ep-18(🔞🔞)

2.1K 73 0
                                    

Unicode <<<

"Kai oppa ဆေးရုံက ဆင်းရတော့မယ်ဆိုတော့ ဘယ်လိုလဲ..ပျော်လား"

"အင်း..ဆေးရုံမှာနေရတာ ငြီးငွေ့လာပြီ"

"အံမယ် ငြီးငွေ့တယ်တဲ့ ငြီးငွေ့တဲ့သူကလဲဘဆေးရုံမှာပဲ တစ်ရွာတစ်ကျီစောင့်တော့မလိုလို
"

"ဟင်.."

"ဟုတ်တယ်လေ sehun လာရင် Oppa မှာပြုံး
လို့ပျော်လို့ ချုပ်ရိုးကြောင့်ကိုက်တာခဲတာ တွေ တောင် သတိမရတော့ဘူးမှတ်လား.."

ပုလိပ်စစ် စစ်နေပါသောညီမ ဖြစ်သူကိုကြည့်ရင်းမျက်နှာတွေပူလာရသည်မှာ ကိုယ်ကိုတိုင်ပင်။ သူများပြောလဲ ပြောချင်စရာပဲလေ လွန်ခဲ့တဲ့ နှစ်လ လောက်က အကြောင်းစုံအကုန်သိသွားတဲ့ငယ်က ကျွန်တော်သာခွဲစိတ်မှုခံယူပြီးကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်ပေးမယ်ဆိုရင် အခွင့်ရေးနောက်တစ်ကြိမ်ပေးမယ်တဲ့။ ပြီးတော့ နေ့တိုင်းလဲ ဆေးရုံကိုလာစောင့်ပေးတယ်။ အဲ့တော့ ဒီလူက အကြင်နာပိုရပြန်ပြီလေ။ သူများတွေ အာပေါက်မတတ် ပြောတဲ့ ခွဲစိတ်ဖို့ကို အကြိမ်ကြိမ်ငြင်းခဲ့တဲ့ ကျွန်တော်က ငယ့်စကားတစ်ခွန်းနဲ့တင် ခွဲစိတ်မှုကို သဘောတူခဲ့တယ်။ ရလဒ်ကလဲ ကောင်းတော့ ပိုပြီးပျော်ရတာပေါ့။ အဲ့ချိန်ထဲက အခုထိ မျက်စိထောင့်ထောက်ပြီးလိုက်ကြည့်နေတဲ့ ညီမ ဖြစ်သူက နောက်ဆုံးတော့ ရိပ်မိသွားပြီထင်ပ။

"Oppa မှန်မှန်ပြော..Sehun နဲ့က.."

"ဘ ဘာလဲ.."

"ကြိုက်နေတာလား..Sehunnie ကို"

"အဟွတ် အဟွတ်.."

"ဖြေးဖြေးသောက် Oppa ရေ တော်ကြာငါ့အကို လင်မရပဲ အသက်ထွက်နေဦးမယ်"

"Yoona ကလဲ"

"Sehunnie ကအဖြေပေးပြီးပြီလား.."

"ဟူး..အမှန်တော့ ကိုယ်တို့က ဟိုးအရင်ထဲက သိတယ် ကြားထဲမှာ ကိုယ်က ငယ့်ကိုအများကြီးနာကျင်စေခဲ့မိလို့ ငယ်က ကိုယ့်ကို စိတ်နာနေတာ
နေပြန်ကောင်းရင် အခွင့်ရေးနောက်တစ်ကြိမ်ပေးမယ်တဲ့။ အဲ့တော့ မျှော်လင့်ချက်ရှိသေးတယ်လို့ပဲ ပြောရမှာပေါ့.."

"ဟင်းး..ငါ့သူငယ်ချင်းကြီးတော့ အသဲကွဲ ကျန်ရစ်တော့မယ်ထင်ပါတယ်"

💔Masochism💔(Completed) Where stories live. Discover now