ခေတ္တကြာပြီးနောက် ကျိုးရှန့်မင်က ဖုန်းဆက်လာပြီး သူတို့ ဘယ်မှာ စားနေသလဲ လှမ်းမေးလာသည်။ ထုန်ရန့်က သူတို့ရောက်နေသည့်နေရာကို ပြောလိုက်သည်။ လင်ယွဲ့ဟွာက ကျိုးရှန့်မင်ထံမှ ဖုန်းကိုယူလိုက်ပြီး
"ထုန်ထုန်, ဒီနေ့ အန်တီ လူတွေအများကြီး အပြင်ထွက်နေတာကိုတွေ့လိုက်တယ် မင်းတို့ ကျိုးရှင်းကို သွားသင့်တယ်မထင်ဘူးလား? ၁၆ခရိုင် နဲ့ ၂၁ခရိုင်မှာရှိသည်။ ပိုနီးတဲ့နေရာကို သွားလိုက်ပေါ့။ စားပြီးရင်လည်း အချိန်မဖြုန်းပဲ ရှော့ပင်လည်း တစ်ခါတည်းထွက်လို့ရတယ်"

ကျိုးရှင်းသည် ကျိုးမိသားစုပိုင်သော ကုန်တိုက်တစ်ခုဖြစ်သည်။ လက်တွေ့တွင် ထုန်ရန့်အနေဖြင့် လူထူသောနေရာများကို သွားနိုင်ပြီဖြစ်သော်လည်း စားဖို့ပင်ဖြစ်ရာ မိနစ်အနည်းငယ်​လောက် ပိုစောင့်ရရုံဖြင့် ဘာမှထူးမည်မထင်ပေ။ သို့သော်လည်း လင်ယွဲ့ဟွာက စေတနာကောင်းကောင်းဖြင့် ညွှန်းဆိုနေခြင်းဖြစ်ရာ ထုန်ရန့် လက်ခံလိုက်သည်။
"ကျေးဇူး အန်တီ။ ဒါဆို ကျွန်တော်တို့ ကျိုးရှင်းကိုပဲ သွားလိုက်တော့မယ်"

သူ ထုန်ရန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထုန်ရန့်က လမ်းညွှန်ကို ကြည့်ရင်းဖြင့် ပြောလာသည်။
"၁၆ခရိုင်"

"ကောင်းတယ်၊ ကောင်းတယ်၊ အန်တီ သူတို့ကို အကြောင်းကြားလိုက်မယ်..အဲ့ဒါမှ သူတို့ ထွက်ကြိုလို့ရအောင်" လင်ယွဲ့ဟွာက ပြောလိုက်သည်။
"ကျိုးရှန့်မင်နဲ့ စကားပြောလိုက်ဦး"

ဖုန်းလိုင်း၏ တစ်ဖက်တွင် ကျိုးရှန့်မင်က ဖုန်းပြန်ကိုင်လာပြီး ထုန်ရန့်က ပြောလိုက်သည်။
"အစ်ကို.. အစ်ကိုက အိမ်ပြန်သွားတာလား?"..

ကျိုးရှန့်မင် : "အင်း ခုလေးတင်ရောက်တာ။ မင်းစားပြီးရင် ကိုယ့်ကို ဖုန်းခေါ်လိုက်၊ ကိုယ်လာကြိုမယ်၊ ပြီးရင် တူတူ အိမ်ပြန်ကြမယ်"

"အိုကေ" ထုန်ရန့် ဖြေလိုက်၏။

"အများကြီးမစားနဲ့ဦး၊ ထပ်ပြီး ဗိုက်အောင့်ဦးမယ်" ကျိုးရှန့်မင် သတိပေးလိုက်သည်။

ကျောင်းပိတ်ရက်တုန်းက ထုန်ရန့် ကျိုးမိသားစုအိမ်တွင် အစားများသွားပြီး အစာကြေဆေးသောက်ရသည်အထိဖြစ်သွားရသည်။ မနေ့ညကမှ သူနည်းနည်းပြန်သက်သာလာခြင်းဖြစ်သည်။ ထုန်ရန့် မျက်နှာနီသွားပြီး ကတိပေးလိုက်သည်။
"သိပါပြီ"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now