ep-42

1.1K 82 0
                                    

Unicode <<<

"နှုတ်ဆက်လိုက်ပါဦးကွာ..ဟားဟားဟား"

တွေတွေလေးရပ်နေသောbaekhyun ကို လက်တစ်ဖက်မှ ဆွဲယူကာ ခန္ဓာကိုယ်ကိုအနောက်မှသိုင်းဖက်ထားလိုက်သည်။ နားထင်ကိုသေနတ်ဖြင့်ထောက်ထားရင်း ရင်ခေါင်းသံကြီးဖြင့်အော်ရီနေခဲ့သည်။ ခအကုန်လုံး လန့်ဖျက်သွားပေမဲ့ အနောက်က တဖြေးဖြေး ကုန်းထလာတဲ့ Sehun ကြောင့် Chanyeol က စကားလမ်းကြောင်းစလွှဲပေးလိုက်သည်။

"ခဗျာ..Baekhyun ကိုလွှတ်လိုက်.."

"Chanyeol... Chanyeol မင်းအဲ့လိုပြောလိုက်တာနဲ့ ငါကလွယ်လွယ်လေးလွှတ်ပေးမယ်ထင်နေလား..ငါက အ့"

"Baekhyun hyung ပြေး.."

Chanyeol ကစကားလမ်းကြောင်းလွှဲနေတုန်း Sehunက အနောက်မှ ဝင်လုံးခြင်းဖြစ်သည်။ Mr.Parkရဲ့ သေနတ်ကိုင်ထားသော လက်ကို ရိုက်ချပြီး ဖမ်းချုပ်ခံထားရတဲ့ Baekhyun ကိုလွတ်မြောက်စေသည်။ Sehunနဲ့ ထိုလူက ရုံးရင်းဆန်ခတ်ဖြစ်နေသည်။ Sehunတွန်းထုတ်ပေးလိုက်တဲ့ Baekhyun ကိုChanyeolက လှမ်းဖမ်းလိုက်ပြီး ရင်ခွင်ထဲတွင် တင်းနေအောင် ဖက်ထားလိုက်သည်။

"မောင်.."

"ဘာမှ မဖြစ်ဘူး..baek အခုလုံခြုံသွားပြီ"

အသက်အရွယ်ချင်းရော ခန္ဓာကိုယ်ချင်းရောမ မျှတဲ့ နောက် ဂိုထောင်ကြမ်းပြင်ပေါ်တွင်ထိုသူလှဲကျသွားသည်။ လဲကျနေသော သူ့အပေါ်ကို Sehun တက်ခွလျက် 3ချက်ဆက်တိုက် ဆင့်ထိုးလိုက်သည်။ ပြီးမှ ကိုယ်ပေါ်က ဆင်းကာ.. Kai ရှိရာသို့ ထော့နဲ့နဲ့ ဖြင့်လျှောက်သွားလိုက်သည်။

တကယ်ပဲအားလုံးပြီးဆုံးသွားခဲ့ပြီလား။
ထိုသို့မဟုတ်ပါ။ ခြေထောက်နဲ့ ဝမ်းဗိုက်က ဒဏ်ရာတွေကြောင့်မလှုပ်နိုင်တဲ့ Kris က ရုတ်တရပ် Sehun ဆီကိုပြေးသွားလိုက်သည်။ အကုန်လုံးလဲ အကြောင်သားဖြစ်နေပေမဲ့ ။ Sehunရှေ့ရောက်ရောက်ခြင်း ပွေ့ဖက်ကာ ခန္ဓာကိုယ်ကို တစ်ဖက်ဆွဲလှည့်လိုက်သည်။

"ဒိုင်း..ဒိုင်း"

နှစ်ချက်ဆက်တိုက်ဆင့်ပြစ်လိုက်သော ကျည်ဆံ တို့က Kris ရဲ့ နောက်ကျောပြင်ကို ဖောက်၍ဝင်သွားခဲ့လေသည်။

"ဒိုင်း"

ရဲတပ်ဖွဲ့ရဲ့ နောက်ထပ်သေနတ်သံအဆုံးမှာ သေနတ်ကိုင်ထားသော Mr.park လဲ သေပွဲဝင်ခဲ့ရသည်။

💔Masochism💔(Completed) Where stories live. Discover now