အခန်း၉၁ (ကြေးမြင့်တဲ့ပေးချေမှု)

Start from the beginning
                                    

အဖေ လျို့ကောက သမီးကို ပြဿနာရှာနေတာ မဟုတ်ပါဘူး အမှန်တော့ သူက သမီးကို အနိုင်ကျင့်တဲ့လူတွေဆီက ကယ်ပေးခဲ့တာ!
အဲ့ဒီနောက်မှာတော့ သူမအဖေကို သူကြုံတွေ့ခဲ့ရတဲ့ သည်းထိပ်စရာ ဇာတ်လမ်းအကြောင်းကို အကျယ်တဝင့် ရှင်းပြလိုက်တယ်။ ယွီဟိုင်က သူမလက်ကိုဆွဲပြီး ခေါင်းအစခြေအဆုံး စစ်ဆေးတော့တယ်။ အကုန်ပုံမှန်ဖြစ်နေတာကိုတွေ့မှ အနည်းငယ် စိတ်အေးသွားပြီး
ဆိပ်ကမ်းဆိုတဲ့နေရာက လူပေါင်းစုံနဲ့ ဒါကြောင့် နောက်တစ်ခါ ဘယ်တော့မှ တစ်ယောက်တည်း လျှောက်မသွားနဲ့တော့! နောင်ကြီးရေ စောနက ရိုင်းပျမိတဲ့အတွက် တောင်းပန်ပါတယ် ကျွန်တော့်သမီးကို ကူညီပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်!

လျို့ကောရဲ့မျက်နှာက ပုံမှန်အတိုင်းပဲ ခံစားချက်မဲ့နေပြီး အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းကိုသာ တစ်ချက်ညိတ်ပြတယ်။ ပြီးတော့ အဘိုးလျိုကိုစကားပြောဖို့ သူ့ပါးစပ်ကို ပထမဆုံးအကြိမ် ဖွင့်ဟလိုက်တယ်။
ကျွန်တော့ကို ခေါက်ဆွဲဟင်းရည်တစ်ပွဲပေးပါ ပဲမှုန့်ခေါက်ဆွဲမထည့်နဲ့

အဘိုးလျိုက ပန်းကန်လုံးလေးထဲက မုန့်သားတချို့ကို လျင်မြန်စွာ ဖဲ့ယူလိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ပဲ မုန့်သားကိုလိမ့်ပြီး အပိုင်းလေးတွေဖြစ်အောင် ဖြတ်လိုက်တယ်။ အချိန်တိုတွင်းမှာပဲ အရသာရှိတဲ့ ခေါက်ဆွဲတစ်ပွဲ ရရှိသွားတယ်။

ထိုအချိန်မှာပဲ ယွီဟိုင်က သူတို့ခြင်းတောင်းထဲက ဝက်ခေါင်းသားနှပ်တစ်ထုပ်နဲ့ ငါးချဉ်တစ်ပွဲကို ထုတ်လိုက်ပြီး လျို့ကောရဲ့ ပန်းကန်တွေရှေ့မှာ ချလိုက်တယ်။
နောင်ကြီး ဒီဟင်းနှစ်ပွဲကို ခေါက်ဆွဲနဲ့အတူ သုံးဆောင်ပါ စောစောက ကျွန်တော့သမီးကို ကယ်ခဲ့တဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ပါ

လျို့ကောရဲ့မျက်ခုံးတွေ အနည်းငယ် ပင့်တက်သွားပေမယ့် ကျွေးတာကိုတော့ မငြင်းလိုက်ပေ။ ဒါပေမယ့် သူစားပြီး ထွက်သွားတဲ့အချိန်မှာတော့ စားပွဲပေါ်မှာ ကြေးပြားနှစ်ပြားကို တင်ပေးသွားခဲ့တယ်။ ယွီဟိုင်က ထိုကြေးပြားတွေကို မြင်တဲ့အခါ သူ့နောက်ကိုလိုက်ပြီး ပြန်ပေးချင်ပေမယ့် ရှောင်ချောင်းက တားလိုက်တယ်။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now