Part-16

263K 18.3K 5.4K
                                    

(U&Z)

ရုံးရှေ့ကပေါ်တီကိုအောက်မှာရပ်နေရင်းကောင်း လက်ကနာရီကိုငုံ့ကြည့်မိတော့ညနေ5နာရီတောင်ခွဲတော့မည်ဖြစ်သည်။သူတို့ဒါရိုက်တာအဖွဲ့ဝင်တွေအားလုံးPravite Meetingထိုင်နေရသဖြင့်ရုံးဆင်းချိန်ကျော်သွား၏ဒီနေ့မှသူ့ကားကလည်းတိုက်တိုက်ဆိုင်ဆိုင်ပျက်နေသည်။5နှစ်လောက်ကိုတစ်ခါမှမလဲပဲစီးနေသည်မို့ကားကပျက်တဲ့အရေအတွက်လည်း များလာ၏မနက်ကတောင်ရုံးကိုဖေဖေ့ကားနဲ့လိုက်လာခဲ့တာဖြစ်သည်။

ဖေဖေကအရေးကြီးကိစ္စနဲ့အပြင်ထွက်သွားတာကြောင့်ကောင်းညနေပြန်ဖို့အတွက် အိမ်ကကားကိုအကြိုလွှတ်ခိုင်းထားခဲ့သည်။ညနေ5နာရီခွဲအရောက်လာဖို့ပြောထားပေမယ့် ကားကခုချိန်ထိအကြိုရောက်မလာသေးပေ။နေကိုးကိုလည်းအိမ်ကကားလာမည်ဆို၍ပြန်လွှတ်လိုက်မိသည်။

"ကောင်း"

ရုံးထဲကထွက်လာသည့်ဘရဏီကကောင်းဆီကိုတည့်တည့်လျှောက်လာ၏ကောင်းသူမကိုအားနာသည့်စိတ်ကြောင့်မျက်နှာချင်းဆိုင်ဖို့ကိုအတော်ကြိုးစားခဲ့ရသည်။အလုပ်အတူလုပ်နေရတာမို့ရှောင်လွှဲလို့လည်းမရပေ။တော်သေးသည်ကသူလက်ထပ်လိုက်တဲ့ကိစ္စနဲ့ပတ်သတ်ပြီးဘရဏီဘက်ကဘာတစ်ခွန်းမှမဟ။အရင်လိုအခေါ်အပြောမပျက်တာကိုပဲ အားနာရင်းကျေးဇူးတင်စိတ်လည်းဖြစ်ရသည်။

"ကောင်း ကားပါမလာဘူးလားဟင်"

"ဟုတ်တယ်ဘရဏီ၊ကိုယ့်ကားကပျက်နေလို့လေ အိမ်ကကားလာကြိုမှာပါ"

သူပြုံးပြရင်းပြောလိုက်တော့ ဘရဏီကလည်းပြန်ပြုံးပြလာကာ

"ကောင်းကိုဘရဏီ့ကားနဲ့လိုက်ခဲ့ဖို့တောင်ပြောတော့မလို့"

မကောင်းတတ်လို့ပြောတာလားတော့မသိပေ၊။ဘရဏီသူ့ကိုအခုတလောရှောင်နေသည်ဟုစိတ်ထဲထင်နေမိသည်။ကောင်းဘရဏီ့ကိုအားသာသလိုကြည့်ပြီး

"ဘရီဏီ့ကိုသက်သက်ဒုက္ခပေးသလိုဖြစ်နေပါ့မယ်"

ကောင်းပြောတော့ဘရဏီကရယ်သည်။ပြီးမှခပ်တည်တည်လေးဖြစ်သွားပြီး

"ကောင်းကို ဘရဏီတစ်ခါတည်းနှုတ်ဆက်ချင်လို့ပါ"

"ဘာကိုလဲဘရဏီ၊ကိုယ်သိပ်နားမလည်သလိုပဲ"

 My Possessive Step-broNơi câu chuyện tồn tại. Hãy khám phá bây giờ