Part-34(Unicode)

308K 18.1K 17.8K
                                    

"ချပ်!"

ဦးခန့်ထည်အခန်းထဲဝင်လာတော့ ကုတင်ပေါ်မှာသားနဲ့သားမက်ကဖက်အိပ်နေကြသည်။ဒီကလေးတွေအဆင်ပြေသွားကြပြီထင်ပါရဲ့။ကောင်းကစောင်ပုံထဲကခြားရင်ခွင်ထဲမှာ မြုပ်နေ၏မနက်9နာရီထိုးတော့မှာမို့ ဝင်လာလိုက်ရတာဖြစ်သည်။ခဏနေရင် ဆရာဝန်ကြီးကလာကြည့်တော့မည်။မသိကြတာလား။

ဦးခန့်ထည်ခြားပခုံးကိုပုတ်နိုးဖို့လုပ်မှ ခြားအင်္ကျီဝတ်မထားတာကိုသတိထားမိသည်။ထိုအခါမှသူတို့ပတ်ဝန်းကျင်အနေအထားကိုသတိထားကြည့်မိတော့၏ကောင်းဘောင်းဘီကခုတင်ဘေးပြုတ်ကျနေသည်။ဟိုကောင်ခေါင်းကရောသက်သာလို့တဲ့လား။ဒီကောင်ဆေးရုံအထိ ခတ်သားပဲ။

ဦးခန့်ထည်အခန်းပြင်အမြန်ပြန်ထွက်ခဲ့ရသည်။မိဘက ဒီအထိလိုက်ပြောနေရမှာမဟုတ်ဘူးမှလား။အစစ အရာရာလိုက်ပြောရအောင် ကလေးတွေလည်းမဟုတ်ကြ။ဟိုကောင်ကပြောမရရင်တောင်ကောင်းကလည်းသေချာရှင်းပြရမှာပေါ့။ဒီကောင်တွေတစ်ကယ်ခတ်သားပဲ။

"ဥက္ကဌကြီး"

ညိုမင်းအနားရောက်လာမှ ဦးခန့်ထည်အတွေးအဆုံးသတ်သည်။

"ညိုမင်း ဖိုးအေးကိုလိုက်ရှာခိုင်းစမ်း!"

"ဥက္ကဌကြီးအရေးမှကြီးတယ်ဆိုရင် တခြားကောင်တွေအဆင်သင့်ရှိပါတယ်၊ကျွန်တော်ခေါ်လိုက်ရမလား!"

"မဖြစ်ဘူး ဖိုးအေးနဲ့မှအဆင်ပြေမှာ!"

"ဟုတ်ကဲ့၊ကျွန်တော်လိုက်ရှာခိုင်းလိုက်ပါ့မယ်"

ညိုမင်းအနားကထွက်သွားတော့မှ ဦးခန့်ထည်သက်ပျင်းချရသည်။ဖိုးအေးက ဟိုးပထမတစ်ခေါက်ကတည်းက ကောင်းအနားမှာအနီးကပ်ကူညီဖူးသည်။ခြားအကြောင်းလည်းသိထားဖူးသူမို့ ဖိုးအေးနဲ့မှသာအဆင်ပြေလိမ့်မည်။ဒီကောင်ကခြားတပည့်။

"ဘဘကြီး"

ဖိုးအေးအပြေးတစ်ပိုင်းနဲ့ သူ့အနားရောက်လာပြီဆိုမှ

"မင်း အကိုလေးကိုသွားနှိုး၊9နာရီထိုးရင်ဆရာဝန်ကြီးလာကြည့်လိမ့်မယ်လို့ သေချာပြော! သန့်ရှင်းရေးတွေဘာတွေသေချာလုပ်ထားဖို့ပါပြော!"

 My Possessive Step-broWhere stories live. Discover now