Part-7

252K 17.8K 4.9K
                                    

(U&Z)

တစ်ပတ်ကျော်လောက်မလှုပ်မရှားပဲသေချာနားလိုက်မှ သူ့ခြေထောက်တွေလည်းအကောင်းပကတိပြန်ဖြစ်လာခဲ့သည်။ကောင်းရုံးသွားဖို့အဆင်သင့်ဖြစ်တာနဲ့အောက်ထပ်ကိုဆင်းလာလိုက်လျှင် ထမင်းစားခန်းထဲမှာ'ခြား'ကအရင်ရောက်နှင့်နေ၏သူ့ကိုကြည့်ပြီးရုတ်တရတ်အံ့အားသင့်သွားမိသေးသည်။တခါတလေခြားကမွန်းလွဲလောက်မှအိပ်ရာထတတ်တာဖြစ်သည်။ဒီနေ့မှဘယ်လိုဖြစ်လို့အစောကြီးနိုးနေတာတဲ့လဲ။

ကောင်းသူနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်သည်။တစ်အိမ်တည်းအတူနေတာမို့ရှောငလို့လည်းလွတ်မှာမဟုတ်။သူပြဿနာရှာချင်ရင်ဘယ်လောက်ပဲရှောင်ရှောင် မရရအောင်လိုက်ရှာတာပဲဖြစ်သည်။ပြီးတော့ကိုယ်ကအလုပ်ရှိသေး၏ရုံးမတက်တာလည်းတစ်ပတ်ကျော်နေပြီမို့ ရုံးမှာအလုပ်တွေကလည်းပုံနေပြီ။

ကောင်းမိလှိုင်တို့အဆင်သင့်ချပေးထားတဲ့ပန်းကန်ကိုမှောက်လှန်လိုက်ပြီးသူ့ဘေးရောက်နေတဲ့Coffeeအိုးကိုဆွဲယူကာ ကိုယ့်ဘာသာကိုယ်ပဲငှဲ့လိုက်သည်။ရုံးကိုနည်းနည်းစောရောက်ချင်တာကြောင့် မိလှိုင်လာငှဲ့ပေးဖို့ကိုမစောင့်နိုင်တော့။အလျင်လိုနေတဲ့သူ့ကိုတစ်ချက်လှမ်းကြည့်ပြီးခြားကသူ့Coffeeကိုအေးအေးဆေးဆေးဆက်သောက်သည်။ဒီနေ့တော့ကောင်းကိုရန်စတဲ့စကားတစ်ခွန်းမှဟမလာသေး။

ခြားကကော်လံမပါတဲ့Free shirtအဖြူကိုအပေါ်ကြယ်သီးတွေဖြုတ်ဝတ်ထားကာလက်ဖျားတွေပါခေါက်တင်ထားတာမို့လက်မှာဝတ်ထားတဲ့Platinum braceletကအတိုင်းသားမြင်နေရသည်။နောက်ပြီးခြေမျက်စိလောက်အထိပဲရှည်သည့်Crop pantအနက်နဲ့half shoeအဖြူစီးထားတာကြောင့်ခြားအရပ်ကြီးကပိုရှည်နေသလိုပင်။ဘာလဲ ဒီကောင်စောစောစီးစီးအပြင်ထွက်မလို့လား။

ကောင်းသောက်လက်စCoffeeကိုလက်စသတ်ပြီးတာနဲ့ ကားပါကင်ဆီထွက်လာလိုက်သည်။သူထထွက်လာတဲ့အချိန်ထိခြားကCoffeeသောက်ရင်းကျန်ခဲ့၏ရုံးကဒီနေ့မှပြန်တက်ရမှာမို့ ကားကိုမနေ့ကတည်းကဖိုးအေးကိုသေချာစစ်ဆေးခိုင်းထားရသည်။အိမ်မှာ ကားအပိုတွေလေးငါးစင်းရှိပေမယ့် ကောင်းကသူ့ကားသူသာအမြဲသုံးသည်။မေမေ့ကားကိုတောင်ယူမမောင်းဖြစ်။

 My Possessive Step-broWhere stories live. Discover now