EXTRA(Unicode)

339K 17.4K 11.3K
                                    

"ခြား မင်းကောင်းအနားကနည်းနည်းတော့ခွာပါဦးဟ"

"သူတစ်ခုခုထပ်ဖြစ်ရင် ခင်ဗျားတာဝန်ယူနိုင်လား!"

ခြားကရာဇာ့ကိုတစ်စက်မှအားမနာပေ။ဟိုတစ်ခါကိစ္စကတည်းက ရာဇာ့ကိုသူမကျေနပ်နေတာဖြစ်သည်။ပွဲထဲဝင်လာကတည်းကကောင်းလက်ကိုလည်း တစ်ခါမှလွှတ်မပေး။ရာဇာက ခြားအပြောဆိုးတာကိုသိနေပြီးသားသူမို့မျက်နှာပျက်သွားတာမျိုးမရှိဘဲ

"အဲ့ညကကိစ္စ ငါတစ်ကယ်တောင်းပန်တယ်ဟေ့ကောင်တွေ၊အဲ့ကောင်မရိုးသားမှန်းသိပေမယ့် အဲ့လောက်ထိလုပ်လိမ့်မယ်လို့ငါ တစ်ကယ်မထင်လိုက်လို့ပါကွာ၊ကောင်းကငါ့သူငယ်ချင်းပဲ သူဒုက္ခရောက်မယ်ဆိုငါလုပ်ပါ့မလား၊ဒါနဲ့ဟိုကောင်လည်း Aussieပြေးပြီဆိုပါ့ရော မင်းကြားမိသေးလားခြား!"

"မကြားမိဘူး!"

ရာဇာဒီလောက်ပြောနေတာတောင် ခြားကရှူတည်တည်ကြီးလုပ်နေသေးသည်မို့ ကိုယ်ကပဲကြားထဲကအားနာလာရကာ

"ပြီးခဲ့တာတွေထားလိုက်တော့ရာဇာ အဲ့ကိစ္စနဲ့ပတ်သတ်ပြီး စိတ်ထဲထားမနေနဲ့"

ကောင်းဝင်ပြောတာကို သဘောမကျသလိုမျက်မှောင်ကြုတ်နဲ့ငုံ့ကြည့်၏ကောင်းသူ့လက်တွေကိုဖျစ်ညှစ်လိုက်ပြီး

"မင်းအစပြန်ဖော်နေမှာစိုးလို့ ပြောနေတာ!"

"ကိုယ့်လက်ကိုချိတ်ထား! လူတွေများလာပြီ"

"မင်းမလွှတ်တမ်းဆွဲထားတာတောင် မလုံလောက်သေးလို့လား"

"အဟွန်း"

ကောင်းသူ့ကိုမကြည်သလိုတစ်ချက်မော့ကြည့်ပြီး မျက်နှာလွှဲထားလိုက်သည်။မဟုတ်ရင်ရန်ဖြစ်ရဖို့တွေ ရှိလာမည်။ဟိုကိစ္စဖြစ်ပြီးကတည်းကပွဲတွေဆိုသူမပါဘဲ ကောင်းဘယ်ပွဲမှမတက်ရတော့။သူတက်ရသည့်ပွဲမှန်သမျှကိုတော့ သူ့နောက်ကတစ်ကောက်ကောက်လိုက်ရသည်။သူထားခဲ့ရင်တောင် ကောင်းဘက်ကမနေခဲ့မှာမို့သာတော်တော့၏

ကုန်သည်ကြီးများအသင်း၏dinner eventဆိုတော့ စီးပွားရေးလုပ်ငန်းရှင်တော်တော်များများတက်ရောက်ကြသည်။တစ်နှစ်ပတ်လုံးဒီလိုပွဲမျိုးကအခမ်းနားဆုံးလို့တောင်ပြောလို့ရသည်။ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေချည်း တက်ရောက်လာကြသည့်အတိုင်း။

 My Possessive Step-broWhere stories live. Discover now