Chapter 7 : He Died (A)

Start from the beginning
                                    

ဖန့်ချူက သူမကိုကြည့်ပြီး စောင့်နေလိုက်တယ်။(TN - ပြောတာ ဆက်နားထောင်တယ်)

ဒါပေမယ့်လည်း ကောင်မလေးက အခြားဘာကိုမှ မပြောပြခဲ့ဘူး။ ပြီးတော့ သူမမျက်ဝန်းတွေမှာ လင်းလက်မှုက လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တယ်။ သူမက ရုပ်တုတစ်ခုလိုမျိုး မလှုပ်ရှားခဲ့တော့ဘူး။

သူမ တစ်ဖန်သေဆုံးသွားခဲ့ပြန်ပြီ။ ပြီးတော့ ဒါက နောက်ဆုံးအကြိမ်အဖြစ်ပေါ့။

ဖန့်ချူ လှည့်ထွက်လာခဲ့တယ်။ သူမကို နောက်ထပ် လုံးဝမကြောက်ရွံ့မိတော့ဘူး။ ဒါပေမယ့် အဲ့ဒီမှာတော့ သူကြာကြာထပ်မနေချင်တော့ပါဘူး။

သူတို့လမ်းကြောင်းကို နောက်ထပ် တားဆီးတဲ့အရာမရှိတော့တာကြောင့် ဟောခန်းမဆီကို အမြန်ပဲ ရောက်ရှိသွားခဲ့ကြတယ်။ ဒါပေမယ့်လည်း သူတို့ဝင်သွားကြတဲ့အခါ ဖန့်ချူရုတ်ချည်း ရပ်တန့်ပစ်လိုက်တယ်။ သူက ယွိစစ်ကျယ်ဘက်ကို ဝိရောဓိဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်တယ်။ သူက အနည်းငယ်မသေချာတဲ့ အသံနဲ့ ပျော့ပျောင်းစွာ ပြောလိုက်တယ်။

"ကျောင့်ကျီရွေ့က ....... တကယ်ပဲ အပြစ်ပေးခံရလောက်လား"

ဒီညမှာ ဖြစ်ပျက်ခဲ့သမျှတွေဟာ ယုတ္တိမတန်လွန်းနေပြီး သေပြီးသားလူတစ်ယောက်ရဲ့ စကားတွေကို သက်သေအဖြစ် အသုံးပြုလို့ရပါ့မလား? ဘယ်သူကများ ကျောင့်ကျီရွေ့ရဲ့ လုပ်ရပ်တွေကို သက်သေပြနိုင်မှာလဲ? အကြောင်းအရာတွေ အများကြီးက မသေချာနေပြီး စီစီ့ကိုပြောခဲ့တဲ့ ကျောင့်ကျီရွေ့ အပြစ်ပေးခံရစေမယ်ဆိုတဲ့ ကတိကို ဖန့်ချူ မတည်နိုင်ပါဘူး။ တကယ်တော့ အဲ့တာက အဖြူရောင်မုသားတစ်ခုသာ..။

ဒါပေမယ့် ဖန့်ချူမတည်နိုင်တာကို ယွိစစ်ကျယ်က တည်ပေးကောင်း တည်ပေးနိုင်ပါလိမ့်မယ်။

ယွိစစ်ကျယ်က ဖန့်ချူရဲ့မျှော်လင့်နေတဲ့ မျက်ဝန်းလေးတွေကို ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းတွေက ဖြည်းဖြည်းချင်း ပွင့်ဟလာကာ "အင်း" လို့ပြောလိုက်တယ်။

ဖန့်ချူတစ်ယောက် ချက်ချင်း သက်သောင့်သက်သာဖြစ်သွားတော့တယ်။ သူက ချက်ချင်းပဲ ပိုက်ဆံနဲ့အာဏာတွေ အများကြီးရှိတဲ့ ရည်းစားဟောင်းတစ်ယောက်ကို ပိုင်ဆိုင်ထားရတာလည်း ကောင်းတဲ့အရာတစ်ခုပဲလို့ တွေးလိုက်တယ်။

ရပ်နား / သဘာဝလွန်လောကထဲမှာ ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now