ep-24

1.2K 89 2
                                    

Unicode <<<

"ကိုကြီး..ဒီနေ့အနောက်ဘက်ကသွားရအောင်"

"ဟျောင့်..အပြန်ကျရင် ငါတို့ game ဆိုင်ဝင်ရဦးမယ်နော်.."

"သိပါတယ်ဗျာ..ဟိုကောင်တွေနဲ့ မကျေပွဲ ချိန်းထားတာ ရေခဲမုန့်အဝစားတဲ့ "

"ဒီနေ့တော့ မိုက်ပြီပဲ  အဟိသေချာတယ် ငါတို့နှစ်ကောင်ကို ဘယ်သူမှ နိုင်မှာ မဟုတ်ဘူး"

"သွားကြမယ်လေ..အာ့ဆို"

"အေးအေး သွားမယ်"

at game ဆိုင်...

"မင်းတို့က နှစ်ယောက်ထဲ ဆိုတော့..ဟက် ငါတို့ အနိုင်ကျင့်နေသလိုများဖြစ်နေမလား"

အသက်ရွယ်တူပေမဲ့ အနည်းငယ်ကြီးတယ်လို့ထင်ရတဲ့ ကောင်လေး6ယောက်ထဲ မှ ခေါင်း
ဆောင်ဖြစ်ဟန်တူသော တစ်ယောက်က စကားစလေသည်။

"လေကျယ်မနေနဲ့ မင်းတို့ အကုန်လုံးပေးတယ်"
ဘယ်ခွေးမှ လူမထင်၊ over confidence အပြည့်နဲ့ ပြန်ပြောလိုက်တာက တစ်မိုးအောက်တစ်ယောက် ပြဿနာအိုး ထယ်ယန်း။

"အဟား..ကြိုက်ပြီလေ..ရှုံးတော့မှ မငိုကြေးနော်"

"ဗြောလ် တို့ရာဇဝင်မှာ ရှုံးတယ်ဆိုတာ မရှိဘူး..နော် ကိုကြီးထယ်ယန်း.."
အကောင်သေးသလောက် အမွှေစိန်ရာထူးကို အပိုင်စားရထားတဲ့ ထယ်ယန်းရဲ့ အမွှာညီ ဗြောလေး။

"သေချာတာပေါ့..ညီလေးရာ.."

"ကောင်းပြီလေ..အာ့ဆို စလိုက်ကြရအောင် Pa Pa's boys လေးတွေ...ဟား ဟား.."

"နောက်ဆုံးထိ အဲ့လို ရီနိုင်ပါစေ..ဟက်.."

.......

"ယေး...နိုင်ပြီ ကွ.."

"တောက်စ်.."

"အဟမ်း..ပေးမယ်..ပေးမယ်"

"ဘာကိုလဲ.."

"လောင်းကြေးလေ..ရေခဲမုန့်ဖိုး"

"အော်...ဟျောင့်တွေ ရေခဲ မုန့်ဖိုးတဲ့..အဟား..ဟား..ဟား.."

ထိုကောင်လေးစကားဦးစပြီး ရီတော့ သူရဲ့ သူငယ်ချင်းကောင်လေး ငါးယောက်လဲ ဝိုင်းရီကြတော့သည်။

"မင်းတို့..ဒါသက်သက် ညစ်တာပဲ.."

"ဟုတ်တယ်ကွာ..ဘာဖြစ်ချင်လဲ.."

💔Masochism💔(Completed) Where stories live. Discover now