Part-26(Unicode)

261K 19.6K 11.2K
                                    


ဖြောင်း!

ဦးခန့်ထည် သားဖြစ်သူမျက်နှာကိုအားကုန်ရိုက်ချလိုက်တာမို့ခြားမျက်နှာလည်ထွက်သွား၏ဖအေပြောစကားကိုဘယ်တော့မှနားမထောင်တဲ့ကောင်။

"မင်းကို အဲ့လိုကောင်တွေနဲ့မပတ်သတ်ဖို့ပြောခဲ့တာ အခုလိုတွေဖြစ်လာမှာစိုးလို့ပဲ"

"ကျွန်တော်ကိစ္စ ကျွန်တော်ရှင်းနိုင်တယ်ဖေဖေ"

"မင်း ကောင်းကိုအရင်ကွာရှင်းပေးလိုက်၊ပြီးမှမင်းနေချင်သလိုနေ"

"ကျွန်တော်ကသူ့ကိုဘာလို့ကွာရှင်းပေးရမှာလဲ"

"ကောင်းကမင်းနဲ့ကွာရှင်းပေးဖို့ငါ့ကိုလာပြောသွားတယ်၊တခြားကောင်အိပ်ရာထဲ ရောက်နေတဲ့ယောင်္ကျားကိုဘယ်သူကဆက်ပေါင်းချင်မှာလဲကွ၊သိသာသိစေမမြင်စေနဲ့ ဆိုတဲ့စကားမင်းကြားဖူးမှာပါ၊မင်းခွင့်ပြုချက်မရပဲနဲ့အဲ့ကောင်လေးအဲ့လိုတွေတင်မလား"

"မဟုတ်ဘူး ဖေဖေ"

"ဘာကိုမဟုတ်တာလဲ၊ကောင်းတစ်ယောက်လုံးရှိနေရက်နဲ့ မင်းအဲ့ကောင်လေးကိုdinnerတွေခေါ်လာတယ်၊တွဲသွားတွဲလာတွေလုပ်ပြတယ်၊ကောင်းကိုမင်းမုန်းလို့ယူထားတာမှလား၊အခုကောင်းလည်းအရှက်ကွဲနေပြီ၊မင်းဒီလောက်နဲ့ပဲ ကျေနပ်လိုက်တော့၊ကောင်းကိုလွှတ်ပေးလိုက်တော့"

ပြောပြီးဦးခန့်ထည်တစ်ဖက်လှည့်သွားသည်။ခြားမျက်နှာကမထားတတ်အောင်ပျက်နေကာ စိတ်ရှုပ်ထွေးနေသလို တွေတွေကြီးရပ်နေသည်။လည်ဇလုပ်က လိုတာထက်ပိုလှုပ်ခတ်နေပြီး အသက်ရှူသံတွေပါမြန်နေ၏

"ငါ့ကိုကောင်းအကုန်ပြောပြပြီးပြီ၊မင်းအဲ့ကောင်လေးကို မပြတ်နိုင်လို့ဆက်တွဲတာ မတွဲတာကမင်းတို့အပိုင်း၊တရားဝင်ယူဖို့အထိတော့ ငါခွင့်မပြူနိုင်ဘူးခြား၊မင်းတို့ဘာသာနောက်ကွယ်မှာ ဘယ်လိုနေနေ"

"ဖေဖေ!"

ခြားဆောင့်အော်တော့ ဦးခန့်ထည်မျက်မှောင်ကြုတ်နဲ့ပြန်လှည့်လာသည်။

"မင်းဘာကိုမကျေမနပ်ဖြစ်နေတာလဲ၊အခုမင်းဖြစ်ချင်တာတွေဖြစ်နေတာမဟုတ်ဘူးလား၊မင်းတွဲချင်တဲ့ကောင်နဲ့တရားဝင် တွဲလို့ရနေပြီ၊ကောင်းလည်းမင်းဖြစ်စေချင်သလို အရှက်ရနေပြီ၊မင်းကောင်းကို ဒီလောက်နှိပ်စက်ရတော်တော့ပေါ့"

 My Possessive Step-broWhere stories live. Discover now