Part-5

233K 17.7K 4.1K
                                    

(Z&U)

ကျောက်သားစားပေါ်ပွဲက တစ်ဒီးဒီးမြည်နေတဲ့ဖုန်းသံကြောင့်ကောင်းလန့်နိုးလာ၏ရုံးပိတ်ရက်မို့ ကောင်းခြံထဲဆင်းပြီးအနားယူနေတာဖြစ်သည်။dreambedပေါ်မှာစာအုပ်ဖတ်နေရင်း မှေးခနဲခဏအိပ်ပျော်သွားပုံပင်။ကောင်းသူ့မျက်လုံးတွေကိုပွတ်သတ်ပြီးစားပွဲပေါ်ကဖုန်းကိုလှမ်းယူလိုက်ကာ

"ပြော နေကိုး"

"အကိုProjectအတွက်Dataတွေကိုအကို့ဆီကျွန်တော်အခုပဲMailနဲ့လှမ်းပို့လိုက်တယ်၊စစ်ကြည့်ဦးမလားအကို၊အကိုမအားရင်လည်းဒီတိုင်းထည့်ပေးလိုက်ရမလား"

ခြံထဲဆင်းပြီးအနားယူရုံသက်သက်မို့ကောင်းလက်ထဲMac bookကပါမလာခဲ့။သူ့PAနေကိုးက အလုပ်လုပ်တဲ့နေရာမှာတိကျပေမယ့်ကောင်းကလည်းအကျင့်အတိုင်းဘာကိစ္စဖြစ်ဖြစ်ကိုယ်ကအရင်စစ်ဆေးပြီးမှသာစိတ်ချလက်ချလက်လွှဲပေးဖြစ်တာများသည်။

"ဒါဆိုခဏနေလိုက်ဦးနေကိုး၊ငါအရင်စစ်ကြည့်လိုက်မယ်၊ပြီးမှအကြောင်းပြန်မယ် ဟုတ်ပြီလား"

"ဟုတ်အကို၊ဘာမှာစရာရှိသေးလဲ"

"စစ်ပြီးတာနဲ့မနက်ဖြန်ထိစောင့်မနေနဲ့တော့ပဲ ဒီနေ့ပဲပို့လိုက်လို့ရမလား"

"ဒီနေ့ပို့ဖို့ဆိုရင် အကိုခုချက်ချင်းစစ်ပေးမှရမယ်ထင်တယ်၊အဆင်ပြေပါ့မလား၊မဟုတ်လည်းမနက်ဖြန်မှ!"

"ရတယ်၊ငါခုပဲစစ်ပေးလိုက်မယ်"

"ဟုတ်အကို၊ဒါဆိုခဏနေမှ ပြန်ဆက်သွယ်လိုက်မယ်"

"အေး"

ဖုန်းကျသွားတာနဲ့ ကောင်းနေရာမှထကာအိမ်ဘက်ကိုဦးတည်လိုက်ပြီးရေကူးကန်ဘောင်ပေါ်ကဖြတ်လျှောက်လာတော့ မိလှိုင်အပါအဝင်မိန်းကလေးသုံးလေးယောက်ကလည်းတိုက်ကြီးထဲကနေbrushကိုယ်စီကိုင်ရင်း ရေကူးကန်ရှိရာဘက်ကိုအဖွဲ့လိုက်ကြီးလျှောက်လာကြတာဖြစ်သည်။သူမတို့ကလည်းထုံးစံအတိုင်းရေကူးကန်သန့်ရှင်းရေးလုပ်ဖို့အတွက်ထင်သည်။

မိလှိုင်တို့အဖွဲ့ကအမှတ်မထင်ကောင်းကိုမြင်သွားကြတော့ နေရာမှာပဲကြောင်ကြည့်နေကြ၏ပါးစပ်ကိုလက်ကလေးနဲ့ကာ ကာရှက်သွားသလိုခေါင်းငုံ့သူကလည်း ငုံ့သည်။ကောင်းသူမတို့ကိုဂရုမစိုက်နိုင်။Mailစစ်ဖို့ကိုပဲ စိတ်စောနေတာကြောင့်ရေကူးကန်ဘောင်ပေါ်ကနေ အိမ်ဘက်ကိုလှည့်ထွက်ဖို့လုပ်လိုက်လျှင်

 My Possessive Step-broWhere stories live. Discover now