Part-4

240K 19.5K 4.5K
                                    

(Z&U)

ညနေခင်းထမင်းဝိုင်းကလူစုံနေ၏ဦးခန့်ထည်ကစားပွဲရှည်ကြီး၏ထိပ်ဆုံးမှာထိုင်နေပြီး ဒေါ်နှင်းနှင်းရည်နဲ့ကောင်းကဘေးချင်းယှဉ်ထိုင်ကြသည်။ဒေါ်ပေါက်စနဲ့မိလှိုင်ကလိုအပ်တာတွေပြင်ဆင်ပေးဖို့ဘေးကရပ်စောင့်နေကြ၏မိသားစုထမင်းစားချိန်ဆိုလျှင်ဒေါ်ပေါက်စနှင့်မိလှိုင်သာအနားမှာနေခွင့်ရှိတာဖြစ်သည်။

ထမင်းတွေခူးခပ်ပြင်ဆင်ပြီးတာနဲ့ဒေါ်နှင်းနှင်းရည်က ဦးခန့်ထည်ကိုပန်းကန်ထဲကိုနူးအိနေတဲ့ အမဲသားနှပ်ကိုအရင်ဦးချ၏ထိုအချိန်မှာပဲ ခြားလည်းရောက်လာပြီးကောင်းနဲ့မျက်နှာချင်းဆိုင်မှာခပ်တည်တည်ဝင်ထိုင်သည်။ပြီးတော့ဘယ်သူ့ကိုမှအရေးတယူမော့မကြည့်။သူ့အတွက်အဆင်သင့်ပြင်ဆင်ထားတဲ့ဇွန်းနဲ့ခရင်းကို ကောက်ယူကာထမင်းပန်းကန်ထဲထိုးဆွသည်။ခြားဆံပင်တစ်ချို့ကခေါင်းလျှော်ပြီးစမို့ နဖူးပေါ်ဖရိုဖရဲကျနေ၏ဆံပင်ပုံစံကဘေးဘက်မှာတော့ခပ်ပါပါးဖြစ်သည်။ခြားကမလိုအပ်ပဲမျက်ခုံးတွေကိုတမင်တွန့်ချိုးထားကာover size T shirt အဖြူကိုကြိုးနှစ်ချောင်းပါတဲ့Short pantခဲရောင်ရင့်ရင့်နဲ့တွဲဝတ်ထားတာဖြစ်သည်။

ဟင်းပွဲတွေကိုစားပွဲနဲ့အပြည့်ပြင်ဆင်ထားပေမယ့်ခြားကစာသူ့ရှေ့မှာအဆင်သင့်ရှိနေတဲ့ဟင်းတွေကိုပဲခပ်စားသည်။မျက်နှာထားကလည်းတည်တင်းနေကာ အဖေဖြစ်သူဦးခန့်ထည်ကိုတောင် မနှုတ်ဆက်။ဦးခန့်ထည်ကသူ့ကိုတစ်ချက်မှအရေးမစိုက်တဲ့သားဖြစ်သူကိုကြည့်ပြီးချောင်းဟန့်လျှင်ခြားကတစ်ချက်ခေါင်းထောင်လာပြီးအဖေကိုကြည့်ကာ

"ဖေဖေ ဘာဖြစ်တာလဲ၊ချောင်းဆိုးနေလို့လား"

ခြားက တမင်ရွဲ့မေးလိုက်တာမို့ခန့်ထည်ကရှက်ရှက်နဲ့နောက်တစ်ကြိမ်ချောင်းထပ်ဟန့်သည်။

"အဟမ်း!"

ခြားကထပ်ပြီးဂရုမစိုက်တော့ပေ။သူ့ထမင်းသာသူဆက်စားသည်။ဘေးကအခြေအနေကိုအကဲခက်နေတဲ့ဒေါ်နှင်းနှင်းရည်ကမနေသာတော့။ခြားအတွက်သီးသန့်စီစဉ်ထားတဲ့ခြားကြိုက်တတ်တဲ့ဟင်းတွေကိုပန်းကန်ထဲကိုထည့်ပေးရင်း

 My Possessive Step-broWhere stories live. Discover now