Part-33(Unicode)

346K 20K 21.8K
                                    


"ဖေဖေ ခြားကလေ"

"ခြားဘာမှမဖြစ်ဘူးသား သွေးထွက်လွန်ပြီးသတိလစ်သွားရုံပါပဲ၊ဒဏ်ရာကနက်တယ်ဆိုပေမယ့် တအားဆိုးဆိုးရွားရွားကြီးမဟုတ်ပါဘူးတဲ့၊ကွဲသွားတဲ့နေရာကိုလည်းသေချာချုပ်ထားပြီးပြီ၊သူ မကြာခင်သတိပြန်ရလာမှာပါ!"

ကောင်းမျက်နှာက စိုးရိမ်ထိတ်လန့်စိတ်တွေကိုဦးခန့်ထည်အတိုင်းသားမြင်နေရသည်။ကုတင်ပေါ်မှာ သတိလစ်မေ့မျောနေသည့်ခြားလက်တစ်ဖက်ကိုလည်းမလွှတ်တမ်းဆုပ်ကိုင်ထားရှာ၏မေတ္တာဟာရောင်ပြန်ဟပ်တတ်သလားမသိပေမယ့် ဒီကလေးတွေတစ်ယောက်စိတ်ကိုတစ်ယောက်နားလည်နေကြပြီထင်ပါသည်။

နှင်းကတော့အစကတည်းက နားလည်တတ်သူမို့ သူ့သားအကြောင်းသူနားလည်နေသလိုပင်။ကောင်းသူတို့ရှေ့မှာတင် ဟန်ဆောင်ဖို့ မေ့နေသည်အထိခြားအပေါ်စိုးရိမ်နေတာကိုနားလည်သလိုလေးကြည့်နေ၏

"သူသတိလစ်နေတာ နှစ်ရက်တောင်ရှိနေပြီဖေဖေ"

"အင်း....၊သူသတိပြန်ရလာမှာပါ၊မေ့ဆေး​လည်းနည်းနည်းသုံးထားရတော့ သူခုချိန်ထိအိပ်နေတဲ့သဘောပါတဲ့၊တအားလည်းမစိုးရိမ်ပါနဲ့သားရယ်၊သူ နိုးလာမှာပါ"

ကောင်းရင်ထဲမီးခဲမြိုချထားရသလို ပူလောင်နေသည်။ခြားကိုအခုလိုအခြေအနေနဲ့မြင်ရလိမ့်မယ်လို့ သူတစ်သက်နဲ့တစ်ကိုယ်တစ်ခါမှမထင်ဖူးခဲ့။ခြားက ငယ်ငယ်ကတည်းကသိပ်သန်မာတဲ့ကလေး။ဘယ်သူနဲ့ယှဥ်ယှဥ် သူကအနိုင်ရခဲ့တာချည်းသာ။အခုတောင်တစ်ယောက်နဲ့အများမို့ သူခံလိုက်ရတာ။

"ဖေဖေ ဓူဝံ့ကို!"

"သားဘယ်လိုဖြစ်စေချင်လဲသား!"

"ခြားကိုသူ ထပ်အန္တရာယ်ပြုလာမှာစိုးတယ်ဖေဖေ"

"ဖေဖေ့သူ့ကိုနောက်ထပ် နှောက်ယှက်ခွင့်မပြုဘူးသား!"

ဒေါ်နှင်းနှင်းရည်က မနေသာတော့ကောင်းပခုံးလေးကိုဖျစ်ညှစ်ဆုပ်ကိုင်လာပြီး

"သားဘက်ကလည်း အဲ့ဒီကောင်လေးနဲ့ထပ်မပတ်သတ်တော့ဖို့ လိုတယ်သား၊ခြားအဲ့ကောင်လေးဆီကို စိတ်လိုက်မာန်ပါနဲ့ထလိုက်သွားတာ သားကြောင့်မှလား!"

 My Possessive Step-broWhere stories live. Discover now