Part-31(Unicode)

299K 18K 14.7K
                                    

"Congratulation!ကောင်းနဲ့ဓူဝံ"

"ဟုတ်ပါပြီဗျာ Cheer!"

ဓူဝံ့၏စကားအဆုံး Partyတက်လာကြသည့်Partnerအားလုံးက သူတို့ကိုင်ထားသည့်ရှန်ပိန်ခွက်တွေကို ကိုင်မြှောက်လိုက်ကြပြီးခွက်ချင်းတိုက်ကြသည်။ထိုအထဲကောင်းမပါ။ဓူဝံ့မျက်နှာကချင်ချင်းအရောင်ပြောင်းသွားပြီး

"အကို ဘာဖြစ်လို့လဲ"

"ကိုယ် အရမ်းပြင်းတာတွေမသောက်တတ်လို့ပါ"

"ကောင်းဘာဖြစ်လို့လဲ ဟေ့ကောင်"

ရာဇာ့အသံက ရေချိန်ကိုက်နေသလိုခပ်လေးလေးဖြစ်နေကာ

"မင်းတို့ပွဲလေကွာ၊နည်းနည်းတော့သောက်ပါဟ့"

"ရာဇာ ငါ!"

"လုပ်မနေနဲ့ဟေ့ကောင် ဒီတစ်ခွက်တော့မင်းသောက်ရမှာလာ Cheer!"

ထိုအခါမှကောင်းက သူ့လက်ထဲကိုင်ထားသည့်ရှိန်ပိန်ခွက်ကိုတစ်ကြိုက်တည်းကောက်မော့သည်။ရှိန်ပိန်သောက်ပြီးတာနဲ့ကောင်းမျက်နှာလေးက ချက်ချင်းပန်းရောင်သန်းလာသလိုပင်။Suitအနက်ဝတ်ထားသဖြင့် ကောင်းအသားအရည်က ဖြူမှန်းပိုသိသာနေကာအားလုံးထဲထင်ပေါ်နေ၏

ကောင်းမျက်နှာထားက တည်တင်းတင်းလေးဖြစ်နေပေမယ့် အရက်ရှိန်ကြောင့်ပန်းနုရောင်​လေးပြေးနေသည်။ကောင်းမျက်နှာလေးကိုကြည့်ပြီး ဓူဝံကလှစ်ခနဲပြုံးသည်။သူနဲ့ကိုနေ့ရက်တွဲလုပ်သည့်Projectက အခုမှပထမဆုံးအကြိမ်အောင်မြင်ခွင့်ရတာဖြစ်သည်။ဒါတောင်ခြားဆိုတဲ့ကောင် ထပ်မနှောက်ယှက်တော့လို့ဖြစ်၏

အဲ့ကောင်စီးပွားရေးလောကထဲကိုသူတို့ထက်နောက်ကျပြီးမှရောက်လာပေမယ့် လူရည်လည်သည်။သူ့အဖေရဲ့အရှိန်အဝါကြောင့်လည်းပါလိမ့်မည်ထင်သည်။တစ်နှစ်ဆိုတဲ့အချိန်တိုအတွင်းအောင်မြင်လာတာနေရာတိုင်းဒီကောင်နဲ့မလွတ်။အခုဆိုသူ့ရှယ်ယာမပါတဲ့ စီးပွားရေးလုပ်ငန်းမရှိသလောက်ဖြစ်လာ၏

"ဟေ့ကောင်ဓူဝံ မင်းမျက်နှာကြီးကဘာဖြစ်နေတာလဲ၊လာစမ်းပါဟ့ ဒီနေ့အပီကဲရအောင်ပါ၊မင်းနဲ့ကောင်းရဲ့ပထမဆုံးအောင်မြင်မှုမှလား၊ငါမင်းတို့ကိုတစ်ကယ်ဂုဏ်ယူတယ် ငါ့ကောင်တွေ၊နောက်လည်းအခုလိုPartyတွေအများကြီးပေးနိုင်ပါစေဗျာ!"

 My Possessive Step-broजहाँ कहानियाँ रहती हैं। अभी खोजें