Part-2

300K 21.2K 8.8K
                                    

(Z&U)

Villaဆန်ဆန်အငွေ့အသက်တွေနဲ့တည်ဆောက်ထားတာမို့ သုံးထပ်တိုက်ကြီးကအပြင်ကကြည့်ရင်တောင်လိုက်မမှီနိုင်လောက်အောင်ကြီးကျယ်ခမ်းနားနေတာဖြစ်သည်။ထို့အပြင်တိုက်ကြီး၏သုံးထပ်လုံးမှာမှန်နံရံတွေချည်းသာအပြည့်တပ်ဆင်ထားသေး၏တိုက်ကြီး၏ဘေးကနေလှည့်ထွက်လိုက်တာနဲ့ပြာလွင်လွင်ရေကူးကန်ဆီတန်းရောက်သည်။

dream bedတွေအစီအရီချခင်းထားတဲ့ရေကူးကန်ဘောင်မှာတော့ မိလှိုင်အပါအဝင်အိမ်အကူမိန်းကလေးတစ်ချို့ဆပ်ပြာဆီတွေလောင်းချကသန့်ရှင်းရေးလုပ်နေကြသည်။အခန်းပေါင်းများစွာနဲ့ပါဝင်ဖွဲ့စည်းထားတဲ့သုံးထပ်တိုက်ကြီးဖြစ်တာကြောင့် အိမ်အကူတွေချည်း10ယောက်မကထားရသည်။သူမတို့အားလုံးထဲမိလှိုင်ကစီနီယာလိုဖြစ်နေ၏ပြီးတော့မိလှိုင်ဒေါ်ကြီးဒေါ်ပေါက်စကဦးခန့်ထည်တို့မိသားစု၏အရေးပေးခြင်းခံထားရသူလည်းဖြစ်သည်။မိလှိုင်ကိုယ်တိုင်ကလည်းပျော်ပျော်နေတတ်သူမို့အားလုံးကချစ်ခင်ကြသည်။

ထိုကြောင့်ဦးခန့်ထည်တို့မိသားစု၏အတွင်းရေးတစ်ချို့ကိုသိချင်လာပြီဆို သူမတို့အားလုံးမိလှိုင်ကိုသာကပ်မေးကြရသည်။အခုလည်းဒီအိမ်ကြီး၏အရှင်သခင်ဖြစ်သူ'သီးခြားနိုင်ငံ'ပြန်လာတော့မယ်ဆိုတော့ သူမတို့အားလုံးစိတ်ဝင်စားနေကြသည်။ထို့ကြောင့် အိမ်အကူထဲကစပ်စုတတ်တဲ့သင်းသင်းမှစ၍

"ဟိုလေမမိလှိုင်၊ဘဘကြီးသားအငယ်ဆိုတာလေ ကိုလေး'သီးခြားနိုင်ငံ'ဆိုလားပြန်ရောက်နေပြီဆိုတာတစ်ကယ်လားဟင်"

မိလှိုင်ကသူမရဲ့ဂုတ်ပေါ်ဝဲကျနေတဲ့ဆံပင်တစ်ချို့ဟန်ပါပါရမ်းခါလိုက်ရင်း

"အေးဆို၊နင်တို့ကို ငါပြောထားရဦးမယ်၊ကိုလေးခြားကစိတ်တအားဆတ်တယ်နော်၊ငါ့ဆိုငယ်ငယ်ကတည်းကနားရင်းရိုက်ခံရတာခဏ ခဏပဲ"

"ရှင်!၊ကျမတို့ကိုလည်း အရိုက်ခံရမှာလားဟင်"

အိမ်အကူလေးတွေထဲ အလွန်ကြောက်တတ်သူစံပါယ်ကလှမ်းမေးလိုက်ခြင်းဖြစ်သည်။မျက်နှာလေးကလည်းဇီးရွက်လောက်သာကျန်တော့၏မိလှိုင်ကခုကတည်းကကြောက်နေသူ စံပါယ်ကိုလှမ်းကြည့်ကာ

 My Possessive Step-broWhere stories live. Discover now