အပိုင်း ၉၈ (ဝေစု)

Start from the beginning
                                    

သူမက ဝါးပြွန်တွေ ပြန်ပေးလိုက်တဲ့အခါမှ ဆိုင်ရှင်က အရင်တစ်ခါက ဟင်းခတ်အမွှေးအကြိုင်တွေကို ဝယ်ဖူးတဲ့ မိန်းမငယ်လေးမှန်း သတိရသွားပြီးနောက် ပြုံးကာ

" ကောင်မလေး မင်း အဲ့ဒီအမွှေးအကြိုင်တွေကို ဒီလောက်မြန်မြန်ကြီး သုံးပြီးသွားပြီလား... မင်းမိသားစုက တစ်ခြားလူတွေဆီ အစားအစာ ရောင်းနေတာဖြစ်ရမယ်... ဟုတ်တယ်မလား..."

"ဟုတ်တယ်! ဘယ်လိုလုပ်သိတာလဲ..."

ရှောင်ချောင်းက သူမ လိုချင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ပမာဏကို ပေးလိုက်ပြီး ရိုးသားကြင်နာတတ်တဲ့ ဆိုင်ရှင်ကို ချိုသာစွာ ပြုံးပြလိုက်သည်။

ဆိုင်ရှင်က သွားပေါ်အောင် ပြုံးလိုက်ပြီး

" အစားအသောက်ရောင်းကြတာမဟုတ်ရင် ဘယ်သာမန်မိသားစုကမှ သူ့တို့ အစားအစာတွေကို ဟင်းခတ်ဖို့အတွက်နဲ့ ဒီလောက် ငွေတွေအများကြီး မသုံးချင်ကြဘူးလေ... အိုဟိုး! မင်းက အရင်တစ်ခေါက်ကထက် အများကြီးပိုဝယ်နေပါလား... ငွေတော်တော်ဝင်ပုံပဲ! ဂုဏ်ယူပါတယ်ကွာ!"

ရှောင်ချောင်းက ပြုံးဖြဲဖြဲလုပ်ကာ ပြောလိုက်သည်။

" ကျွန်မက ဆိပ်ကမ်းမှာ အဆာပြေစာအချို့ ရောင်းပြီးပဲ ငွေရှာနေတာပါ... ဆိုင်ရှင်ဦးလေးလို မြို့မှာ ဆိုင်ဖွင့်နိုင်ဖို့ ငွေအလုံအလောက် ဘယ်တော့မှရမလဲ မသေချာသေးပါဘူး..."

ဆိုင်ရှင်က ဟားတိုက်ရယ်လိုက်ကာ ပြောလိုက်သည်။

" ဒီအသက်ကြီးကြီးဦးလေးက အသက်ရှင်နေထိုင်ဖို့အတွက် ငွေနည်းနည်းရှာနိုင်ရုံလေးပါ... တစ်နေရာထဲမှာ သက်တန့်ရော နေအလင်းရောင်ရော ရှိနေတယ် မထင်လိုက်ပါနဲ့... ကုန်ကြမ်းပစ္စည်းတွေအတွက် ကုန်ကျငွေတွေ ထည့်တွက်မယ်ဆို အပိုငွေ သိပ်မကျန်ဘူး ဟုတ်တယ်မလား...  အစားအသောက်ရောင်းရတာကိုလည်း အထင်မသေးပါနဲ့ တကယ်တော့ မင်း ကောင်းတဲ့ ဟင်းရွက်ချဉ်သိပ်တွေ လုပ်နေနိုင်ရင်ကို ငွေပမာဏများများ ရနေဦးမှာပါ... ဟိုနားက ဟင်းရွက်ချဉ်ဆိုင်ကို သိလား....ရှေ့နှစ်ရက်ကမှ နာမည်ကြီးလာတာ...အမှန်ဆို ငါ့ဇနီးက ချိုပြီး ကြွပ်ရွတဲ့ မုန်လာဥဖြူခြောက်တို့ ဂေါ်ဖီထုပ်ချဉ်စပ်တို့ကို တကယ် သဘောကျတာ... သူမရဲ့ ထမင်းစားတိုင်း အဲ့ဒါမပါရင် ကုန်အောင်မစားနိုင်တော့ဘူး..."

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now