ပိုင်ချင်းယွီက ပန်းကြိုက်တာလား?

ဤမေးခွန်း၏အဖြေကိုသူကိုယ်တိုင်လည်း သေချာမသိပေ။

ဦးလေးလီက ပိုင်ချင်းယွီကို သူပျိုးလိုသည့်ပန်းအမျိုးအစားကို စိုက်လို့ရလားဟုမေးစဥ်က
ပိုင်ချင်းယွီက အန္တာရယ်မရှိရင်စိုက်ပါဟုပြောနေတာကိုသူကြားဖူးသည်။

ထိုအချိန်မှစ၍ပန်းပင်များသည် ခြံထဲတွင်တစ်ဖြေးဖြေးတိုးပွားနေရာယူလာခဲ့သည်။
ပိူင်ချင်းယွီထိုပန်းလေးများကို တခါမျှသော်
မြတ်မြတ်နိုးနိုးထိကိုင်ခြင်းကိုမတွေ့ခဲ့ဘူးသလို ပန်းပင်များအနီးတွင်လည်းမမြင်ဖူးပါ။

သို့သော်ပန်းပင်များကို အမှန်တကယ်မနှစ်သက်ပါက သူ၏ခြံထဲတွင်ဘာကြောင့်ဤမျှများပြားလာသည်အထိခွင့်ပြုထားရသနည်း။မတွေးတတ်တော့ပါချေ။

"မင်ထန်း ငါအပေါ်ထပ်ကိုရော ကြည့်လို့ရလား
ငါအခန်းတွေထဲမဝင်ပါဘူး"

"မဟုတ်တာ လာလိုက်ခဲ့လေ"
ချိုက်မင်ထန်း ဦးဆောင်ကာ လီဝူရန်ကို အပေါ်ထပ်ဆီသို့ခေါ်သွားလိုက်သည်။

အိမ်တော်အပေါ်ထပ်သွားရာလှေကားဘောင်တန်းတွင်အနုပညာမြောက်သောလှသော ပန်းခက်များကိုလက်ရာ​မြောက်စွာအသေးစိတ်ရေးဆွဲထားသည်။ထိုမှတပါး အပေါ်ထပ်ကော်ရစ်ဒါတစ်လျှောက်ဘေးဘက်နံရံပေါ်တွင်အနည်းငယ်မော့ကြည့်ရလောက်သောအနေအထား၌ ပန်းချီကားတစ်ချပ်လည်းတည်ရှိသည်။ပန်းချီကားသည် အများကြီးစဥ်းစားတွေးတောစရာမလိုဘဲ အင်မတန်ရိုးရှင်းသည်။ညအမှောင်ကောင်းကင်ယံ၌လမင်း၏
တည်ရှိမှုမပါဝင်ဘဲကြယ်ရောင်စုံကလေးများ
တလက်လက်တောက်ပနေပုံကိုသာရေးချယ်ထားသည်။အောက်ခံအနက်နှင့်ကြယ်ကလေးများ၏ဖြစ်တည်မှုအဖြူကိုသာသုံးစွဲထားသောကြောင့် အရောင်နှစ်ရောင်သာပါဝင်သည်။

တိတ်ဆိတ်မှုကိုပေးသလို၊အထီးကျန်မှုကိုလည်း ခံစားရသည်။တပြိုင်တည်းတွင်သေးငယ်သော်လည်း ကိုယ်ပိုင်အစွမ်းအစဖြင့်ထွန်းတောက်ရမည်ဟုပါခံစားလိုက်ရသည်။
ပန်းချီဆရာကမည်ကဲ့သို့ခံစားချက်ဖြင့် ရေးဆွဲထားသလဲဆိုတာ သူမသိသော်ငြားလီဝူရန်ဆို
သည့်သူကတော့ ထိုသို့ဖြင့်သာတွေးလိူက်သည်။

I just wanna save you!!Please have mercy on me!!! Where stories live. Discover now