လုချီယွမ်ကို ငတုံးလို့ ခေါ်ဆိုသင့်လား?

ဟင့်အင်း သူ မတုံးပါဘူး..

မဟုတ်ရင် မိသားစုလုပ်ငန်းကို ဒီလောက်ထိ တိုးတက်အောင် သူလုပ်နိုင်မှာ မဟုတ်ဘူး..

ထို့ပြင် လုပ်ငန်းက ကြီးသည်ဖြစ်စေ သေးငယ်သည်ဖြစ်စေ အစွမ်းအစမရှိပါက အရှုံးပေါ်ရုံပဲရှိပေလိမ့်မည်။

လုပ်ငန်းတွေကို ဒီလိုတိုးတက်အောင်လုပ်နိုင်ခဲ့သည်ဆိုကတည်းက လုချီယွမ်သည် ငတုံးမဟုတ်။ မဟုတ်လျှင် လူတွေလိမ်လို့ သူ့ဥစ္စာတွေပြုတ်တာကြာလှပြီ။ 

သို့ပေမယ့် အလုပ်မှာ လိမ္မာပါးနပ်ရုံဖြင့် ဘဝ၏ ကဏ္ဍအစုံအလင်မှာ လိမ္မာပါးနပ်မည်ဟု မဆိုလိုပေ။ 

သို့ရာတွင်လည်း ရှချင်းယန်နှင့် လုချီက ကောင်းစွာ သရုပ်ဆောင်နိုင်ခဲ့ကာ ဒီနှစ်တွေတစ်လျှောက်လုံး လုမန်မကောင်းကြောင်းတွေကို လုချီယွမ်ရှေ့တွင် ​စဥ်ဆက်မပြတ် ပြောဆိုနေခဲ့သဖြင့် သူ့မှာ ဦးနှောက်ကျင်းခံထားရသလိုဖြစ်နေ၏။

အရင်က လုမန်ဟာလည်း ဉာဏ်များသည့်လူမဟုတ်ပေ။ ရှူးရှူးရှားရှားဖြစ်လွယ်သော ဒေါသအိုးမို့ ရှချင်းယန်နှင့် လုချီ၏ မြှောက်ထိုးပင့်ကော်စကားများ​တွင် မကြာမကြာ ထကြွသောင်းကျန်းတတ်လေ၏။ ပြီးတော့ လုချီရဲ့သရုပ်မှန်ကို မသိ၍လည်း လုချီယွမ်ကို မျှမျှတတမရှိဟု အစဥ်အပြစ်တင်ကာ ရှချင်းယန်နှင့် လုချီထောင်ထားသော ထောက်ချောက်ထဲသို့ အမြဲ ကျရောက်ခဲ့ရသည်။

နောက်ပြီး လူဆိုသည့် အမျိုးက နားတွင် နေ့စဥ် အမြဲ ကြားနေရသည်များကို နားယောင်၍ ယုံကြည်တတ်ကြလေသည်။

“ ချီချီ မိုက်မိုက်ကန်းကန်းတွေလျှောက်မလုပ်နဲ့ အဖေ နင့်ကို ထောင်ထဲမပို့နိုင်ဘူး ”

“ အဖေ ” သူ့စကားတွေကြောင့် စိတ်လှုပ်ရှားသွားရသူ လုချီမှာ လုချီယွမ်အနားက မခွာနိုင်တော့။ သူ့ကိုကြည့်လျက် ရိုးသားစွာ ဆိုလိုက်တော့၏။ “ အဖေ့လိုအဖေမျိုးရထားတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အဖေက သမီးအပေါ်မှာ အရမ်းကောင်းရှာပါတယ် ”

ထိုမှစခဲ့သော အချစ်များစွာသည် Where stories live. Discover now