💔Hurt💔

986 72 2
                                    

Unicode <<<<

တီ...တီ...တီ...

အချက်​ပေးသံ တတီတီ မြည်နေတဲ့ နှလုံးခုံစက်လေး။အပြေးအလွှား ကုသပေးနေကြတဲ့ဆရာဝန်ကြီးတွေ။သေမင်းနဲ့ အပြိုင်အသက်လုနေရ တဲ့ ကလေးငယ်လေး။အရေးပေါ် အခန်းအပြင်ဘက် မှန်ကနေ အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတဲ့ Baekhyun...

အရာအားလုံးငြိမ်ကျသွားတဲ့ တစ်ခဏ

"ဒေါက်..ဒေါက်တာ..."

"သေဆုံးချိန် 9:32 မိနစ် စိတ်မကောင်းပါဘူး Baekhyun shi.. ကျွန်တော်တို့ ကလေးကိုမကယ်နိုင်ခဲ့ဘူး တောင်းပန်ပါတယ်.."

"အားး...မဟုတ်ဘူး..မဟုတ်ဘူးလို့..Pa ရဲ့သားလေး...ညာနေတာ..ခဗျားတို့ အားလုံးညာနေကြတာ..သားလေးက မနေ့ကမှ အကောင်းကြီးရှိသေးတာ...ကျွန်တော့်ကို ကိတ်မုန့်တောင်..ခွံကျွေးနေတာ..အီး..ဟီး...ငါ့သားလေး..ဟင့်..အားး.."

"Baekhyun စိတ်ထိန်းစမ်း..hyung ပြောတာ..နားထောင်..ဟာကွာ..ကျစ်..ရက်စက်လိုက်ကြတာ..ကလေးငယ်လေးကိုမှ ဘာလို့..."

"H...Hyun...သား သားလေး...Hyunnie လေး..အဟင့်.."

"Baekhyun... ဟေ့ Baekhyun သတိထားစမ်း.."

ငိုရလွန်းလို့ လောကကြီးနဲ့ အဆက်သွယ်ပျက်သွားတဲ့ Baekhyun ။အရေးပေါ်ခန်းရှေ့က ကြမ်းပြင်မှာ..ပုံရက်သားလေး..ပြုတ်ချသွားတော့သည်။နာကျင်သည် ချစ်ရတဲ့ ကလေးငယ်ကို ဆုံးရှုံးရတဲ့ ခံစားချက်။ Pa မင်းကို သေချာမစောင့်ရှောက်ပေးနိုင်ခဲ့ဘူး။

'Pa တောင်းပန်ပါတယ် hyunnie'

"ဆရာဝန်ခေါ်..ဆရာဝန်ခေါ်ပေးကြပါ..ကျေးဇူးပြုပြီး..အား..Baekhyun.."

သတိမေ့လဲကျနေတဲ့ Baekhyun ကို တင်းနေအောင်ပွေ့ဖက်ထားပြီး ဆရာဝန်ခေါ်ပေးဖို့ အော်ပြောနေတဲ့ Lay ရဲ့အသံမှာလဲ ကျေကွဲမှုတွေ အပြည့်။အသွင်သွင်းစီးကျနေတဲ့ မျက်ရည်တွေနဲ့အတူ ဖြတ်သွားဖြတ်လာတွေ ဝိုင်းကြည့်နေကြမှာကိုလဲ သူဂရုမစိုက်နိုင်။ ဦးလေးဖြစ်တဲ့ ကိုယ်တောင်ဒီလောက်ခံစားရ ရင်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ Baekhyun ဆို ဘယ်လိုတောင်နေမလဲ။

"Baekhyun လေးရယ်..Hyung ဘယ်လိုလုပ်ရမလဲ... မင်းကို သနားလွန်းလို့.. hyung ဘယ်လိုတောင် လုပ်ရပေါ့မလဲကွာ..."
.....

💔Masochism💔(Completed) Where stories live. Discover now