Part-3

253K 19.2K 7.9K
                                    

Z&U

"ဟေ့ကောင်ခြား မင်းFatherကြီးကပြန်ခေါ်နေပြီဆိုတော့ မင်းဘာဆက်လုပ်မှာလဲ"

"ဘာဆက်လုပ်ရမှာလဲ ပြန်မှာပေါ့"

ခြားကအေးအေးဆေးဆေးပဲဖြစ်ကာ သူ့ရှေ့ကဘရန်ဒီခွက်ကိုကောက်မော့သည်။ခြားနဲ့ဘေးချင်းကပ်ရပ်မှာထိုင်နေတဲ့အိုက်မိုးကခြားကိုသေချာကြည့်ပြီး

"ဟေ့ကောင်ခြား၊ဝန်ခံလိုက်စမ်းပါကွာ၊ကျောင်းမပြီးသေးပဲမင်းချက်ချင်းကြီးကောက်ပြန်ချလာတာ'ကိုနေ့ရက်ကောင်း'နဲ့ဆိုင်တယ်မှလားဟေ့ကောင်"

ခြားကအလိုမကျသလိုသူ့မျက်ခုံးထင်းထင်းတွေကိုတွန့်ချိုးပစ်ရင်း

"စောက်ရေးမပါတာ"

ပြောပြီးစားပွဲပေါ်ကအာလူးကြော်တစ်ခုကိုတစ်ချွမ်းချွမ်းကောက်ဝါးသည်။အိုက်မိုးတို့ကခြားနဲ့ငယ်ငယ်လေးကတည်းကပေါင်းလာကြတာမို့ခြားအကြောင်းအတွင်းသိတွေဖြစ်ကြသည်။ခြားUSကိုကျောင်းသွားတတ်တော့လည်း ခြားအိမ်အကြောင်းတစ်ခုမကျန်ခြားကိုအကုန်တင်ပြကြသည်။'ကောင်း'တို့သားအမိအကြောင်းတွေကိုတော့ တစ်နေ့ချင်းကိုပြောပြရတာဖြစ်သည်။

ထို့ကြောင့်ခြားသိချင်သမျှတွေကိုအိုက်မိုးတို့အဖွဲ့ကစုံစမ်းပေးရကာ ခြားကလည်းသူတို့လိုချင်သမျှကိုဟိုကနေပို့ပေး၏ခြားကငယ်ငယ်လေးကတည်းကအိုက်မိုးတို့နှင့်သာပေါင်းသည်။ခြားကရေလည်းလျှံတော့အိုက်မိုးတို့ကလည်းခြားအကြိုက်လိုက်ကြတာမဆန်းတော့။ငယ်ငယ်လေးကတည်းကခြားနောက်လိုက်တွေဖြစ်လာခဲ့ကြသည်။

အိုက်မိုးပြောတာကိုမကျေနပ်သဖြင့် မျက်နှာကြီးတင်းနေတဲ့ခြားကိုကြည့်ပြီးမျက်နှာချင်းမှာထိုင်နေတဲ့'အားတီ'ကမဲ့သည်။

"မင်းဝန်ခံလိုက်စမ်းပါခြားရာ၊ကိုနေ့ရက်ကောင်း မိန်းကလေးတစ်ယောက်နဲ့ကြည်နေတယ်ဆိုတာနဲ့ မင်းချက်ချင်းပြန်ရောက်ချလာတာလေ မဟုတ်ဘူးလားဟေ့ကောင်တွေ"

"အားတီ မင်းသေချင်နေပြီလား ကျစ်!"

ခြားကချက်ချင်းခေါင်းထောင်လာပြီးမှ ခြေချိတ်ထိုင်ချလိုက်ကာစိတ်ပျက်သလိုနောက်တစ်ကြိမ်ဆိုဖာပေါ်ခပ်လျှောလျှောမှီချလိုက်ရင်း

 My Possessive Step-broWo Geschichten leben. Entdecke jetzt