"မင်ထန်း အိမ်ကြီးက အကြီးကြီးပဲနော်။
ပြီးတော့မိုက်လည်း မိုက်တယ် ဟီး။"

ဟိုဟိုဒီဒီလျှောက်ကြည့်အပြီး အောက်ထပ်သို့အဆင်းလီဝူရန်က ဖြူစင်စွာပြုံးပြရင်းပြောလာသည်။ချိုက်မင်ထန်းကတော့ဘာမှပြန်မပြောပဲ ပြုံးလျက်သာခေါင်းညိတ်ပြသည်။

"ဒါနဲ့မင်ရန် မင်းကအထက်တန်းပြီးရင် တက္ကသိုလ်ကိုAမြို့မှာပဲတက်မှာလား ဒါမှမဟုတ်
ပြည်ပကိုသွားပြီးတက်မှာလား"
ဝူရန်၏အမေးစကားသံတွင် ဝမ်းနည်းမှုအနည်း
ငယ်ပါနေသည်ဟုခံစားရသည်။

"မဟုတ်ဘူး။ဒီမြို့မှာဘဲ ဆက်တက်မှာ။
ပြည်ပကအဆင့်​မြင့်တက္ကသိုလ်တွေက ဘယ်လောက်ပဲကောင်းပါတယ်ပြောပြော
ငါကတော့နိုင်ငံအကောင်းဆုံး
တက္ကသိုလ်လို့သတ်မှတ်ထားတဲ့ ဒီမြို့ကတက္ကသိုလ်ကိုပဲရွေးချယ်ဖြစ်မယ်။"

အကြောင်းပြချက်ရေရေရာရာမရှိသော်ငြား
လည်း ဒီမြို့ကနေ ဘယ်အဝေးကိုမှထွက်မသွားချင်ပါ။

"အင်း။အဲ့ဒီတက္ကသိုလ်ရဲ့ဝင်ခွင့်အမှတ်က
အရမ်းမြင့်တယ်မဟုတ်လား။မင်းအတွက်တော့
လွယ်မှာပေါ့"

နှစ်ယောက်လုံးအောက်ထပ်ဧည့်ခန်းသို့ ပြန်လည်ရောက်ရှိသွားပြီး ချိုက်မင်ထန်းက ဆိုဖာပေါ်သို့ထိုင်ရင်း ပြောလိုက်သည်။

"ဝူရန် မင်းကငါ့ကိုလာနောက်နေတာလား။
ငါ့အတွက်လွယ်တယ်ဆိုတော့ မင်းအတွက်ကျ
မလွယ်ဘူးဆိုတဲ့ပုံနဲ့ပြောနေတာပဲနော်။မင်းက
အဆင့်တွေအရမ်းကောင်းတဲ့ စာဂျပိုးတစ်ယောက်ဆိုတာ ငါမသိလို့လား"

"ငါက အရမ်းကြိုးစားလို့ အဆင့်တွေကောင်းတာလေ။မင်းကကျ စာတောင်ကြည့်စရာလိုတာမဟုတ်ဘူး။မနာလိုစရာကောင်းလိူက်တာ။"

"လျှောက်ပြောနေတယ်။မင်းအဲ့ဒီကို
မတက်ဘဲ အနုပညာနှင့်ယဥ်ကျေးမှု ဆိုတဲ့တက္ကသိုလ်ကို တက်ချင်လို့ဉာဏ်များနေတာမဟုတ်လား။"

သူထိုသို့ပြောလိုက်တော့ ဝူရန်ကမျက်နှာလေး
ငိုင်ကျသွားကာ သူ့ကိုပြောလာသည်။

ထိုကောင်လေးအကြောင်းသူသိသည်။
ဝူရန်သည် အရင်တုန်းကသူနှင့်အတူနေစဥ်ကတည်းက တီဗွီကြည့်ရတာအရမ်းကြိုက်သည်။
နောက်ပြီးဇာတ်လမ်းကြည့်ပြီးတာနှင့်တီဗွီထဲ
ကထိုကိုကိုလိုမျိုးသရုပ်ဆောင်မင်းသားဖြစ်ချင်သည်ဟုပြောတတ်သေးသည်။ငယ်စဥ်အခါကလေးဘဝက ကစားသည့်အချိန်များတွင်လည်း အခြားကလေးများကဲ့သို့ သေနတ်ပစ်တမ်းတို့၊စက်ရုပ်များဖြင့်ကစားခြင်းတို့လို ကစားခြင်းမရှိပါဘဲ သူကြည့်ထားသောဇာတ်ကွက်အတိုင်း ပြန်သရုပ်ဆောင်တမ်းဆော့တတ်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now