဲရမလဲ ဆုံးဖြတ်သင့်တယ်"

ရှင်းဖေက ရောက်လာတဲ့ချိန်မှာ ဖြည်းဖြည်းလေး ပြောလိုက်ပါ တယ်။

ဇောင်ဖန်ဟာ သူ့ကိုကျေနပ်စွာ ကြည့်ပြီးတော့ -

"ငါထင်တဲ့ အတိုင်းပဲ ကျားဘုရင် အလောင်းဟာ အလွန် ကြီးပြီးတော့ ဖြတ်တောက်ရလည်း ခက်ပါတယ်"

ဒီကျားဘုရင်ကို သတ်ဖို့အတွက် ရှင်းဖေက အစွမ်းတွေ အများကြီး ထုတ်ထားရပြီးတော့ သူတို့ဘက်က တစ်ယောက် ဆုံးရှုံးသွားပါတယ်။ ရှင်းဂန်က တော်တော်လေး စိတ်မပါပေမဲ့လည်း သဘောတူ လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ ကျားဘုရင်ကို ဘယ်လိုခွဲဝေရမလဲ တိုင်ပင်ပါ တော့တယ်။

King Of Gods (နတ်ဘုရားတို့၏ဘုရင်)Wo Geschichten leben. Entdecke jetzt