Part-28(Unicode)

240K 18K 7.2K
                                    

"ထွက်သွားဖို့အထိတော့မဆုံးဖြတ်လိုက်ပါနဲ့မောင်လေးရယ်၊အမေလည်းခုမှသတိရလာခါစမှလား၊ကောင်းထွက်သွားမယ်ဆို အမေဘယ်စိတ်ကောင်းပါ့မလဲ၊ပြီးတော့ ဖေဖေရော အမရောရှိနေတဲ့အချိန်မှာ ကောင်းကိုဒီအတိုင်းကြီးထွက်သွားခိုင်းဖို့ခွင့်ပြုမပေးလိုက်နိုင်ဘူး"

"ဟို ကျွန်တော်ပြောတာကမေမေနေပြန်ကောင်းမှပါ"

ကောင်းမျက်နှာလေးကသုန်မှုန်နေ၏အသားဖြူလွန်းသူမို့ နှာခေါင်းထိပ်ဖျားလေးတွေ၊နှုတ်ခမ်းလေးတွေကအစပန်းရောင်သန်းနေသည်။ခြားနှယ်ထားတဲ့အချိန်တွေဆိုပိုတောင်သိသာသေး၏မျက်ခုံးထင်းထင်းလေးတွေကအစ အလိုမကျသလိုတွန့်ချိုးထားတာတောင် ကောင်းကမှုန်နေအောင်ချောသူဖြစ်သည်။

"အမေနေပြန်ကောင်းပြီဆိုလည်း ကောင်းထွက်သွားစရာမလိုပါဘူး၊ကောင်းဘယ်ကိုပဲထွက်သွားသွားခြားကလိုက်ရှာနိုင်တယ်ကောင်း၊ကောင်းကိုသူဒီအတိုင်းလွှတ်လိုက်မယ်ထင်နေတာလားဟင်၊ကောင်းသူနဲ့လက်မထပ်ရသေးခင်ကတောင် သူကောင်းကိုဘယ်လိုရအောင်ယူထားလဲ သိရဲ့သားနဲ့မောင်လေးရယ်၊ခြားဆိုးတာကို မတော်ဝင်တို့လည်းသိပါတယ်၊ကောင်းစိတ်ဆိုးမယ်ဆိုလည်း ဆိုးချင်စရာဖြစ်နေခဲ့တာကို၊ဒါပေမယ့်လေ ကောင်းကိုခြားကတစ်ကယ်ချစ်ရှာတာပါကွယ်"

တော်ဝင်ပြောတော့ကောင်းမျက်လုံးလေးတွေလက်ခနဲဖြစ်သွားပြီး ရှက်သွားသလိုမျက်တောင်တွေကိုတစ်ဖျတ်ဖျတ်ခတ်၏သူမအထင် ကောင်းလည်းခြားအပေါ်ခံစားချက်ရှိနေပြီထင်ပါသည်။တစ်ကယ်တော့ကောင်းက ခြားကိုစိတ်ကောက်နေတာ။သူ့အလုပ်မှန်သမျှလိုက်ဖျက်နေမှတော့ ဘယ်သူကကြည်ဖြူတော့မလဲ။ကောက်တော့လည်းကောက်ချင်စရာဖြစ်နေခဲ့သည်ပဲ။

တော်ဝင် ကောင်းလက်နုနုလေးပေါ်ကနေထပ်ကိုင်လိုက်ပြီး

"မတော်ဝင်ကောင်းကိုတစ်ခုလောက်ပြောချင်သေးတယ်"

"ဟုတ်ကဲ့ပြောပါ မတော်ဝင်"

"မတော်ဝင်ကိုယ်တိုင်လည်း ငယ်ငယ်ကဖေဖေ့အပေါ်ခြားလိုပဲငြိုငြင်ခဲ့ဖူးတယ်၊ဒါပေမယ့်လေ အန်တီနှင်းကအမထင်သလိုမိထွေးမျိုးမဟုတ်ခဲ့ဘူး၊အန်တီနှင်းက ဖေဖေ့အတွက်ဇနီးကောင်းတစ်ယောက်ဖြစ်ခဲ့သလို မတော်ဝင်တို့မောင်နှမအပေါ်မှာလည်းအမေတစ်ယောက်လိုပါပဲ၊ကောင်းရှေ့မှာမို့လို့ ပြောနေတာမဟုတ်ဘူးနော်၊နောက်ဆုံးအန်တီနှင်းကို မတော်ဝင်အမေတစ်ယောက်လိုသတ်မှတ်နိုင်ခဲ့တယ်၊ကောင်းကိုလည်းမောင်လေးအရင်းတစ်ယောက်လိုမတော်ဝင်ချစ်တယ်"

 My Possessive Step-broWhere stories live. Discover now