Part-22

274K 17.9K 10.1K
                                    

(U&Z)

Birthday Partyက C9 Hotel၏Second floorမှာဖြစ်သည်။DJ musicနှင့်ရောင်စုံမီးတွေကြားကုန်ခုန်နေသူတွေကတစ်ဖက်ခြမ်းမှာဖြစ်ပြီး နောက်တစ်ဖက်ခြမ်းကဘူဖေးခင်းကျင်းပြင်ဆင်ထားတာဖြစ်သည်။ရာဇာကအပျော်ကြိုက်သူမို့danceကမပါမဖြစ်။Top One Group၏CEOမွေးနေ့ဖြစ်သဖြင့် စီးပွားရေးလုပ်ငန်းရှင်တော်တော်များများတက်ရောက်လာကြ၏

ပြီးတော့ရာဇာက ရုပ်ရှင်ထုတ်လုပ်ရေးProducerလည်းဖြစ်တာကြောင့် Actorsအများအပြားနှင့်Modelတစ်ချို့လည်းသူ့မွေးနေ့ကိုရောက်လာကြသည်။Make up Artistတစ်ချို့က သူမတို့Modelsမလေးတွေကို လူလတ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်တစ်ချို့နှင့်မိတ်ဆက်ပေးသည်။ထိုအထဲမာမီဆွေဆိုသူက Modelမိန်းကလေးတစ်ယောက်အား လူငယ်လုပ်ငန်းရှင်ဂုဏ်မြတ်မင်းသန့်အနားခေါ်လာပြီး ဖက်လှဲတကင်းနှုတ်ဆက်၏ပြီးမှ

"သမီးရေဒါကAsia Myanmarလုပ်ငန်းစုကသားအငယ်ဂုဏ်မြတ်မင်းသန့်တဲ့"

"ဟုတ်ကြားဖူးပါတယ်၊ညီမနာမည်ကGraceပါ"

"ဂုဏ်ရေ မာမီ့သမီးကခုမှ19နော်၊ဂုဏ်နဲ့ဆိုညီမလေးပေါ့၊ဂုဏ့်ကိုပဲမာမီအကူအညီတောင်းရတော့မယ်သိလား၊မာမီ့သမီးလေးကို ခဏဂရုစိုက်ပေးထားပါဦးသားရယ်၊မာမီ့bffရောက်နေတယ်ဆိုလို့လေ ခဏလေးသွားတွေ့လိုက်ချင်လို့ပါ"

"ဆွေဆွေ ကိုယ့်ကိုယုံမယ်မလား"

"ယုံပါတယ်ဂုဏ်ရယ် ယုံလို့အပ်ခဲ့တာပေါ့လို့"

ဂုဏ့်လက်မောင်းကိုချစ်စနိုးပုတ်ခဲ့ပြီးမာမီဆွေထွက်သွားတော့ ဂုဏ်နဲ့ကောင်မလေးစကားရပ်ပြောကြသည်။ဂုဏ်ကဖြူဖြူဖြောင့်ဖြောင့်နှင့်လူချောတစ်ယောက်ပဲဖြစ်ကာ ခြားတို့ဓူဝံတို့နဲ့ အထက်တန်းမှာတစ်ကျောင်းတည်းတက်ခဲ့ကြတာဖြစ်သည်။ငယ်ရွယ်အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်မို့ မိန်းကလေးအများစုစိတ်ဝင်စားခြင်းခံရသူလည်းဖြစ်၏ဂုဏ်ကလည်းမခေပါ။

"ကိုယ့်ကုမ္ပဏီက ဒီတစ်ခေါက်ထုတ်ကုန်ကျရင် Graceကိုအကူအညီတောင်းချင်တယ်ဖြစ်မလား"

"ဒီလိုဆိုတော့လည်း ကူညီပေးရမှာပေါ့"

"ဟား ဟား တစ်ကယ်ကြီးလား၊ကိုရာဇာကနေတဆင့်ပြောခိုင်းစရာမလိုတော့ဘူးပေါ့"

 My Possessive Step-broWhere stories live. Discover now